22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, May 24, 2012

ပရီးမီးယားလိဂ်၏ တိုက်စစ် အားပြုလာမှုကို ဆက်ဇနီ နှစ်သက်နေ

အာဆင်နယ် ဂိုးသမား ဝေါ့ဆစ်ခ်ျ ဆက်ဇနီက ပရီးမီးယား လိဂ်တွင် တိုက်စစ် အသားပေး ကစားဟန်ကို အားပြုလာခြင်း အပေါ် ကျေနပ်မိကြောင်း ပြောဆိုခဲ့သည်။

၎င်းက အင်္ဂလန် ပရီးမီးယားလိဂ်သည် ကမ္ဘာပေါ်တွင် တိုက်စစ် စွမ်းရည်ကို အမြင့်မားဆုံး ပြသနိုင်သည့် ပါရမီရှင် များကို မွေးထုတ် ပေးနေကြောင်း သုံးသပ်ခဲ့သည်။ ကုန်ဆုံး သွားခဲ့သော ဘောလုံး ရာသီအတွင်း ထိပ်တန်း အသင်းများ အားပြိုင်မှုတွင် မန်ချက်စတာ စီးတီးက မန်ချက်စတာ ယူနိုက်တက်အား (၆-၁)ဖြင့် အနိုင် ရခဲ့သလို မန်ယူကလည်း အာဆင်နယ်အား (၈-၂)ဖြင့် အနိုင် ကစားခဲ့သည်။ ချယ်လ်ဆီးနှင့် မန်ယူတို့ ကစား ရာတွင်လည်း တစ်ဖက် (၃)ဂိုးစီ သရေ ကျခဲ့ရာ ထိပ်တန်း အသင်းများ ရင်ဆိုင်စဉ် သွင်းဂိုးပမာဏ သိသိသာသာ များပြားခဲ့သည်။
အာဆင်နယ် ဂိုးသမား ဝေါ့ဆစ်ခ်ျ ဆက်ဇနီ

ပိုလက် လက်ရွေးစင် ဂိုးသမား ဆက်ဇနီက "ပရီးမီးယားလိဂ်ရဲ့ တိုက်စစ်သမားတွေကို ချီးကျူး သင့်ပါတယ်။ ဒီရာသီမှာ အသင်းတွေဟာ ဂိုးတွေ အများကြီး သွင်းနိုင်သလို ဂိုးတွေလည်း ပေးခဲ့ရတယ်။ ပရီးမီးယားလိဂ်ရဲ့ ကစားဟန်ဟာ ပိုပြီး တိုက်စစ် အားပြုလာတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါဟာ ပြိုင်ပွဲကိုလည်း အကျိုး ဖြစ်ထွန်းစေတယ်လေ။ ပြီးတော့ ဘယ်အသင်း ပရိသတ်မှ ကိုယ့်အသင်းဟာ ပြိုင်ဘက်ကို သေချာပေါက် နိုင်မယ်လို့ တွေးမရနိုင်အောင် ဖြစ်လာစေပါတယ်" ဟု သုံးသပ်ခဲ့သည်။

၎င်းက "၀ီဂန်ကို ကြည့်ပါ။ သူတို့ဟာ မန်ယူကိုရော၊ ကျွန်တော်တို့ကိုပါ အနိုင် ကစားခဲ့တယ်။ သူတို့ဟာ တိုက်စစ်ကို ပိုပြီး ဖွင့်ကစားခဲ့တာ မြင်နိုင်ပါတယ်။ အသင်းတိုင်း၊ ကစားသမားတိုင်းဟာ ခုရာသီမှာ ကိုယ်စွမ်း ရှိသလောက် တိုက်စစ်ဆင် ကစား လာတယ်လို့ ကျွန်တော် ထင်ပါတယ်" ဟုလည်း ပြောကြားသွားသည်။
Ref: Goal
ဒီရာသီမှာ အသင်းတွေဟာ ဂိုးတွေ အများကြီး သွင်းနိုင်သလို ဂိုးတွေလည်း ပေးခဲ့ရတယ်။ ပရီးမီးယားလိဂ်ရဲ့ ကစားဟန်ဟာ ပိုပြီး တိုက်စစ် အားပြုလာတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါဟာ ပြိုင်ပွဲကိုလည်း အကျိုး ဖြစ်ထွန်းစေတယ်လေ...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )