22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, May 24, 2012

ဟာဇက်ကို ပိုင်ဆိုင်ရေး ကြိုးပမ်းမှုတွင် ပါဝင်လာသော အာဆင်နယ်

အီဒင်ဟာဇက်အား ရရှိရေး အပြိုင် ကြိုးပမ်းနေသော အသင်းများတွင် အာဆင်နယ်လည်း ပါဝင်လာကြောင်း သတင်းများက ဖော်ပြခဲ့သည်။

အသက်(၂၁)နှစ်ရှိ ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမားလေးအား လက်ရှိတွင် မန်ချက်စတာ ယူနိုက်တက်၊ မန်ချက်စတာ စီးတီးနှင့် ချယ်လ်ဆီးတို့က အပြိုင် ချိတ်ဆက်နေသည်။ ယခုအခါ အာဆင်နယ် အသင်းသည်လည်း လိုင်လီက ပေါင်စတာလင် (၃၂)သန်း ပြောင်းရွှေ့ကြေး သတ်မှတ်ထားသော Playmakerလေးအား စိတ်ဝင်တစား ရှိလာကြောင်း သိရှိရသည်။ အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးသည် ပြင်သစ်လီဂူး တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမား ဆုကို (၂)နှစ်ဆက် ရရှိခဲ့သည့် ဟာဇက်ကို နွေရာသီ ပစ်မှတ် တစ်ခုအဖြစ် သတ်မှတ် လာခဲ့သည်။

အာဆင်နယ်သည် ယခုရာသီတွင် ပြောင်းရွှေ့ကြေး မြင့်မြင့်မားမားဖြင့် ကစားသမားသစ် ခေါ်ယူမှုများ ပြုလုပ်လာဖွယ် ရှိနေပြီး ဘိုရပ်ရှားဒေါ့တ်မန် ကွင်းလယ်လူ မာရီယို ဂေါ့ဇီကိုလည်း ချိတ်ဆက် ခဲ့သေးသည်။ သို့သော်လည်း ပေါင်စတာလင် သန်း(၃၀)တန် လူငယ် ကြယ်ပွင့်က ဂျာမနီတွင်သာ ဆက်ကစားရန် ဆုံးဖြတ် ခဲ့သည့်နောက် အာဆင်နယ်သည် ဟာဇက်ကို ချိန်ရွယ် လာခဲ့သည်။ အာဆင်နယ် အတွက် အဓိက ပြဿနာ တစ်ရပ်မှာ မန်စီးတီးက ဟာဇက်အား တစ်ပတ်လုပ်ခ ပေါင်စတာလင် နှစ်သိန်းထိ ပေးချေမည်ဟု လေသံပစ်နေခြင်း ဖြစ်သည်။ အာဆင်နယ်သည် အသင်းခေါင်းဆောင် ရော်ဘင် ဗန်ပါစီအတွက် စာချုပ်သစ် ကမ်းလှမ်းရာတွင်ပင် တစ်ပတ် ပေါင်စတာလင် တစ်သိန်း သုံးသောင်းထက် ပိုပေးရန် ငြင်းဆိုမှုကြောင့် ညှိနှိုင်းမှုများ မအောင်မြင်သေးဘဲ ရှိနေသည်။

ဟာဇက်၏ အေးဂျင့် ဖြစ်သူက ၎င်း၏ ကစားသမားသည် အသင်း(၃)သင်းနှင့် ညှိနှိုင်း သဘောတူညီမှု ရရှိထားပြီး တိကျ ပြတ်သားသော ရွေးချယ်မှုကို ဇွန်လဆန်းတွင် ကြေညာမည်ဟု ပြောကြားထားသည်။
Ref: Daily Star
အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးသည် ပြင်သစ်လီဂူး တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမား ဆုကို (၂)နှစ်ဆက် ရရှိခဲ့သည့် ဟာဇက်ကို နွေရာသီ ပစ်မှတ် တစ်ခုအဖြစ် သတ်မှတ် လာခဲ့...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )