22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, May 26, 2012

ဘင်လာဒင်ကိုခြေရာခံမိရန် အမေရိကန်တို့ကို ကူညီခဲ့သော ဆရာဝန်အား ပါကစ္စတန်က ထောင်ဒဏ် ၃၃ နှစ်ချမှတ်

အိုစမာဘင်လာဒင်ကို ခြေရာခံရာတွင် စီအိုင်အေအား ကူညီခဲ့သည်ဟု စွပ်စွဲခံထားရသော ပါကစ္စတန် ဆရာဝန်တစ်ဦးကို နိုင်ငံတော်သစ္စာဖောက်မှုဖြင့် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

လွန်ခဲ့သည့် နှစ်လက အစိုးရဆရာဝန်အဖြစ်မှ ထုတ်ပယ်ခံထားရသော ရှာကီအဖရီဒီသည် ခိုင်ဘာခရိုင်လူမျိုးစု တရားစီရင်ရေးစနစ်အရ အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သည်။ ခိုင်ဘာဒေသသည် ပါကစ္စတန်၏တစ်ဝက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လူမျိုးစုဒေသတွင် ပါဝင်နေသည်။ ထို့အပြင် ဆရာဝန်အာဖရီဒီသည် အမေရိကန်ကို သူလျိုလုပ်ပေးမှုအတွက် ဒဏ်ငွေဒေါ်လာ ၃၅၀၀ လည်း ချမှတ်ခံခဲ့ရကြောင်း ခိုင်ဘာအေဂျင်စီတာဝန်ရှိသူတစ်ဦးက ပြောကြား ခဲ့သည်။ အာဖရီဒီသည် အယ်လ်ကေးဒါးခေါင်းဆောင် ဘင်လာဒင်ရှိနေမှုကို သက်သေခိုင်မာစေရန်အ တွက် အဘော့တာဘတ်မြို့ရှိ ဘင်လာဒင်ခြံဝင်းအတွင်း နေထိုင်သူများထံမှ DNA နမူနာများ စုဆောင်းရန် ကာကွယ်ဆေးထိုး အစီအစဉ် လှုပ်ရှားမှုတစ်ရပ်ကို ဆောင်ရွက်ရာတွင် စီအိုင်အေကို ကူညီခဲ့သည်။

ဘင်လာဒင်သည် ယမန်နှစ်မေလက ထိုခြံဝင်းအတွင်း အမေရိကန်အထူးတပ်ဖွဲ့များ ၀င်ရောက်စီးနင်းရာတွင် သေဆုံးခဲ့သည်။ ဆရာဝန်အာဖရီဒီသည် ဥပဒေ စိုးမိုးမှုမရှိသော ခိုင်ဘာဒေသတွင် ခွဲစိတ်ဆရာဝန်တစ်ဦးအဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သည်။ အာဖရီဒီသည် ပြစ်ဒဏ်ချမှတ်ချိန်တွင် တရားရုံး၌ရှိ မနေခဲ့ဘဲ ခုခံကာကွယ်ခွင့်လည်း မရရှိခဲ့ပေ။ လူမျိုးစု တရားစီရင်ရေးစနစ်အရ ၎င်းတွင်ရှေ့နေနှင့် ဆောင်ရွက်ခွင့်မရှိပေ။ အာဖရီဒီသည် ဘင်လာဒင်ကို အသေဖမ်းဆီးရမိပြီးနောက် မကြာမီ ဖမ်းဆီးခံခဲ့ရပြီး အောက်တိုဘာလတွင် ပါ ကစ္စတန်ကော်မရှင်တစ်ရပ်က နိုင်ငံတော်သစ္စာဖောက်မှုဖြင့် တရားစွဲဆိုရန် ထောက်ခံပေးခဲ့သည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )