22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, May 28, 2012

မြစ်ကြီးနားနှင့်ဝိုင်းမော်စခန်းများတွင် ဒုက္ခသည်ဦးရေများလာ၍ ရေရှားပါးမှုပြဿနာကြုံတွေ့နေရ

ကချင်ပြည်နယ် မြစ်ကြီးနားနှင့် ၀ိုင်းမော်ရှိ ဒုက္ခသည်စခန်းများတွင် ရေရှားပါးမှုပြဿနာများကြုံတွေ့နေကြောင်း ဒုက္ခသည်စခန်းတာဝန်ခံများက ဆိုသည်။

အစိုးရမဟုတ်သည့် လူမှုရေးအဖွဲ့အစည်းများ (NGO) က သောက်သုံးရေများ ကူညီပေးနေသော်လည်း လုံလောက်မှုမရှိကြောင်းကိုလည်း သိရသည်။

ကချင်လွတ်မြောက်ရေအဖွဲ့(KIO)နှင့် မြန်မာအစိုးရအကြားတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ဒုက္ခသည်စုစုပေါင်း- ၇၀၀၀၀ ကျော် (ခုနှစ်သောင်းနှင့်အထက်)ရှိနေပြီး ယခင်ထက် ပိုမိုများပြားလာကာ ၎င်းတို့အတွက် စခန်းသစ်များထပ်မံ တည်ဆောက်နေကြောင်းကိုလည်း  သိရှိရသည်။

မြစ်ကြီးနားမြို့ရှိ ဂျန်မိုင်ကော့ရပ်ကွက် ဒုက္ခသည်စခန်းတွင် ရေရှားပါးမှုပြဿနာများ ကြုံတွေ့နေကြောင်း ဒုက္ခသည်စခန်း    တာဝန်ခံဆရာအောင်မြတ်က ဆိုသည်။

“ရေက လုံးဝ လုံလောက်မှု မရှိဘူး။ ကျွန်တော်လည်း အထက်ကို သောက်သုံးရေအတွက် မတင်ပြလိုက်မိဘူး။   ရေတွင်းတူးဖို့ ကျွန်တော်ကြောက်တယ်လေ။ ကလေးတွေက အရမ်းများတော့ ကြောက်တယ်။” ဟု ၄င်းက ပြောသည်။

ဂျန်မိုင်ကော့ဒုက္ခသည်စခန်းတွင် စစ်ထွက်ပြေးတိမ်းရှောင်လာသူ စုစုပေါင်းလူဦးရေ(၇၀၀)နီးပါး လာရောက် ခိုလှုံနေပြီး ပေ(၄၀)ရှိ ရေကန်တစ်တွင်းတည်းမှ သောက်သုံးရေ၊ ရေချိုးခြင်း၊ မီးပူချောင်များအတွက် အသုံးပြု   နေရခြင်းသည်။

“ဘယ်လိုမှ ရေက မလောက်တာ။ ၂ နာရီလောက်ပဲ ရေစုတ်လို့ရတယ်လေ။  မနက် (၇)နာရီဆို အကုန်အစင် အပြောင်ပါဘဲ။ အိမ်သာအတွက်လည်း ရေကန်က တစ်ခုတည်းပဲ ရှိတော့ ရေက အခက်အခဲရှိနေတယ်။” ဟု စခန်းတာဝန်းခံက  ဆက်ပြောသည်။

အဆိုပါ ရေရှားပါးမှုကြောင့် ဒုက္ခသည်များသည် ရေချွေတာ အသုံးပြုနေရကြောင်းကိုလည်း သိရသည်။
“ရေက အဆင်မပြေဘူး။   ရေချိုးချင်လည်း မချိုးရဘူး။ မီးပူချောင်၊ အိမ်သာ၊ ရေချိုးခန်း၊ ဝတ်ခြံတွေမှာလည်း   ရေသုံးရတယ်ဆိုတော့    ညနေဆို ရေနည်းနည်းလေးပဲ ရှိတော့တယ်။ မျက်နှာပဲ သစ်ယူတယ်။ ညနေဆို   ရေမချိုးရဘူး။   အိုက်က အိုက်တာနဲ့။ သောက်ရေလည်း အဲ့တာပဲ။” ဟု ၎င်းစခန်းမှ ဒုက္ခသည်တစ်ဦးက
ပြောသည်။

ရေဘုံဘိုင်မှ ရေစုတ်ယူနေရသဖြင့် ရေတွင် သဲနှုန်းများစွာပါရှိနေကြောင်းနှင့် သောက်ရေအတွက်ကိုမူ အချိန်ယူ ၍ ရေစစ်ထားကာ သောက်သုံးနေရကြောင်း သိရသည်။

“ထမင်းစားပြီးပြီဆို ကလေးတွေက ထမင်းစား၊ ကိုယ့်ပန်းကန်နဲ့ ရေထဲသွားနှိုက်၊ အဲ့ဒီ ပန်းကန်နဲ့ပဲ ရေပြန်ခပ်   သောက်တော့    ရေက ညစ်ပတ်နေပြီလေ၊ အရမ်းခက်ခဲတယ်။” ဟု နောက်ထပ် ဒုက္ခသည်အမျိုးသမီးတစ်ဦးက ဆိုသည်။

ဝိုင်းမော်မြို့နယ်တွင်းရှိ ဒုက္ခသည်စခန်းအချို့များတွင်လည်း သောက်သုံးရေရှားပါးမှုနှင့် ရေလုံလောက်မှု မရှိသဖြင့် အခက်အခဲများ ရင်ဆိုင်နေရကြောင်း သိရသည်။

“ခုရေတွင်းတစ်ခု ပြန်တူးတယ်။ (၁၆)သိန်းကုန်တယ်။ ချိုးရေက မြစ်မှာသွားချိုးလို့ရတယ်။ သောက်ရေပေါ့။ ခက်နေတာ။” ဟု ဝိုင်းမော်မြို့ နှစ်ခြင်းခရစ်ယာန် ဒုက္ခသည်စခန်းမှ တာဝန်ခံ ဆရာဆော်ယောက ပြောသည်။

အဆိုပါ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ကချင်ပြည်နယ်အတွင်းတွင် စစ်ပြေးဒုက္ခသည်များ ပိုမိုများလာလျက်ရှိနေကြောင်း သိရသည်။

ဂျာတော့(ပ်) (မြစ်မခ)
by Myit Makha Mediagroup on 28 May, 2012
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )