22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, May 2, 2012

မလေးရှား လုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေ

မလေးရှား စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန်နှင့် ကုန်သွယ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် အထူး စိတ်ဝင်စားနေကြကြောင်း ဧပြီလ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်တွင် ကျင်းပသော မလေးရှား-မြန်မာ စီးပွားရေးဖိုရမ်၌ မလေးရှား လုပ်ငန်းရှင်များ၏ ပြောကြားချက်အရ သိရသည်။
''မလေး စီးပွားရေးလုပ်ငန်းရှင်တွေက အခုမှ ၀င်လာကြတာပါ။ သူတို့က မြန်မာနိုင်ငံမှာ သူတို့ရင်း နှီးမြုပ်နှံဖို့ အလားအလာကောင်းတွေ အများကြီးရှိတယ်လို့ ယုံကြည်ကြတယ်။ ဒါပေမယ့် တချို့ဈေးကွက်တွေကတော့ တရုတ်နဲ့ ယှဉ်ပြိုင်ရလိမ့်မယ်။ ဒါကိုတော့ သူတို့ သိတယ်။ အထူးသဖြင့် စွမ်းအင်ကဏ္ဍတွေလည်း စိတ်ဝင်စားတယ်။ စိုက်ပျိုးရေးကဏ္ဍတွေလည်း စိတ်ဝင်စားသလို ဆိုလာစွမ်းအင်လို ကဏ္ဍမျိုးတွေက အစပေါ့။ အခုတော့ ကျွန်တော်တို့ ကုမ္ပဏီနဲ့ မလေးက အလှကုန်ပစ္စည်းတင်သွင်းဖို့ နားလည်မှု စာချွန်ရေးထိုးလိုက်ပါတယ်''ဟု ဇီဇ၀ါကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )