22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, May 2, 2012

အိမ်ထောင်သက်တမ်း ကြာမြင့်နေသော ဇနီးမောင်နှံတို့အတွက် အကြံပြုချက်များ

 
ပျော်ရွှင်တဲ့ မိသားစုအဖြစ် တည်ဆောက်နိုင်တဲ့ ဇနီးမောင်နှံတွေမှာတောင် အသက် ၄၀၊၅၀၊၆၀ ကျော်လာတဲ့ အချိန်မှာ တစ်ယောက်နဲ့တစ်ယောက် မျက်လုံးချင်းဆုံပြီး မကြည့်ဖြစ်ကြတော့ဘူးလို့ လေ့လာမှုတွေအရ သိရပါတယ်။
နှစ်ပေါင်းများစွာကြာတဲ့အထိ ခိုင်ခိုင်မြဲမြဲလက်တွဲမဖြုတ်ဘဲ ပေါင်းဖော်လာခဲ့တဲ့ ဇနီးမောင်နှံတွေအနေနဲ့ လူမှုရေး၊ စီးပွားရေး၊ သားရေး၊ သမီးရေး. . စတာတွေနဲ့ အလုပ်များနေတဲ့အတွက် တစ်ယောက်နဲ့ တစ်ယောက် ကြင်နာယုယဖို့ မေ့လျော့နေတတ်ကြပါတယ်။ တကယ်တော့ အိမ်ထောင်ရေးမှာ စိတ်ချမ်းမြေ့စွာ ပျော်ရွှင်နေဖို့ဆိုရင် ဇနီးမောင်နှံတွေ အနေနဲ့ နှစ်ကိုယ်တူဘဝဆိုတာ သီးသန့်ရှိနေဖို့ လိုအပ်ပါတယ်။
၁။ စိတ်ထဲရှိတာ ဖွင့်ဟပါ
အသက်အရွယ်အရ တတိယအရွယ်ရောက်လာတာကြောင့် အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ ခံစားချက် ကလည်း မှေးမိန်နေပြီဆိုတာ မဖြစ်သင့်ပါ။ စိတ်ခံစားချက်နဲ့ ပတ်သက်ပြီး ရိုးသားတဲ့၊ ပွင့်လင်းတဲ့ ဇနီးမောင်နှံတွေက တစ်ဦးနဲ့တစ်ဦး ပိုမိုရင်းနှီးတတ် ကြပါတယ်။ အငြိမ်းစားယူပြီးတဲ့ ဇနီးမောင်နှံတွေမှာ အတွေးတွေ၊ ခံစားချက်တွေကို မျှဝေတတ်တဲ့ စုံတွဲတွေက ပိုပြီးပျော်ရွှင်ကျန်းမာတတ်ကြောင်း လေ့လာမှုတစ်ခုက ဆိုပါတယ်။
၂။ တစ်ဦးပေါ်တစ်ဦး တန်ဖိုးထားပါ
အိမ်ထောင်သက်တမ်းကြာတဲ့အခါ အချစ်တွေ မှေးမိန်လာပြီး တစ်ဦးပေါ်တစ်ဦး အပြစ်မြင်လာလေ့ရှိတတ်ပါတယ်။ အဲဒီအခါ အခြားသူတွေကို အိမ်ထောင်ဖက်ရဲ့ မကောင်းကြောင်း ပြောလေ့ရှိတတ်ကြပါတယ်။ သက်တမ်းရင့် ဇနီးမောင်နှံတွေကို လေ့လာမှုအရ အိမ်ထောင်ဖက်တစ်ဦးနဲ့တစ်ဦး အပြန်အလှန် တန်ဖိုးထားလေးစားကြတဲ့ ဇနီးမောင်နှံတွေက အပျော်ရွှင်ဆုံး ဖြစ်တတ်ကြောင်း သိရပါတယ်။ ဒါကြောင့် ဇနီးမောင်နှံတွေအနေနဲ့ တစ်ဦးပေါ်တစ်ဦး တန်ဖိုးထားလေးစားပြီး သူတစ်ပါးကို သင့်အိမ်ထောင်ဖက်ရဲ့ မကောင်းကြောင့် မဖွင့်ဟသင့်ပါဘူး။
၃။ ပြန်လည်ဆက်သွယ်ပါ
သင်တို့ဟာ တစ်အိမ်တည်းမှာ နာရီပေါင်းများစွာ ကြာတဲ့အထိ အတူနေနေပေမယ့် ဒါဟာ နှလုံးသားချင်းဆက်သွယ်နေတာမျိုး မဟုတ်ပါဘူး။ တစ်ဦးနဲ့ တစ်ဦး ကြင်နာတာ၊ ဂရုစိုက်တာ၊ လက်ချင်းထိတွေ့တာစတဲ့ ယုယဖေးမမှုကို ၁၀ မိနစ်လောက်ပဲ လုပ်ဆောင်ပေးရင်တောင် တစ်နေ့တာလုံး အတူရှိ နေတာထက် ပိုပြီးရင်းနှီးစေပါတယ်။
၎။ ရယ်မောပါ
ရယ်မောတာဟာ စိတ်ဖိစီးမှု လျော့ကျတဲ့အပြင် ဇနီးမောင်နှံနှစ်ဦးကို ဘဝမှာ ဆက်လက်အသက်ရှင်နိုင်ဖို့ ခွန်အားပေးပါတယ်။ ဇနီးမောင်နှံတွေမှာ ဟာသ ဉာဏ်ရှိပြီး ရယ်စရာပြောတတ်တဲ့ အိမ်ထောင်ဖက်ရှိတာက သာမန်ဇနီးမောင်နှံတွေထက် ပိုမိုခိုင်မြဲသာယာကြောင်း လေ့လာမှုတစ်ခုအရ သိရပါတယ်။
၅။ ဘာသာရေး ကိုင်းရှိုင်းပါ
လောကဓံတရားကို ခံနိုင်ရည်ရှိဖို့ဆိုရင် ဘာသာရေးလိုက်စားဖို့တော့ လိုအပ်ပါတယ်။ တတိယအရွယ်ရောက်လာချိန်မှာ ငယ်စဉ်ကလို ဘဝရဲ့ အကောင်း၊ အဆိုးဒဏ်ကို ကြံ့ကြံ့ခံနိုင်ဖို့ သိပ်မလွယ်တော့ပါ။ ဒါကြောင့် ဇနီးမောင်နှံနှစ်ဦးဟာ ဘုရားသွား၊ ကျောင်းတက်ပြီး ဘာသာရေးကို ကိုးကွယ်ကိုင်းရှိုင်းဖို့ လိုအပ်ပါတယ်။
Ref : Good Health
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )