22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, May 2, 2012

အကောင်းဆုံး ပရဟိတ အလုပ်တစ်ခု လုပ်ဖို့ ရှိကြောင်း နှစ်သစ်မှာဖွင့်ဟလာတဲ့ အောင်ရဲလင်း

အောင်ရဲလင်းက သင်္ကြန်၎ရက်ကို အိမ်မှာပဲ နားနေခဲ့ပြီး နောက်ဆုံးအတက်နေ့ကိုတော့ ရန်ကုန်ကX2O  မဏ္ဍပ်မှာ သူငယ်ချင်းတွေနဲ့အတူ ရေကစားဖြစ်ခဲ့ပါတယ်။ သင်္ကြန်တွင်းမှာ အပြင်မထွက်ချင်တာက အသားမည်းမှာ စိုးတာကြောင့်ဖြစ်ပြီး သင်္ကြန်ပြီးရင် တက္ကသိုလ်ဇာတ်လမ်းဒီဗီဒီဇာတ်ကား ရိုက်ကူးရမှာဖြစ်တဲ့အတွက် အသား အရေ ပျက်စီးမှာ စိုးတာကြောင့် သင်္ကြန်ရေမကစားဘဲ ရှောင်ဖြစ်တာပါလို့ အောင်ရဲလင်းက ပြောပါတယ်။ ဒီနှစ်သင်္ကြန်က အရင်နှစ်တွေထက်စာရင် စည်ကားခဲ့ပြီး   ပြည် လမ်း၊ကမ္ဘာအေးဘုရားလမ်းနဲ့ ကန်တော်ကြီးပတ်လမ်းတွေမှာလည်း ရေကစားတဲ့သူတွေ အထူးများပြားတာတွေ့ရကြောင်း ပြောပါတယ်။ အောင်ရဲလင်း က နှစ်ဆန်း တစ်ရက်နေ့မှာ မြောက်ဒဂုံကို ဘုရားပင့်ပြီး အိမ်ပြောင်းဖြစ်ခဲ့ပါတယ်။ အောင်ရဲလင်းက ဒါရိုက်တာမိုက်တီးရိုက်ကူးတဲ့ ‘ဖိုင်တွဲ လေးများ’ဒီဗီဒီဇာတ်ကားကို ပြေဇင်၊ ဝတ် မှုံရွှေရည်တို့နဲ့ရိုက်ကူးနေပြီဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အောင်ရဲလင်းက ကောင်မလေးတွေရှုပ်တဲ့ကောင်လေးတစ်ယောက်အဖြစ် သရုပ်ဆောင် မှာဖြစ်ပြီး ကောင်မေ လးတွေနဲ့ တွဲပြီးသွားတိုင်း ကိုယ်ရေးအကျဉ်းကို ဖိုင်တစ်ခုလုပ်ပြီး သူငယ်ချင်းဖြစ်တဲ့ ဝတ်မှုံရွှေရည်ကို သွားသွားပေး တတ်တဲ့တက္ကသိုလ်ကျောင်းဝင်းထဲက သူငယ်ချင်း အချစ်ဇာတ်လမ်း လေးပဲဖြစ်ပါတယ်။ အောင်ရဲလင်းက ဒီဇာတ်ကားပြီးရင် ပြင်ဦးလွင်မှာ ဇာတ်ကားသွားရိုက်မှာဖြစ်ပါတယ်။ ဒါရိုက်တာကျော်ဇောလင်း၊ သားကြီး၊ကိုေ ဇာ်(အရုဏ်ဦး)တို့နဲ့ ဗီဒီယိုဇာတ်ကားများရိုက်ကူးမှာ ဖြစ်ပြီး ဒါရိုက်တာညွန့်မြန်မာညီညီအောင်နဲ့ဒီဗီဒီဇာတ်ကားရိုက်ကူးမှာဖြစ် ကြောင်းသိရပါတယ်။ ဒါရိုက်တာသားကြီး ရဲ့ ဗီဒီယိုဇာတ်ကားမှာ မိုးဟေကိုနဲ့သရုပ်ဆောင်မှာဖြစ်ပြီး ကျန်တဲ့ဇာတ်ကားများကို အိန္ဒြာ ကျော်ဇင်နဲ့ သရုပ်ဆောင်မှာဖြစ်ကြောင်းလည်း သိရပါတယ်။ ဘဝမှာ အမှတ် တရဖြစ်အောင်Biography တွေ၊တေးစီးရီးခွေတွေထုတ်ဖို့ အစီအစဉ်ရှိမလားမေးတဲ့အခါမှာတော့ အောင်ရဲလင်းက အဲဒီလို အစီအစဉ်တွေတော့မရှိဘဲအမှတ်တရ အနေနဲ့အသက် အရွယ် ကြီးလာရင်တော့နာရေးကူညီမှုအသင်းမှာပါဝင် ကူညီချင်စိတ်တော့ဖြစ်မိကြောင်းပြောပါတယ်။”ကျွန်တော်ကြီးလာရင်တော့ နာရေး ကူညီမှုရေး အသင်းမှာ တစ်ခုခုလုပ်ပေးချင်တယ်။အဲဒါတော့ အမှတ်တရဖြစ် ချင်တယ်။စိတ်ထဲကိုကဒီလိုအရွယ်မှာ ဒီလိုလုပ်ပေးချင်တဲ့ စိတ်ဖြစ်တာပါ။ဘာပဲဖြစ်ဖြစ်ဒါ လူတစ်ယော က်ရဲ့ နောက်ဆုံးသွားရာလမ်းပဲလေ။ ဦးကျော်သူကိုလည်း တအား အားကျတယ်။တစ်ဖက်တစ်လမ်းကနေအကောင်းဆုံးလုပ်ပေး ချင်တယ်။ကျွန်တော်အသက်ကြီးလာ ရင်လုပ်မယ့် ဏူညေထဲမှာ ပါပါတယ်။ခေါင်းဆောင်လုပ်ရမယ်ရယ်လို့ မဟုတ်ပါဘူး။ အဓိက က ကျွန်တော့်ဘဝမှာ အကောင်းဆုံး ပရဟိတအလုပ်ကို လုပ်သွားချင်ပါ တယ်”လို့လည်းနောက်လေး၊ငါးနှစ်မှာလုပ်မယ့်သူ့ရဲ့ အစီအစဉ် ကို အောင်ရဲလင်းက ပြောပြခဲ့ပါတယ်။
ခိုင်ဝေလွင်၊ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )