22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, May 24, 2012

ဒရော့ဂ်ဘာ နေရာအတွက် ဒမ်ဘီအာနှင့် ဟော့ခ်တို့အား ချယ်လ်ဆီး ပစ်မှတ်ထားနေ

ချယ်လ်ဆီး အသင်းသည် ဒီဒီရာ ဒရော့ဂ်ဘာ နေရာကို အစားထိုးရန် အတွက် ဆီဒေါ ဒမ်ဘီအာနှင့် ဟော့ခ်တို့ နှစ်ဦးအား ဆက်သွယ်နေကြောင်း သိရှိရသည်။

ဒမ်ဘီအာသည် CSKA မော်စကို အသင်းတွင် ခြေစွမ်း ပြနေပြီး ၎င်းသည် ဒရော့ဂ်ဘာ၊ ချယ်လ်ဆီး တိုက်စစ်မှူး ဆော်လမန် ကာလူးတို့နှင့် အတူ အိုင်ဗရီကို့စ် လက်ရွေးစင် အသင်းတွင် တွဲဖက် ကစားဖူးသည်။ အသက်(၂၄)နှစ်သာ ရှိသေးသော ဒမ်ဘီအာ၏ ပြောင်းရွှေ့ကြေးကို ရုရှား ကလပ်က ပေါင်စတာလင် (၂၆)သန်းမျှ သတ်မှတ်ထားသည်။ မန်ချက်စတာ စီးတီး အသင်းသည်လည်း ဒမ်ဘီအာ၏ အနေအထားကို စောင့်ကြည့်လျှက် ရှိသည်။ ချယ်လ်ဆီးသည် ယခုနွေရာသီတွင် ဒရော့ဂ်ဘာရော၊ ကာလူးပါ အသင်းမှ ထွက်ခွာဖွယ် ရှိခြင်းကြောင့် တိုက်စစ်အင်အား ဖြည့်တင်းရန် စီစဉ်နေခြင်း ဖြစ်သည်။
ချယ်လ်ဆီးမှ စိတ်ဝင်စားနေပြန်သည့် ဟော့ခ်

ပေါ်တူဂီ ကလပ် ပေါ်တိုတွင် ကစားနေသော ဘရာဇီးလ် လက်ရွေးစင် ဟော့ခ်သည်လည်း ယခုအခါ ချယ်လ်ဆီးနှင့် ဆက်သွယ်နေသည်။ ချယ်လ်ဆီးသည် ပေါင်စတာလင် (၃၅)သန်းမျှဖြင့် အသက်(၂၅)နှစ်ရှိ ကစားသမားအား ၀ယ်ယူရန် ကြိုးပမ်းနေသည်။ လာမည့် ရာသီတွင် ချယ်လ်ဆီး အတွက် တင်းပြည့်ကျပ်ပြည့် တိုက်စစ်မှူး စစ်စစ်သည် ဖာနန်ဒို တောရက်စ် တစ်ဦးတည်းသာ ရှိခြင်းကြောင့် ဟော့ခ်ကိုလည်း အသင်းက စိတ်ဝင် စားနေခြင်း ဖြစ်သည်။ ဟော့ခ်အတွက် ပြောင်းရွှေ့ကြေးကို ပေါ်တိုက ပေါင်စတာလင် သန်း(၈၀) သတ်မှတ် ထားသော်လည်း ယင်း၏ ထက်ဝက်အောက် ဈေးဖြင့်သာ အရောင်းအ၀ယ် ဖြစ်လာဖွယ် ရှိနေသည်။

အခြားသော သတင်းများအရ အီတလီ စီးရီးအေ ချန်ပီယံ ဂျူဗင်းတပ်စ်သည် ဒရော့ဂ်ဘာကို ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။ ဒရော့ဂ်ဘာသည် တရုတ်ကလပ် ရှန်ဟိုင်းဆင်ဟွာနှင့် စာချုပ်ရန် ဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း ဂျူဗင်းတပ်စ်က ၎င်းကို အလို ရှိနေခြင်း ဖြစ်သည်။ ဂျူဗင်းတပ်စ်သည် ၀ါရင့် ဂန္ထ၀င်ကြီး အလက်ဇန္ဒရို ဒယ်လ်ပီယာရိုကို အသင်းမှ ထွက်ခွာရန် ခွင့်ပြု ထားသည့်နောက် ကမ္ဘာ့အဆင့် တိုက်စစ်မှူးသစ် တစ်ဦးအား ရှာဖွေနေဆဲဖြစ်သည်။
Ref: Daily Mail, The Sun
အသက်(၂၄)နှစ်သာ ရှိသေးသော ဒမ်ဘီအာ၏ ပြောင်းရွှေ့ကြေးကို ရုရှားကလပ်က ပေါင်စတာလင် (၂၆)သန်းမျှ သတ်မှတ်ထား...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )