22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, May 26, 2012

မြောက်ကိုရီးယား ခြိမ်းခြောက်မှုများကို ထိရောက်စွာ တုံ့ပြန်နိုင်ရေးအတွက် ဒုံးကျည်များဝယ်ယူရန် တောင်ကိုရီးယား စီစဉ်

မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများကို ရင်ဆိုင်တုံ့ပြန်နိုင်ရန်အတွက် လာမည့်ငါးနှစ်တာအတွင်း ဒုံးကျည်အမြောက်အမြား ၀ယ်ယူရန် တောင်ကိုရီးယားက ဒေါ်လာနှစ်ဘီလျံကျော် သုံးစွဲသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဧပြီလ ၁၃ ရက်နေ့က မြောက်ကိုရီးယားမှ တာဝေးပစ် ဒုံးပျံစမ်းသပ်လွှတ်တင်မှုနှင့် ၎င်းတို့၏ အကြိမ်ပေါင်းများစွာ ခြိမ်းခြောက်မှုများကြောင့် သမ္မတလီမြောင်ဘတ်သည် ဧပြီလ ၂၈ ရက်နေ့က ၀န်ကြီးဌာနပိုင်းဆိုင်ရာ အစည်းအဝေး၌ ဒုံးကျည် ၄၀၀ မှ ၅၀၀ ကြားဝယ်ယူရန် ၀မ် ၂ ဒသမ ၅ ထရီလျံ (ဒေါ်လာ ၂ ဒသမ ၁၄ ဘီလျံ) သုံးစွဲသွားမည်ဟု ကတိပြုပြောကြားခဲ့ကြောင်း ချိုဆွန်းအီဘို သတင်းဌာနက ဖော်ပြခဲ့သည်။

တောင်ကိုရီးယားတွင် ဧပြီလ ၁၉ ရက်နေ့က ခရုစ်ဒုံးကျည်အသစ်အား Hyunmu-3 ဟုနာမည်ပေးခဲ့ပြီး ယင်းဒုံးကျည်သည် အကွာအဝေး ၁၅၀၀ ကီလိုမီတာ( ၉၃၇ မိုင်)အထိရောက်အောင် ပစ်ခတ်နိုင်စွမ်းရှိ၍ မြောက်ကိုရီးယားရှိ ဒုံးကျည်နှင့်နျူကလီယား အခြေစိုက်စခန်းများကို ဖျက်ဆီးနိုင်သည်။

ချိုဆွန်းသတင်းစာတွင် ဖော်ပြချက်အရ စစ်တပ်သည် Hyunmu-3 ဒုံးကျည်များနှင့် ကီလိုမီတာ ၃၀၀ အကွာသို့ ပစ်နိုင်သော ပဲ့ထိန်းဒုံးကျည်များကို အရေအတွက် ပိုမိုမြှင့်တင်လိုနေသည်။

တောင်ကိုရီးယားစစ်တပ်၏ ပြောကြားချက်အရ မြောက်ကိုရီးယားနိုင်ငံဘက်တွင် မြေပြင်ရွှေ့ပြောင်းပစ်ခတ်နိုင်သော ဒုံးကျည် ၈၀၀ ကျော်၊ တောင်ကိုရီယားနှင့် ဂျပန်နယ်စပ်စည်မျဉ်းတို့ကို ချိန်ရွယ်ထားသော စကပ်ဒ်ဒုံးကျည်  ၆၀၀ ကျော်နှင့် တိုကျိုသို့ရောက်အောင် ပစ်ခတ်နိုင်သော Rodong-1  ဒုံးကျည် ၂၀၀ ကျော်ရှိနေကြောင်း သိရှိရသည်။

Ref:AFP
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )