22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, May 2, 2012

လွန်ခဲ့တဲ့ နှစ်၂ဝကျော်က အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းကို ပြန်လည်သရုပ်ဆောင်တဲ့ ဝတ်မှုံရွှေရည်

လွန်ခဲ့တဲ့ နှစ်၂ဝကျော်က ရိုက်ကူးခဲ့တဲ့ ကျော်သူနဲ့ချစ်ချစ်ဇော်တို့ရဲ့ ‘ဖိုင်တွဲလေးများ’ ဇာတ်ကားကို ဒါရိုက်တာမိုက်တီးက အောင်ရဲလင်း၊ပြေဇင်၊ဝတ်မှုံရွှေရည်တို့နဲ့ ဒီဗီဒီ အဖြစ် ပြန်လည်ပုံဖော်နေပြီး ဒီဇာတ်ကားထဲမှာ ဝတ်မှုံရွှေရည်က သူငယ်ချင်းကို အနွံတာခံတဲ့၊ သူငယ်ချင်းရဲ့ ရည်းစားတွေနဲ့ သူငယ်ချင်းနဲ့ လိုက်အောင်သွယ်ပေးရတဲ့ ရိုးအေးတဲ့ အဆောင်နေကျောင်းသူအဖြစ် သရုပ်ဆောင်မှာဖြစ်ပါတယ်။ အရင်က အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းကို ပြန်သရုပ် ဆောင်တဲ့အခါအရင်ကလောက် မကောင်းမှာ လည်း စိုးရိမ်စိတ်ဖြစ်မိပြီး ခေတ်ကမတူတော့တဲ့အတွက် အရင်က ပုံစံနဲ့တော့ မတူတော့ဘဲ အဝတ်အစားတွေ၊ ရှုခင်းတွေတော့ ခေတ်နဲ့အညီ ပြောင်းလဲထားတာတွေ ရှိမှာဖြစ်ကြောင်း ဝတ်မှုံရွှေရည်က ပြောပါတယ်။ ဝတ်မှုံရွှေရည်က သင်္ကြန်အတွင်း သူငယ်ချင်းတွေရှိတဲ့ စင်ကာပူကို အလည်အပတ်သွားခဲ့ပေမယ့် တစ်ခါတလေမှ သွာြး ဖစ်တဲ့အတွက် လည်လို့တောင်မဝခဲ့ဘူးလို့ ဆိုပါတယ်။ အနားယူလိုက်ရတဲ့အတွက် စိတ်ထဲမှာ ပေါ့ပါးသွားတယ်လို့ ဆိုတဲ့ ဝတ်မှုံရွှေရည်က”အလုပ်ထဲက ဖိစီးမှုတွေ၊ အလုပ်ပိတာတွေများတယ်။အနားယူလိုက်တော့ စိတ်မှာပေါ့သွားတာပေါ့။ခေါင်းတော့ ကြည်လင်သွားတယ်”လို့ပြောပါတယ်။ ဝတ်မှုံရွှေရည်ကပြင်ဦးလွင်မှာ ၂လကြာ ဇာတ်ကားသွားရောက်ရိုက်ကူးမှာဖြစ်ပါ တယ်။ဒါရိုက်တာသိန်းဟန်(ဖီးနစ်) ရိုက်ကူးတဲ့ရုပ်ရှင်ဇာတ်ကားမှာ နေတိုး နဲ့ သရုပ်ဆောင်မှာဖြစ်ပြီး နောက်ထပ် ရုပ်ရှင်ဇာတ် ကားတစ်ကားကို မဟော် ဂနီနဲ့ရိုက်ကူးမှာဖြစ်ကြောင်း သိရပါ တယ်။လတ်တလောမှာ ဝတ်မှုံ ရွှေရည်ရိုက်ကူးတဲ့  Oishiတီဗီ ကြော်ငြာလေးကတခြား ကြော်ငြာ တွေနဲ့ ကွဲပြားမှုရှိပြီး ပရိသတ်က လက်ခံအားပေးတဲ့အတွက် ဝမ်းသာ ပီတိဖြစ်ရတယ်လို့ဆိုတဲ့ ဝတ်မှုံရွှေ ရည်က.. ”ကစ်ကလည်း ကြော်ငြာဆိုရင် လူငယ်ဆန်ဆန်ပေါ့ပေါ့ပါး ပါးလေး ရိုက်ချင်တယ်။ အကလေးနဲ့ ရိုက် ချင်နေတာလည်းကြာပြီ။  Oishi ကြော်ငြာမှာတခြားကြော်ငြာနဲ့ မတူအောင်အဝတ်အစားနဲ့  ဆံပင် ပုံစံပြောင်းလိုက်တယ်။  Oishi ကြော်ငြာရိုက်တာ အခုဆိုရင် ၃နှစ် အတွင်းမှာ၃ခါရှိနေပြီ။ ပိုင်ရှင် နဲ့လည်း မိသားစုလိုဖြစ်နေပြီ။ ဒီ ကြော်ငြာလေးပေါက်တယ၊် ကြိုက် တယ်ဆိုတော့လည်းပင်ပန်း ရကျိုး နပ်ပါတယ်။ကစ်နေမကောင်းရဲ့ သားနဲ့ရိုက်ထားတာပါ။ကိုဇော်ဇော် ရဲ့ စိတ်ကူးလေးကလည်းကောင်း လို့ပေါက်သွားတာပါ”လို့ ပြောပြီး ကြော်ငြာတွေလည်း ရိုက်ကူးဖို့ရှိ တယ်လို့ ပြောပါတယ်။
ခိုင်ဝေလွင်
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )