22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, May 26, 2012

ကရင်မလင်၏ ထိပ်တန်းရာထူးများတွင် ၀န်ကြီးဟောင်းများကို သမ္မတပူတင်ခန့်အပ်

ရုရှားသမ္မတပူတင်(ထိပ်ဆုံးအလယ်)ကို မေလ ၂၁ ရက်နေ့က မော်စကိုတွင် အစိုးရအဖွဲ့သစ်နှင့်အတူ တွေ့ရစဉ်
ရုရှားသမ္မတ ဗလာဒီမာပူတင်က ၀န်ကြီးအဖွဲ့သစ်တွင် ပါဝင်ခြင်းမရှိသည့် ၀န်ကြီးဟောင်းခြောက်ဦးကို ကရင်မလင်အုပ်ချုပ်ရေး၏ အကြီးတန်းရာထူးများတွင် မေလ ၂၂ ရက်နေ့က ခန့်အပ်ခဲ့သည်။

ပို့ဆောင်ရေး၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေးနှင့် သဘာဝရင်းမြစ် ၀န်ကြီးဟောင်းများကို ကရင်မလင်အကြံပေးများအဖြစ် သမ္မတပူတင်က ခန့်အပ်ခဲ့ပြီး ပြည်ထဲရေး ၀န်ကြီးဟောင်းကိုမူ လုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့သည်။

ဝန်ကြီးချုပ် မက်ဗီဒက်ကွပ်ကဲသည့် အစိုးရအဖွဲ့သစ်တစ်ခုကို သမ္မတပူတင် ခန့်အပ်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် ကရင်မလင်ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

စီးပွားရေးဝန်ကြီးဟောင်း  Elvira Nabiullina ၊ ကျန်းမာရေးဝန်ကြီးဟောင်း Tatyana Golikova ၊ သဘာဝရင်းမြစ် ၀န်ကြီးဟောင်း Yury Trutnev ၊ စီးပွားရေးဝန်ကြီးဟောင်း Andrei Fursenko၊ ဆက်သွယ်ရေး ၀န်ကြီးဟောင်း Igor Shchyogolev နှင့် ပို့ဆောင်ရေးဝန်ကြီးဟောင်း Igor Levitin တို့ကို ကရင်မလင် အကြံပေးများအဖြစ် သမ္မတပူတင်က ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

အတိုက်အခံများကို ပြင်းပြင်းထန်ထန် နှိမ်နင်းမှုအတွက် လူထုမနှစ်သက်သောသူဖြစ်ခဲ့သည့် ပြည်ထဲရေးဝန်ကြီးဟောင်း Rashid Nurgaliyev ကို နိုင်ငံတော်ဆိုင်ရာ လုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့သည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )