22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, May 25, 2012

မာတီ နက်ဇ်အား ခေါ်ယူပါက ပေါင်စတာလင် (၃)သန်းမျှ လျော်ကြေး ပေးရမည့် လီဗာပူးလ်

ရောဘတ်တို မာတီနက်ဇ်ကို မန်နေဂျာ ရာထူးတွင် ခန့်အပ်ရန် အတွက် လီဗာပူးလ် အနေဖြင့် လျော်ကြေးသက်သက် ပေါင်စတာလင် (၃)သန်းမျှ အကုန်အကျ ခံရမည်ဟု သိရှိရသည်။

ရာသီသိမ်း ကာလများတွင် ၀ီဂန်အသင်းကို အံ့ဩဖွယ်ရာ ခြေစွမ်း ထက်မြက်အောင် ဦးဆောင် ပြခဲ့သော စပိန်သားသည် ကြာသပတေးနေ့ ညက မန်နေဂျာသစ် ရှာဖွေနေသော လီဗာပူးလ် တာဝန် ရှိသူများနှင့် ဆွေးနွေးခဲ့သည်။ ဂျာဂင်ကလော့၊ ဂျိုးဆက် ဂွာဒီယိုလာ၊ ဖရန့်ဒီဘိုးဝါး၊ ဒီဒီရာ ဒက်စ်ချမ့် အစရှိသည့် နာမည်ကျော် နည်းပြများနှင့် ဆွေးနွေးမှု အဆင်မပြေ ဖြစ်လာသည့်နောက် လီဗာပူးလ်က မာတီနက်ဇ်ထံ ချဉ်းကပ်ခဲ့ခြင်း ဖြစ်သည်။ မာတီနက်ဇ်သည် လီဗာပူးလ် အသင်းပိုင်ရှင် အမေရိကန် သူဌေးများ ဖြစ်ကြသော ဂျွန်ဟင်နရီ၊ တွမ်ဝါနာတို့နှင့် ဆွေးနွေးရန် မီယာမီသို့ လေယာဉ်ဖြင့် ထွက်ခွာ သွားခဲ့သည်။
မာတီနက်ဇ်နှင့် လီဗာပူးလ်သူဌေး ဂျွန်ဟင်နရီ

အဆိုပါ သူဌေး နှစ်ဦးသည် လာမည့် သီတင်းပတ်တွင် အင်္ဂလန်သို့ လာရောက်ကာ ဆွမ်ဆီး မန်နေဂျာ ဘရန်ဒန် ရော့ဂျာနှင့်လည်း ဆွေးနွေးမည် ဖြစ်သည်။ ၀ီဂန်အသင်း ဥက္ကဋ္ဌ ဒေ့ဗ်ဝှီလန်က လီဗာပူးလ် အနေဖြင့် မာတီနက်ဇ်ကို ခေါ်ယူမည် ဆိုပါက မိမိတို့ ပိတ်ပင်မည် မဟုတ်သော်လည်း သတ်မှတ်သော လျော်ကြေးကိုမူ ပေးချေ ရမည်ဟု သတိပေးခဲ့သည်။ ၀ှီလန်က "လီဗာပူးလ်ဟာ မာတီနက်ဇ်ရဲ့ စာချုပ်ကို ၀ယ်ယူရမှာ ဖြစ်ပါတယ်။ ဒါဟာ ပေါင်စတာလင် (၃)သန်း တန်ကြေးရှိတယ်။ ဒါပေမဲ့ လီဗာပူးလ်က မာတီနက်ဇ်ကို တကယ် လိုချင်ရင် ဒီအတွက် ပေးမှာပါ။ ကျွန်တော့်ဘက်ကလည်း မာတီနက်ဇ်ကို လွတ်လွတ်လပ်လပ် ဆွေးနွေးဖို့ ခွင့်ပြု ထားခဲ့ပါတယ်" ဟု ပြောဆိုသွားသည်။

အသက်(၃၈)နှစ်ရှိ မာတီနက်ဇ်ကို အက်စ်တန်ဗီလာ အသင်းကလည်း ချိတ်ဆက်နေသည်။ ၀ှီလန်က မာတီနက်ဇ်အား အသင်းတွင် ဆက်နေမနေ ဆိုသည်ကို ဘာဘေးဒိုးစ်မှ မိသားစု အပန်းဖြေ ခရီး ပြန်လာချိန်တွင် တစ်ပတ်အတွင်း ဆုံးဖြတ်ပေးရန် တောင်းဆိုထားသည်။
Ref: The Sun
လီဗာပူးလ်ဟာ မာတီနက်ဇ်ရဲ့ စာချုပ်ကို ၀ယ်ယူရမှာ ဖြစ်ပါတယ်။ ဒါဟာ ပေါင်စတာလင် (၃)သန်း တန်ကြေးရှိတယ်။ ဒါပေမဲ့ လီဗာပူးလ်က မာတီနက်ဇ်ကို တကယ်လိုချင်ရင် ဒီအတွက် ပေးမှာပါ...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )