22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, May 24, 2012

လမ်းပတ်ကို သက်တမ်းတိုး စာချုပ်ရန် ချယ်လ်ဆီးစီစဉ်

ချယ်လ်ဆီး အသင်းသည် ကွင်းလယ်လူ ဖရန့်ခ် လမ်းပတ်ကို စာချုပ်သက်တမ်း တိုးရန် စီစဉ်နေကြောင်း သိရှိရသည်။

အသင်း အမှုဆောင်ချုပ် ရွန်ဂေါ်လေသည် လမ်းပတ် အပါအ၀င် ၀ါရင့် ကစားသမား အချို့ကို အသင်းတွင် ဆက်လက် ထိန်းသိမ်းသွားရန် စတင် လုပ်ဆောင်နေပြီ ဖြစ်သည်။ ဂေါ်လေ၏ သက်တမ်းတိုး စာချုပ်ရေး စီမံကိန်းတွင် လမ်းပတ်အပြင် ကွင်းလယ်လူ မိုက်ကယ် အက်ဆီယန်၊ တောင်ပံသမား ဖရန့်ခ် မာလူဒါတို့လည်း ပါဝင်နေသည်။ ဂေါ်လေသည် ဟိုဆေး ဘော့ဆင်ဝါနှင့် ဆော်လမွန် ကာလူးတို့ကို အသင်းမှ ထွက်ခွာခွင့် ပေးမည့် ကြေညာချက်ကိုလည်း ထုတ်ပြန်ဖွယ် ရှိနေသည်။ ချန်ပီယံလိဂ် သူရဲကောင်း ဒီဒီရာ ဒရော့ဂ်ဘာမှာမူ စတမ်းဖို့ဒ်ဘရစ်ဂ်ျကို ကျောခိုင်းရန် ဆုံးဖြတ်ပြီး ဖြစ်သည်။
ချန်ပီယံ ဆုဖလားနှင့် လမ်းပတ်

အသက် (၃၃)နှစ်ရှိ လမ်းပတ်သည် လက်ရှိတွင် တစ်ပတ်လုပ်ခ ပေါင်စတာလင် တစ်သိန်းခွဲ ခံစားခွင့် ရရှိနေသူ ဖြစ်သည်။ သို့သော်လည်း ချယ်လ်ဆီးသည် ဖာနန်ဒို တောရက်စ်၏ ခံစားခွင့် အတိုင်း လမ်းပတ်အား နောက်ထပ် ပေါင်စတာလင် နှစ်သောင်းခွဲ ထပ်တိုးပေးကာ စာချုပ်သစ် ချုပ်ဆိုရန် စီစဉ်နေသည်။ ဂေါ်လေက အသင်းမှ ထွက်ခွာမည်ဟု သတင်း ထွက်နေသော စပိန် လက်ရွေးစင် တောရက်စ်သည်လည်း ချယ်လ်ဆီးတွင် ဆက်ကစား မည်ဟု အတည်ပြု ထားခဲ့သည်။ လက်ရှိတွင် ချယ်လ်ဆီးသည် ၀ါဒါဘရီမင် တောင်ပံတိုက်စစ်သမား မာကိုမာရင်ကို ခေါ်ယူရန် သဘော တူညီမှု ရရှိထားပြီး ဖြစ်ကာ လိုင်လီမှ အီဒင်ဟာဇက်နှင့် ဆော်ပေါ်လိုမှ လူးကက်စ် မိုရာတို့ကိုလည်း ချိတ်ဆက်နေဆဲ ဖြစ်သည်။
Ref: Daily Mail
ဂေါ်လေ၏ သက်တမ်းတိုး စာချုပ်ရေး စီမံကိန်းတွင် လမ်းပတ်အပြင် ကွင်းလယ်လူ မိုက်ကယ် အက်ဆီယန်၊ တောင်ပံသမား ဖရန့်ခ် မာလူဒါတို့လည်း ပါဝင်နေ...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )