QPR အသင်း အနေဖြင့် (၁၂)ပွဲပယ် ပြစ်ဒဏ် ကျခံ ထားရသော အသင်းခေါင်းဆောင် ဂျိုယေး ဘာတန်ကို အသင်းမှ ထုတ်ပယ်ရန် ဆန္ဒ ရှိနေသည့်တိုင် ပေါင်စတာလင် (၁၁)သန်းမျှ ဆုံးရှုံးရမည့် အနေအထားကြောင့် အကျပ် တွေ့နေကြောင်း သိရှိရသည်။
ဘာတန်သည် မန်ချက်စတာ စီးတီးနှင့် ပွဲစဉ်တွင် အားကစားသမား မပီသသည့် အကြမ်းပတမ်း လုပ်ရပ်များကြောင့် ပြင်းထန် ရှည်လျားသည့် ပွဲပယ် ပြစ်ဒဏ်ကို ချမှတ်ခြင်း ခံခဲ့ရသည်။ ၎င်းသည် QPRအတွက် ရာသီဝက် နီးပါးမျှ ကစား နိုင်တော့မည် မဟုတ်သလို စည်းကမ်းပိုင်း အားနည်းချက်များလည်း ဆက်လက် တည်ရှိနေရာ အသင်းက ၎င်းကို ထုတ်ပယ်ရန် လိုလားနေသည်။ သို့သော်လည်း အသက်(၂၉)နှစ်ရှိ ဘာတန်သည် တစ်ပတ် ပေါင်စတာလင် (၇၀၀၀၀)တန် စာချုပ်၏ (၃)နှစ်သက်တမ်း ကျန်ရှိနေသေးရာ စုစုပေါင်း လျော်ကြေး ပေါင်စတာလင် (၁၁)သန်းမျှ ပေးချေရမည့် သဘော ဖြစ်နေသည်။
၁၂ ပွဲပယ် ပြစ်ဒဏ်ခံထားရသည့် ဘာတန်
QPRသည် ယင်းအနေအထား အတွက် ရှေ့တိုးရန် ချိန်ဆ စဉ်းစားနေရသည်။ ထို့အပြင် QPRအနေဖြင့် ကစားသမားအား ဒဏ်ရိုက်ရေးတွင်လည်း ပြဿနာ ဖြစ်နေသည်။ အသင်းတစ်သင်းသည် ကစားသမား တစ်ဦးအတွက် အလွန်ဆုံး (၂)ပတ်စာ လုပ်ခသာ ဒဏ်ရိုက်၍ ရသော်လည်း QPRက ဘာတန်သည် စွဲချက်နှစ်ခုအတွက် အပြစ်ရှိကြောင်း ပြစ်ဒဏ် ချမှတ်ခံရခြင်းကြောင့် အမြင့်ဆုံး ချမှတ်နိုင်သည့် ဒဏ်ကြေးကို နှစ်ဆ မြှင့်တင်ရန် အလို ရှိနေသည်။ သို့တိုင်အောင် အသင်းက ဘာတန်ကို အမြင့်ဆုံး ရိုက်နိုင်မည့် ဒဏ်ငွေသည် ပေါင်စတာလင် (၂၈၀၀၀၀)သာ ရှိနေမည်ဖြစ်သည်။
Ref: The Sun
ဘာတန်သည် တစ်ပတ် ပေါင်စတာလင် (၇၀၀၀၀)တန် စာချုပ်၏ (၃)နှစ်သက်တမ်း ကျန်ရှိနေသေးရာ စုစုပေါင်း လျော်ကြေး ပေါင်စတာလင် (၁၁)သန်းမျှ ပေးချေရမည့် သဘော ဖြစ်နေ...
9:04 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com