22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, May 25, 2012

ဂိုးဖမ်း စွမ်းရည်ရော၊ ဂိုးသွင်း စွမ်းရည်ပါ ထက်မြက်သည့် ဆက်ဇနီ

အာဆင်နယ် အနေဖြင့် ရော်ဘင် ဗန်ပါစီအား ယခု နွေရာသီတွင် ဆုံးရှုံး ရသည့်တိုင် ဝေါ့ဆစ်ခ်ျ ဆက်ဇနီ ရှိနေခြင်းကြောင့် ဂိုးသွင်း ယူမှုတွင် စိတ်ပူစရာ မရှိဟု မီဒီယာ များက အရွှမ်းဖောက် ရေးသား ခဲ့ကြသည်။

ပိုလန် မီဒီယာများက နိုင်ငံ လက်ရွေးစင် အသင်းနှင့် အတူ လေ့ကျင့်ခန်း ဆင်းနေစဉ် ဂိုးသမား ဆက်ဇနီ၏ ဂိုးသွင်းမှု စွမ်းရည်အပေါ် ချီးကျူး ဖော်ပြခဲ့ကြသည်။ အာဆင်နယ် ပရိသတ် အနေဖြင့် လူငယ် ဂိုးသမား၏ ဂိုးမပေးရရန် ကာကွယ်နိုင်မှု စွမ်းရည် ကောင်းများနှင့် ရင်းနှီး ကျွမ်းဝင်ပြီး ဖြစ်သည့်တိုင် ကိုယ်တိုင် ဂိုးသွင်းယူနိုင်သည့် စွမ်းရည်များ အတွက်မူ YouTube မှ မှတ်တမ်း ဗီဒီယိုကြောင့် အံ့ဩရဖွယ် ရှိနေသည်။ ဆက်ဇနီသည် ပိုလန် အသင်းနှင့် အတူ လေ့ကျင့်နေရင်း ဘောလုံးကို ဂိုးတိုင်နှင့် ထောင့်ဖြတ်နီးပါး အနေအထားမှ လှပသော ကန်ချက် တစ်ခုဖြင့် ဂိုးသွင်းခဲ့သည်။


ခြေတစ်ချောင်းပေါ် အသေ ရပ်နေပြီး ကျန်ခြေထောက်ဖြင့် နောက်ဘက်မှ ထိုးကန်လိုက်သော ဘောလုံးသည် ဂိုးတိုင်ကို တည့်တည့်မှန်ကာ ဂိုးဝင်သွားသည်။ ဆက်ဇနီ ကိုယ်တိုင်လည်း ၎င်း၏ စွမ်းဆောင်မှုကို မယုံမကြည် ဇဝေဇ၀ါ ဖြစ်သွားဟန်ဖြင့် ဟိုကြည့်ဒီကြည့် လျှောက်ကြည့်နေသည်။ ထို့နောက်တွင်မှ ဗီဒီယို မှတ်တမ်း တင်နေသည်ကို တွေ့ရှိသွားပြီး အလွန် ၀မ်းသာသွားသည်။ ၎င်းသည် မိမိ၏ ကန်ချက်ကို Replay ပြန်လည် ပြသရန် ဗီဒီယို သမားအား တောင်းဆို ခဲ့ကြောင်းလည်း သိရှိရသည်။
Ref: The Sun
ဆက်ဇနီသည် ပိုလန် အသင်းနှင့် အတူ လေ့ကျင့်နေရင်း ဘောလုံးကို ဂိုးတိုင်နှင့် ထောင့်ဖြတ်နီးပါး အနေအထားမှ လှပသော ကန်ချက် တစ်ခုဖြင့် ဂိုးသွင်းခဲ့...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )