22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, May 9, 2012

ရွှေပြည်သာ အုတ်ဖုတ် လုပ်သားများ အလုပ်လက်မဲ့ ဖြစ်မည့်ကိန်းဆိုက်

(ရန်ကုန်၊ မေ ၆)
ရွှေပြည်သာ မြို့နယ်ရှိ အုတ်ဖုတ် လုပ်ငန်းများ ရပ်ဆိုင်းရန် ညွှန်ကြား ထားမှုကြောင့် အလုပ်သမားများ အလုပ်လက်မဲ့ ဖြစ်ရမည့် အရေးနှင့် ရင်ဆိုင် ကြုံတွေ့နေရပြီဟု သိရှိ ရသည်။
ရွှေပြည်သာမြို့နယ်တွင် အုတ်ဖုတ်လုပ်ငန်း လုပ်ကိုင်နေသူ လုပ်ငန်းရှင် ၅ဝ နီးပါး ရှိပြီး ၄င်း အုတ်ဖုတ် လုပ်ငန်းများတွင် လာရောက် လုပ်ကိုင်နေကြသော အုတ်ဖုတ် လုပ်သား သုံးသောင်းထက် မနည်းရှိသည်။ လုပ်ငန်းရှင် များက ထိုလုပ်သားများ၏ နေရေး ထိုင်ရေး အတွက် စီစဉ်ပေးထားကြပြီး ယခုကဲ့သို့ အုတ်ဖုတ် လုပ်ငန်းကို ရပ်ဆိုင်းရန်ညွှန်ကြားပြီး အဆောက် အအုံများအား ဖယ်ရှားရန်ပါ ညွှန် ကြားထားမှုကြောင့် ထိုလုပ်သားများ မှာ နေထိုင်ရေး အတွက်ပါ သောက ရောက်နေကြရသည်။

”ကျွန်တော်တို့ ဒီအလုပ် လုပ်လာတာ ၉ နှစ် ရှိသွားပြီ၊ ဒီမှာ ပဲနေပြီး ဒီမှာပဲ လုပ်စားလာတာ” ဟု ၅၂ နှစ်အရွယ် အုတ်ဖုတ် လုပ်သား ဦးသိန်းမြင့်က ဆိုသည်။ ထို့ အတူ ရေမြုပ်ကွင်းရွာမှ အုတ်ဖုတ် လုပ်သား ကိုလှခိုင်ကလည်း အုတ်ဖုတ် အလုပ်ကို လုပ်ကိုင်လာသည်မှာ ၁ဝ နှစ်ခန့်ရှိနေပြီ ဖြစ်ပြီး လုပ်ငန်း ရပ်ဆိုင်းသွားပါက တခြား အလုပ် လုပ် ရန် အဆင်သင့် မဖြစ်ပါက စားဝတ် နေရေး ခက်ခဲမည့် အပြင် သားသမီး သုံးယောက်၏ ပညာရေးမှာလည်း လမ်းဆုံး သွားနိုင်သည်ဟု ဆိုသည်။
”ကလေး သုံးယောက်စလုံး ဇီးဖြူကုန်းမှာ ကျောင်းထားတယ်။ ဒီအခြေအနေအတိုင်း ဆိုရင် ကလေး တွေကို ဒီနှစ် ကျောင်းထားနိုင်မှာ မဟုတ်တော့ဘူး” ဟု ၄င်းက ဆက်လက်ပြောဆိုသည်။

အုတ်ဖုတ် လုပ်သားများတွင် ဒေသခံ အနည်းငယ် ပါရှိသော်လည်း အများစုမှာ ရွှေ့ပြောင်း အလုပ်သမား များဖြစ်သည်။ ဧရာဝတီတိုင်း ဒေသ ကြီးနှင့် အထက်အညာမှ ရွှေ့ပြောင်း လာသူများ အများဆုံး ပါရှိပြီး ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာ မြို့နယ်မှ အချို့ကျေးရွာ များမှ ကမ်းပြိုမှုကြောင့် ပြောင်းရွှေ့ လာ ကြသော လက်လုပ်လက်စားများ လည်းပါ ရှိသည်ဟု အုတ်ဖုတ်လုပ်ငန်းရှင် ဦးစိုးကြီးက ပြောပြသည်။

အုတ်ဖုတ်လုပ်ငန်း များတွင် အုတ်ဖုတ်လုပ်သား အများအပြား လိုအပ်လေ့ ရှိပြီး အုတ် (၄/၅) သောင်း ပတ်ဝန်းကျင်ထွက် အုတ်ဖို အသေးစားများတွင် အလုပ်သမား ၁ဝဝ ထက် မနည်း လိုအပ်ပြီး အုတ် သုံးသိန်းအထက် အကြီးစား အုတ်ဖို များတွင် အလုပ်သမား ၅ဝဝ ခန့် အထိ လိုအပ်လေ့ ရှိသည်။

ရွှေပြည်သာ မြို့နယ်တွင် အုတ် ဖုတ်လုပ်ငန်း များကို ၁၉၉၄ ခုနှစ်မှ စ၍ နာမည်ကြီး ကုမ္ပဏီများက ဦးစီး လုပ်ကိုင်ခဲ့ကြသည်။
သို့ရာတွင် အစိုးရမှ အုတ်ဖုတ် လုပ်ငန်းများအား ဓာတ်ငွေ့ရောင်းချမှု ရပ်ဆိုင်းလိုက်သည့် ၁၉၉၆ ခုနှစ် တွင် တစ်နိုင်တစ်ပိုင် အုတ်ဖုတ် လုပ်ငန်းရှင်များက ကုမ္ပဏီကြီး များ ထံမှ မြေများကို လက်ပြောင်းဝယ် ယူခဲ့ပြီး အုတ်ဖုတ် လုပ်ငန်းကို ဆက်လက် လုပ်ကိုင်လာခဲ့သည်မှ ယနေ့အချိန်အထိ ဖြစ်သည်ဟု အုတ်ဖုတ်လုပ်ငန်းရှင် တို့က ဆိုကြသည်။

”၂ဝဝ၉ အထိတော့ လုပ်ငန်း လိုင်စင် ထုတ်ပေးတယ်၊ အခွန်လည်း ၂ဝ ရာခိုင်နှုန်း ဆောင်ရတယ်။ ၂ဝဝ၉ ခုနှစ် နောက်ပိုင်းမှာတော့ လိုင်စင် လည်း ချမပေးတော့ဘူး၊ အခွန် လည်း မကောက်တော့ဘူး” ဟု အုတ်ဖုတ် လုပ်ငန်းရှင် ကိုစိုးကြီးက ပြောသည်။
ထို့နောက် ၂ဝ၁၁ ခုနှစ် အုတ် ဖုတ်ရာသီ၌ အုတ်ဖုတ် လုပ်ငန်းများမှာ တရားဝင် ခွင့်ပြုထားခြင်းမရှိ ဟူသော အကြောင်းပြချက်ဖြင့် မြို့နယ် ထွေ/ အုပ်ရုံးမှ လုပ်ငန်း ရပ်ဆိုင်း ရမည့် အကြောင်းကြားစာ ပေးပို့ခဲ့သည်။

သို့ရာတွင် အုတ်ဖုတ် ရာသီ တွင်လည်းဖြစ် အုတ်ဖုတ်လုပ်သား များ၏ သားသမီးပညာရေး အခက် အခဲတို့ကြောင့် ရန်ကုန်တိုင်းဒေသ ကြီး အစိုးရထံသို့ အသနားခံစာ တင်ခဲ့ကြရာ အခြေခံပညာကျောင်း များ ပိတ်မည့် အချိန်တွင် အပြီးအပိုင် ဖျက်သိမ်းဆောင်ရွက်သွားရန် အ ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူးရုံးမှ ညွှန်ကြားစာပေးပို့ ခဲ့သည်။
၂ဝ၁၂ ဖေဖော်ဝါရီလတွင် တရားဝင် အုတ်ဖုတ်လုပ်ငန်း လိုင်စင်များပေးမည်ဟု ဆိုကာ စာရင်း ကောက်ယူခဲ့ပြီး မြို့နယ်ထွေ/အုပ် ရုံးက တရားမဝင် အုတ်ဖုတ်လုပ်ငန်း လုပ်ကိုင်၍ လယ်ယာမြေများ ပျက်စီး စေမှုဖြင့် ထိုစာရင်းပါ အုတ်ဖုတ် လုပ်ငန်းရှင် ၄၃ ဦးအား တရားစွဲ ဆိုထားသည်ဟု သိရသည်။

”ကျောင်းပြီးတဲ့ အထိဆို ပုံမှန် ၃ လပိုင်းအထိပေါ့” ဟု လူလတ် ပိုင်းအရွယ် အုတ်ဖုတ်လုပ် ငန်းရှင် စိုင်းဇွဲပြည်မောင်က ပြော သည်။
”မြေသိမ်းတာတော့ မဟုတ် ဘူး။ လုပ်ငန်းဆက်လုပ် ခွင့်မပြုတာ။ ပြီးတော့ တရားမဝင် လုပ်ခဲ့တယ် ဆိုပြီး တရားစွဲထားတာ” ဟု ၄င်းက ပြောသည်။

ယခု အခြေအနေအတိုင်းဆို လျှင် အုတ်ဖုတ် လုပ်ငန်းများ ရပ်ဆိုင်းရမည် ဖြစ်ပြီး လုပ်ငန်းရှင်များ အနေ ဖြင့် မထောင်းသာ လှသော်လည်း ၄င်းတို့ကို အမှီအခို ပြုနေသော အုတ် ဖုတ်လုပ်သားတို့ အတွက်မှာမူ စား ဝတ်နေရေး၊ သားသမီး ပညာရေးတို့ အတွက် အခက်အခဲများ သေချာ ပေါက် ရှိလာနိုင်ပေလိမ့်မည်။

”လုပ်ငန်းတွေ ရပ်ဆိုင်းထား တာ တစ်လနီးပါး ရှိနေပြီ။ ဒါပေမဲ့ အလုပ်သမားတွေကို ဒီမှာပဲ နေခိုင်း ထားရပြီး တခြား အလုပ်ရှာခိုင်းထား ရတယ်။ အပြန်အလှန် အကျိုးပြုပြီး နေလာတဲ့ လူအချင်းချင်း သူတို့ အခက်အခဲ ကြုံတာ ကြည့်မနေရက် ဘူး။ ဒါပေမဲ့ အကြာကြီး တောင့် ခံနိုင်မှာတော့ မဟုတ်ဘူး” ဟု လုပ် ငန်းရှင် တစ်ဦးက ဆိုသည်။
နှစ်ပေါင်းများစွာ အုတ်ဖုတ် လုပ်ငန်း လုပ်ကိုင်လာမှုကြောင့် ထိုဒေသများမှာ စိုက်ပျိုးထွန်ယက် ၍ မရနိုင်တော့ကြောင်း၊ ထို့ကြောင့် အုတ်ဖုတ် လုပ်ငန်းကို ဆက်လက် လုပ်ကိုင်ခွင့် ပေးပါက အလုပ်သမား များအတွက်ပါ အဆင်ပြေသွားနိုင် မည်ဖြစ်ကြောင်း ရွှေပြည်သာ မြို့နယ် မှ ကျူရှင်ဆရာ တစ်ဦးကဆိုသည်။

”မြေမကောင်းတာ မဟုတ် ဘူး၊ နေရာတိုင်းမှာ အုတ်ခဲကျိုး တွေရှိနေလို့ စိုက်ပျိုးလို့ မကောင်းတာ အလုပ်သမားတွေ အတွက် တခြား အစီအစဉ် အစားထိုးစရာ မရှိသေး ခင် ဒီလုပ်ငန်းကို ဆက်လုပ်ခိုင်းလိုက်ရင် သူတို့တွေ အဆင်ပြေ သွားမယ်ထင်တယ်။ အလုပ်ရှင်ကတော့ ဒီအလုပ် မလုပ်ရ၊ နောက်အလုပ် တစ်ခု ပြောင်းပေါ့” ဟု ၄င်းက ဆိုသည်။
ယခုကိစ္စနှင့် ပတ်သက်ပြီး ရွှေ ပြည်သာထွေ/အုပ်ရုံး သို့ ဆက်သွယ် မေးမြန်းရာတွင် လုပ်ငန်း ရပ်ဆိုင်းရ မည်မှာ မှန်ကန်ပြီး အုတ်ဖုတ် လုပ်ငန်းရှင် ၄၃ ဦးအား တရား စွဲဆို ထား သည်မှာလည်း မှန်ကန်ကြောင်း သိ ရသည်။

”ဟုတ်တယ်ဗျ၊ စည်ပင်နယ် နိမိတ် ဖြစ်တာရယ်။ စိုက်ပျိုးနိုင်တဲ့ မြေတွေမှာ တရားဝင် လိုင်စင်မရှိဘဲ အုတ်ဖုတ်လုပ်ငန်း လုပ်ကိုင်တာရယ် ကြောင့် တရားစွဲထားတာပါ” ဟု ထွေ/အုပ်ရုံး အုပ်ချုပ်ရေးမှူး ဦးအောင် မိုးဦးက ပြောသည်။
တရားလို၊ တရားခံ၊ တရားဆိုင် စဲ ကာလဖြစ်ပြီး ရုံးချိန်းခြောက်ကြိမ် အနက် ၄င်းအနေဖြင့် မအားလပ် သဖြင့်တစ်ကြိမ်သာ ရုံးချိန်းတက် ရောက်ခဲ့သည်ဟု ဆိုသည်။

အုတ်ဖု တ်လုပ်ငန်း ရပ်ဆိုင်း သွားပါက အလုပ်သမား သုံးသောင်း ထက်မနည်း အလုပ်လက်မဲ့ ဖြစ်ရမည့် အရေးနှင့် ပတ်သက်၍မူ ၄င်းတို့ အနေဖြင့် တစ်စုံတစ်ရာ စီမံထားမှု မရှိကြောင်း၊ အထက်မှလည်း တစ် စုံတစ်ရာ ညွှန်ကြားထားခြင်း မရှိ ကြောင်း ၄င်းက ဆိုသည်။

ရွှေပြည်သာ မြို့နယ်တွင် အုတ် ဖုတ်လုပ်ငန်းများ ရပ်ဆိုင်းရန် ညွှန် ကြားထားပြီး ပုဂ္ဂလိက အုတ်ဖုတ် လုပ်ငန်းရှင် ၄၃ ဦးအား တရားစွဲဆို ထားသည်ဟု ဒေသခံ အချို့က ဆိုကြသည်။
Popular Myanmar News Journal
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )