22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, May 11, 2012

သရုပ်ဆောင် အဆိုတော် သဇင် နှင့် တွေ့ဆုံခြင်း

မေး - လွန်ခဲ့တဲ့ ရက်က အနုပညာလှုပ်ရှားမှုလေး သိပါရစေ?
ဖြေ - ကုန်ခဲ့တဲ့ ရက်ပိုင်းကတော့ ကိုနေရဲမာန် ရဲ့ VCD ရိုက်တယ်။ နောက်ပြီး ဇာက်ကားတစ်ကားရိုက်ထားတယ် ဒီကားထဲမှာ ဆိုလို့ချင်ရင်တော့ လူငယ်ဂရု ပေါ့ Hip Hop အဖွဲ့ပါ အသစ်ပေါ့၊ အဲကောင်လေးတွေ အတွက်ကို VCD ရိုက်ပေးဖြစ်ပါတယ်။ ဒါရိုက်တာကတော့ မီရှဲ ပါ၊ နောက်ဒီကြားထဲမှာ Models Show တော်တော်များများ Wedding Show ပွဲတွေ လည်း တော်တော်များများလျှောက်ဖြစ်ပါတယ်။ အဲဒါကလည်း ..... သဇင် က Model တော့ မဟုတ်ပါဘူး ဒါပေမယ့် ပတ်သက်ရာကတ်သက်ကြောင်းပေါ့ မိတ်ကပ် ဆိုလို့ချင်ရင်လည်း ဦးစိုး၊ နောက်ပြီး တော့ ဒီ ဆရာဂျွန် တို့ဆိုတာ က ကိုယ်နဲ့ ရင်းနှီးပြီးသားလူတွေဆိုတော့ အကူအညီတောင်းလို့လျှောက်ဖြစ်တာပါ၊ ဒီရက်ပိုင်းအတွင်းဆိုလို့ချင်ရင်ဟိုတစ်နေ့ရမှ ဒီ မြန်မာဒီဇိုင်နာဂရု ပေါ့နော် ပွဲအကြီးကြီးပါပဲ အဲဒီမှာ ဒီဇိုင်နာ အယောက် (၂၀) ... အဲပွဲမှာ ၀င်လျှောက်ဖြစ်ပါတယ်။ ၀တ်စုံကတော့ အဲမှာ (၃) စုံပါ၊ နောက် ဥမ္မာကျော်က အဖွင့်အပိတ်အတွက် (၂) စုံရယ် နောက်တစ်စုံ က မြတ်မြစ်ဇူ ရဲ့ မိန်းပေါ့ မြန်မာ Traditional ပါပဲ အဲပွဲလေးတွေ လျှောက်ဖြစ်ပါတယ်။ ဒီကြားထဲမှာ ပဲ သဇင့် အခွေအတွက်က ဒုတိယ အခွေအတွက်က သီချင်းတွေ ဆုနေပါတယ်။ ပထမအခွေလိုမျိုး အရမ်းကြီးအိုင်သွားတာမျိုးမဖြစ်ရအောင်လို့ နည်းနည်းစဉ်းစားပြီးတော့လုပ်နေပါတယ်။ နောက် Show ဆိုဖို့ရှိပါတယ် (၁) လပိုင်းလောက်မှာ မလေးရှား သွားဆိုဖို့ရှိပါတယ်။ ကားရိုက်ဖို့တော့ ပြောတော့ ပြောထားပါတယ် Confirm တော့ မဖြစ်သေးပါဘူး။
Thazin
မေး - အစ်မရဲ့ ဒုတိယ တေးစီးရီး စီစဉ်နေတာ ဘယ်လောက်ထိပြီးစီးနေပါပြီလဲ?
ဖြေ - တစ်ခွေစာတော့ သဇင့် ဆီမှာရှိပါတယ်။ သီချင်းတွေက ၀ယ်ဝယ်ထားရတာဆိုတော့ သီချင်းတွေကတော့ လက်ထဲမှာ အများကြီးပါပဲ ဒါပေမယ့် ကိုယ်လုပ်မယ့် ဒုတိယအခွေနဲ့ပြန်ပြီးတော့ ပုံစံတူအောင်ပေါ့နော်၊ တူရင်တော့ ပြန်ထည့်ဖြစ်မယ်ပေါ့၊ အခုကတော့ သဇင် ကိုယ်တိုင်လိုက်လုပ်နေပါတယ်။ ဘာလို့လည်းဆိုတော့ ပထမ အခွေမှာ ထဲက အတွေ့ကြုံတော်တော်လေးရထားပါတယ်။ လုပ်တတ်သွားပြီလို့ပြောလို့ရပါတယ်။ အဲဒါကြောင့် ကိုယ်ကြိုက်တဲ့ သီချင်းလေးတွေပဲ ကူးပြီးတော့ တစ်ခွေစာလုပ်လိုက်ပါတယ်။
မေး - ပထမ အခွေနဲ့ အခု ဒုတိယ အခွေက ဘယ်လိုကွာဟမှုတွေရှိပါသလဲ?
ဖြေ - ပထမ အခွေမှာ ကျတော့ သဇင် ကအမှတ်တရဖြစ်အောင်ဆိုပြီးတော့ အကောင်းဆုံးဖြစ်အောင်လုပ်ထားတယ် သီချင်း အမြူးလေးတွေလည်း ထည့်ထားတယ်၊ အခုဒီ ဒုတိယ အခွေကကျတော့ ပထမ အခွေနဲ့ အမတူအောင်လုပ်ထား ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ပထမ အခွေက Singel ဖြစ်နေတယ်။ ပထမဦးဆုံး အခွေဖြစ်တဲ့ အတွက် Singel အခွေလုပ်ထားပါတယ်။ နောက် အဆိုထဲကဆိုရင် သဇင်တို့ ရွယ်တူတန်းထဲကလည်း ပါမယ်။ ရွယ်တူတန်းမဟုတ်တဲ့ အထဲကလည်းပါပါမယ်။ ပုံစံလေးကွဲသွားအောင်လို့ပါ၊ အရမ်းမြူးမြူး ကြီး မဟုတ်ဘဲနဲ့ Hip Hop အစစ်ဘက်ကို သဇင်တို့ မသွားဘူး၊ Pop နဲ့ Hip Hop နဲ့ကြားထဲမှာပဲရှိမှာပါ၊ သံစဉ်ချိုချိုလေးတွေပေါ့ အရင်တုန်းဒီ ဆုံနိုင်ခွင့်တို့ ဘာတို့ကို သွားတဲ့ ပုံစံမျိုးလေးရွေးထားပါတယ်။ ဘာလို့လည်းဆိုတော့ အမြဲတမ်းနားထောင်လို့လည်းအဆင်ပြေမယ် နောက် သဇင် ကိုယ်တိုင်က အဲ ဆုံးနိုင်ခွင့် ဆိုတဲ့အခွေလေးကို အရမ်းကြိုက်ပါတယ်။ အဲလိုမျိုးလေးပဲ ဖြစ်စေချင်တယ်။ အဲဒါကြောင့် ဒုတိယ ခွေကို အဲလိုမျိုးလေး ဖြစ်အောင်လုပ်ပါမယ် သံစဉ်ချိုချိုလေးတွေပေါ့။
မေး - ဒုတိယ အခွေအတွက် သီချင်း ဘယ်နှစ်ပုဒ်လောက်ရွေးချယ်ထားပါသလဲ?
ဖြေ - သဇင် ရဲ့ လက်ထဲမှာ တော့ တော်တော်များများတော့ ရှိနေပြီဒါပေမယ့် ထည့်မှာတော့ (၁၂) ပုဒ်ပဲထည့်မှာပါ၊ Titel ကတော့ သဇင် ထုံစံအတိုင်း Finel မှပဲရွေးတော့မယ်၊ အားလုံးပြီးသွားတော့မှ ရွေးပါမယ်။
မေး - ဒီ ဒုတိယ စီးရီးကို ပရိသက်လက်ထဲ ဘယ်တော့လောက်ချပြနိုင်မယ်လို့ ရည်မှန်းထားပါသလဲ?
ဖြေ - သဇင် ဒီနှစ် မကုန်ခင်တော့ မှန်းထားပါတယ်။
မေး - ဒီ စီးရီး လုပ်နေတာကော အချိန်ဘယ်လောက်ကြာပါပြီလဲ
ဖြေ - ဟုတ် .... သဇင် အခွေ ထွတ်ပြီးကတည်းကပါ၊ ဒုတိယ အခွေကိုပြန်စလုပ်တာပါ။ ဒါပေမယ့် အသေးအချာလေး ဖိဖိစီးစီးလုပ်ဖြစ်တာကတော့ (၃) လ၀န်းကျင်းလောက်ရှိသွားပါပြီ၊၊
မေး - ဟုတ် ပထမ လုပ်ခဲ့တဲ့ တေးစီးနဲ့ ပရိသက်ကိုချပြခဲ့တဲ့ အနုပညာအပေါ်မှာကော အစ်မ အနေနဲ့ အားရကျေနပ်မှုရှိရဲ့လား?
ဖြေ - အားရကျေနပ်မှုရှိလားဆိုတော့ ပထမ ခွေမှာ တော့ အစွမ်းကုန်ကြိုးစားထားပါတယ်။ ဒါပေမယ့် ပြီးသွားတဲ့အခါမှာတော့ ဒါလေးကို ဒီနေရာမှာ ဒီလုပ်လိုက်ရင်းကောင်းမလားပေါ့နော် အဲလိုမျိုးဟာတွေကတော့ အမြဲတမ်းရှိတာပေါ့ ဘာလို့လဲဆိုတော့ ကိုယ်က တောက်ရှောက်ကြီး အမြဲတမ်းကြီးကောင်းနေတာ အဟုတ်ဘူးဆိုတော့ အမြဲတမ်းလေ့လာနေမှဆိုတော့ ဟို အတိမ်းအစောင်းလေးတွေပါ သွားတာတော့ရှိပါတယ်။ အားမရတာလေးတွေ လည်းရှိတာပေါ့၊
မေး - ပထမ ခွေ ထွက်ပြီး တာ သိပ်မကြာသေးဘဲနဲ့ ဒုတိယ ခွေဆက်လုပ်ဖြစ်သွားတဲ့ အကြောင်းက ....
ဖြေ - သဇင် ကျတော့ဘယ်လိုပြောမလဲ ကိုယ်ကိုတိုင်ကလဲ ဒီလိုင်းကိုကြိုက်တာလည်းပါတယ်။ ကိုယ်ဝါသနာပါတာလည်း ပါပါတယ်။ နောက်ပြီးတော့ ပထမ ခွေလုပ်ပြီးသွားတဲ့ အချိန်မှာ လည်း ဒုတိယ အခွေကို မတူအောင်လုပ်မယ်ဆိုပြီး ပထမ အခွေမှာထဲက ငါ..ဒီဟာကိုတော့ Singel အခွေ အနေနဲ့ ပရိသက်ကို သက်သက်ချပြမယ်ပေါ့ ၊ ပထမ ဦးဆုံးအခွေအနေနဲ့ ပရိသက်ကို Singel အခွေနဲ့ ချပြခဲ့တာပါ၊ ဒုတိယ အခွေကို ပထမ အခွေနဲ့ မတူအောင်လုပ်မယ်ဆိုပြီးတော့ အဆိုရှင်လေးတွေလည်း ရွေးထားတာရှိပါတယ်။ ဒီလောက်ထဲကစ Rum ထားမှ ကိုယ်လုပ်မယ့်အချိန်ကို Ready ဖြစ်မှာလေ၊၊
မေး - အစ်မ ကိုယ်တိုင်ကော ဘယ်လိုသီချင်းမျိုးလေးတွေနှစ်သက်လည်း ?
ဖြေ - သဇင် (ကမ်းထရီး) တွေကြိုက်ပါတယ်၊ အရင်တုန်းကတော့ (မက်ဒယ်) တွေ ( ဟဲဗီးရော့) တွေလည်းကြိုက်ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းတစ်ဖြေးဖြေးနဲ့ အသက်ကြီးလာလို့ပဲ လာ ဘာလဲတော့မပြောတတ်ဘူး၊ (ဟဲဗီးရော့) တွေသိပ်မကြိုက်တော့ဘူး၊ ငယ်ငယ်တုန်းကတော့ မသိစိတ်ထဲကနေ (ကမ်းထရီး စောင်း ) လေးတွေ တော်တော်ကြိုက်တယ်။ အခုခေတ်နဲ့ ပက်သတ်တဲ့ ဟာမျိုးတွေ ပြန်လုပ်ထားတဲ့ ဟာမျိုးတွေပေါ့ တကယ်ကို (Life) တီးထားတဲ့ ဟာမျိုးတွေ ပိုသဘောကျပါတယ်။
မေး - အခုက သီတင်းကျွတ်နဲ့နီးနေပြီဆိုတော့ ဒီလာမယ့် သီတင်းကျွတ်ပွဲအတွက်ကော ဘာတွေစီစဉ်ထားပါသလဲ?
ဖြေ - သီတင်းကျွတ်အတွက်ကတော့ အဲလို ထွေထွေထူးထူးစီစဉ်စရာတော့မရှိပါဘူး၊ အခုကတော့ Wedding ပွဲတွေ လျှောက်ဖြစ်တယ်။ နောက် (၅) ရက်နေ့ကျရင် မြင့်မြတ်နဲ့ ဇာက်ကားတစ်ကားရိုက်ဖို့ရှိပါတယ်။ အရင် သီတင်းကျွတ်လတွေကဆိုရင်တော့ များသောအားဖြင့် လူကြီးတွေ ကန်တော့ဖြစ်တယ်။ အရင်တုန်းကတော့ အများတန်းတူ ဆော့ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလမ်းကြောင်းပေါ်ကိုရောက်သွားတော့ အဲဒါတွေ သိပ်မလုပ်ဖြစ်တော့ ပါဘူး၊ ဆော့တာတို့ဘာတို့ သိပ်မရှိတော့ ဘူး အလုပ်နဲ့ပတ်သက်ပြီးတော့ ပဲအချိန်ကုန်သွားတာများပါတယ်။
မေး - အစ်မ သတင်းကျွတ်လပြည့်နေမှာကော ဘယ်မှာ ရှိနေမှာလဲ?
ဖြေ - အိမ်မှာပဲရှိမှာပါ မနက်ဆိုရင်တော့ ဘုရားမှာ ရှိပါမယ်။ု
မေး - အစ်မရဲ့ပရိသတ် အတွက်စကားလက်ဆောင်လေး ပြောပေးပါဦး ?
ဖြေ - ညီမရဲ့ဒုတိယအခွေကို ဂျူးဟက် ကောင်းကောင်းလေးတွေ ဖြစ်အောင်စီစဉ်နေပါတယ် သီချင်းအဟောင်းလေးတွေလည်း ပါချင်ပါမယ်။ သီချင်းအဟောင်းကို ပြန်လည်စမ်းသစ်တဲ့ ဟာမျိုးလည်း ဖြစ်ချင်ဖြစ်မယ်။ အကောင်းဆုံးဖြစ်အောင် စီစဉ်နေပါတယ် အဲ့ဒီအတွက် ပရိသတ်ကြီးလည်း အားပေးပါဦးလို့ ပြောချင်ပါတယ် အခုလို ဒုတိယ တေးစီရီးကို တစ်ကြိုးတစ်စားနဲ့ ကြိုးစားနေတာကို အသိအမှတ်ပြုပေးတယ် ဆိုရင်ဘဲ ကျေးဇူးတင်ပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )