22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, May 28, 2012

ချန်ပီယံ ရှစ်တွင် နောက်တစ်ကြိမ် မကစားလိုကြောင်း ယာကူဘူ ဖွင့်ဟ

ချန်ပီယံရှစ် ပြိုင်ပွဲတွင် နောက်တစ်ကြိမ် ကစားရန် စိတ်ကူး မရှိကြောင်း ယာကူဘူ အေယစ်ဘီနီက ပြောဆိုကာ ဘလက်ဘန်းရိုဗာ အသင်းမှ ထွက်ခွာရန် ဆန္ဒရှိကြောင်း အတည်ပြု ပြောဆိုလိုက်သည်။

ပရီးမီးယား လိဂ်တွင် (၁၇)ဂိုး သွင်းယူနိုင်ခဲ့သော နိုက်ဂျီးရီးယား လက်ရွေးစင်သည် ပရီးမီးယားလိဂ် တန်းဝင်သော ထိပ်သီး တိုက်စစ်မှူး တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံထားရသည်။ သို့သော်လည်း ပြီးခဲ့သည့် ဘောလုံး ရာသီက ဘလက်ဘန်းအသင်း တန်းဆင်း သွားပြီးနောက် ယာကူဘူသည် ချန်ပီယံရှစ် အဆင့်သို့ လိုက်ကစားရန် စိတ်မ၀င်စားကြောင်း အတည်ပြု ပြောဆိုသွားသည်။ မန်နေဂျာ စတိဗ်ကီယန် ဦးဆောင်သော ဘလက်ဘန်းသည် အင်္ဂလန်၏ အဆင့်အမြင့်ဆုံး ပြိုင်ပွဲတွင် (၁၁)နှစ်ကြာ ရပ်တည် ခဲ့ပြီးနောက် ယခုလို တန်းဆင်း ခဲ့ရခြင်း ဖြစ်သည်။

ချန်ပီယံရှစ်တွင် မကစားချင်သည့် ယာကူဘူ

ယာကူဘူက "ကျွန်တော် ဘလက်ဘန်းနဲ့ စာချုပ်(၂)နှစ် ကျန်နေသေးတယ်။ ဒါပေမဲ့ ကျွန်တော် အရင်တုန်းက ချန်ပီယံရှစ်မှာ ကစားဖူးပါတယ်။ ဒါဟာ အတွေ့အကြုံကောင်း ဖြစ်နိုင်တယ် ဆိုရင်တောင် နောက်တစ်ခါတော့ ကျွန်တော် ထပ်မကစားချင်တော့ဘူး" ဟု ပြောကြားခဲ့သည်။ အသက်(၂၉)နှစ်ရှိ ယာကူဘူသည် ပြီးခဲ့သည့် နွေရာသီဈေးကွက် ပိတ်ရက်တွင် အဲဗာတန်မှ ဘလက်ဘန်းသို့ ပေါင်စတာလင် (၁.၅)သန်းဖြင့် ပြောင်းရွှေ့ခဲ့သည်။ ၎င်းက "ဘောလုံးမှာ ကိုယ့်အနာဂတ် ဘယ်လို ပြောင်းသွားမလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ ဘာပဲဖြစ်ဖြစ် ဘလက်ဘန်းဟာ ကျွန်တော့်ဘ၀မှာ အစိတ်အပိုင်း တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီအသင်းကို ကိုယ့်အိမ်ကိုယ့်ရာလို ခံစားရပါတယ်။ ဒါပေမဲ့ ဘာတွေ ဆက်ဖြစ်မလဲဆိုတာ ကြည့်ရပါမယ်။ ကျွန်တော် ချန်ပီယံရှစ်မှာ ကစား ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ပရီးမီးယားလိဂ်မှာလည်း ကစားနိုင်ပါတယ်" ဟု ပြောဆို သွားခဲ့သည်။
ကျွန်တော် ဘလက်ဘန်းနဲ့ စာချုပ်(၂)နှစ် ကျန်နေသေးတယ်။ ဒါပေမဲ့ ကျွန်တော် အရင်တုန်းက ချန်ပီယံရှစ်မှာ ကစားဖူးပါတယ်။ ဒါဟာ အတွေ့အကြုံကောင်း ဖြစ်နိုင်တယ် ဆိုရင်တောင် နောက်တစ်ခါတော့ ကျွန်တော် ထပ်မကစားချင်တော့ဘူး...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )