22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, May 2, 2012

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ခရီးစဉ်အတွင်း မြန်မာစီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ပြီး လုပ်ငန်း ၁၅ ခုမှ နိုင်ငံတကာ သဘောတူညီမှု စာချုပ်တွင် လက်မှတ်ရေးထိုး

552
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ပြီး လုပ်ငန်း ၁၅ ခုမှ ကုလသမဂ္ဂမှ ချမှတ်ထားသော အချက် ၁၀ ချက်ပါဝင်သည့် ကမ္ဘာ့နိုင်ငံများ သဘောတူညီချက် Global Compact ကို မေလ ၁ ရက်နေ့က ရန်ကုန်မြို့ဆီဒိုးနား ဟိုတယ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။
“အခုအချိန်မှာ မြန်မာနိုင်ငံဟာ အပြောင်းအလဲဘက်ကို ဦးတည် ရွေ့လျားနေတဲ့ Transition Period ဖြစ်တဲ့အတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းတွေနဲ့အတူ နိုင်ငံတကာက စီးပွားရေး လုပ်ငန်းတွေကလည်း မြန်မာနိုင်ငံကို ၀ိုင်းဝန်းကူညီဖို့ အသင့်ပါပဲ။ အလားတူပဲ စီးပွားရေး လုပ်ငန်းတွေ လိုက်နာရမယ့်ကျင့်ဝတ် တွေလည်း ရှိပါတယ်။ အခု Global Compact မှာ အချက် ၁၀ ချက် ပါဝင်ပြီးတော့ ဒီ ၁၀ ချက်ကို    ကုမ္ပဏီတွေက လိုက်နာပါမယ်ဆိုပြီး လက်မှတ်ရေးထိုးရမှာပါ။ မြန်မာနိုင်ငံဟာ နိုင်ငံတကာ အ၀န်းအ၀ိုင်း နဲ့ ချိတ်ဆက်လုပ်ဆောင်ဖို့ လိုလာတဲ့အခါ လိုက်နာစရာစည်းမျဉ်း စည်းကမ်းတွေ ရှိပါတယ်။ UN အနေနဲ့လည်း အကူအညီပေးဖို့ အသင့်ပါပဲ။ စီးပွားရေးလုပ်ငန်းတွေ အနေနဲ့တော့ ကျင့်ဝတ်တွေကို လေးစားလိုက်နာဖို့လိုပါတယ်။ Private Sector တွေရဲ့ အခန်းကဏ္ဍကလည်း အရေးပါပါတယ်။ တာဝန်ယူမှု အပြည့်ရှိဖို့လည်း လိုအပ်ပါတယ်။ လုပ်ငန်းခွင်မှာ အမျိုးသမီးတွေရဲ့ အခွင့်အရေး၊ အလုပ်သမားတွေရဲ့ အခွင့်အရေး၊ အထူးသဖြင့် ကလေးငယ်တွေ အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ လိုပါတယ်။ ဒီနေ့ဟာ ကမ္ဘာ့သဘောတူညီရေးကို မြန်မာနိုင်ငံကစ ပြီးတော့ သဘောတူ လက်မှတ်ရေးထိုးတဲ့နေ့ ဖြစ်တဲ့အတွက် mile stone ဖြစ်ပွားပါပြီ။ နောက်တစ်ခုက သဘာဝပတ်ဝန်းကျင်ကို လုံခြုံစိတ်ချရစေဖို့ လိုက်နာရမယ့် အချက်တွေကို လက်ခံဆောင်ရွက်နိုင်ဖို့ လိုပါတယ်။ ဒါကြောင့် အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ကုမ္ပဏီတွေကလည်း ပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်ပါတယ်”ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ပြောကြားခဲ့သည်။
“ဒီနေ့ ကုမ္ပဏီတွေက လက်မှတ်ထိုးတဲ့အခါ နိုင်ငံတကာ သဘောတူညီချက်တွေကို လိုက်နာပါ့မယ်လို့ သဘောတူပြီး လက်မှတ်ရေးထိုးရတယ်။ စုစုပေါင်း ၁၅ ခုပေါ့။ ဒါပေမယ့် ဒီနေ့အခမ်းအနားမှာ ပေးထားတဲ့ခေါင်းစဉ်က “promoting Responsible Business in times of transition - Towards Inclusive job creation and Sustainable Development”လို့ပေးထားတယ်။ ရေရှည် Sustain ဖြစ်ဖို့အတွက်ဆိုရင်တော့ အဓိကက သစ်ထုတ်တဲ့ကုမ္ပဏီကြီးတွေ၊ ဥပမာ ပိုးသတ်ဆေးထုတ်တဲ့ ကုမ္ပဏီတွေ၊ အရက်ချက်တဲ့ ကုမ္ပဏီတွေပါဝင် လက်မှတ်ရေးထိုးနိုင်ဖို့ လိုပါတယ်။ ဒါမှလည်း Sustainable Development ဖြစ်မှာပါ”ဟု ECO .DEV မှ ဦးဝင်းမျိုးသူက ပြောပြခဲ့သည်။
ယင်း အကြောင်းအရာများနှင့် ပတ်သက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးဝင်းအောင်က လတ်တလောတွင် ၎င်း၏ကုမ္ပဏီ အပါအ၀င် ကုမ္ပဏီ၁၅ ခုမှ လက်မှတ်ရေးထိုးလိုက်ကြောင်း၊ နောက်ပိုင်းတွင် အခြားကုမ္ပဏီများလည်း ပါဝင်လက်မှတ်ရေးထိုး လာလိမ့်မည်ဟု ယုံကြည်ကြောင်း၊ အဓိက ၁၀ချက်တွင် သဘာဝပတ်ဝန်းကျင် ကိစ္စတစ်ခုတည်း သာမကဘဲ force labour  ကိစ္စ၊ အခြားလူ့အခွင့်အရေး ဆိုင်ရာ ကိစ္စရပ်များလည်း ပါဝင်ကြောင်း ပြောပြခဲ့သည်။
အဆိုပါ Global Compact တွင် principle ၁၀ ခုပါဝင်ပြီး၊ Force labour, Child labour, Human rights?  Environmental နှင့်ပတ်သက်ပြီး ရေရှည်တည်တံ့သော Sustainable development ဖြစ်ရမည့် အနေအထားများကို သက်ဆိုင်ရာကုမ္ပဏီများက လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရှိရသည်။
လက်ရှိ လက်မှတ်ရေးထိုးသည့် ကုမ္ပဏီများတွင် ဘိလပ်မြေ စက်ရုံများ၊ အရက်ချက်စက်ရုံများ၊ သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေ သောလုပ်ငန်းများပါဝင်သင့်ကြောင်း သစ်ထုတ်နေရင်းနှင့် ယခုကဲ့သို့ လက်မှတ်ထိုးခြင်းမျိုးမှာ အဓိပ္ပာယ်မရှိကြောင်း၊ မြန်မာနိုင်ငံတွင်ရှိနေသော သစ်ထုတ်လုပ်သည့် လုပ်ငန်းများ အားလုံး Sustainable ဖြစ်သည့် လုပ်ငန်းမျိုး သိပ်မတွေ့ရကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် အကျိုးအမြတ် တစ်ခုတည်းကိုသာ မကြည့်ဘဲ ၎င်းတို့၏လူမှုရေးနှင့် ပတ်ဝန်းကျင်ရေးရာများတွင် တာဝန်ယူမှု ရှိစေလိုသောကြောင့်  UN မှ ဦး ဆောင်သည့် ယခုကဲ့သို့ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ကုမ္ပဏီများအား ကိုယ်ကျိုးမကြည့်ဘဲ အများအတွက်လည်း တာဝန်ယူစေရန် ရည်ရွယ်ကြောင်း သုံးသပ်ကြပါသည်။
UN Global Compact သည် လူ့အခွင့်အရေး၊ အလုပ်သမားရေး၊ သဘာဝပတ်ဝန်းကျင်နှင့် ခြစားမှု တိုက်ဖျက်ရေးစသည့် မူ ၁၀ ချက် နှင့်အညီ ချိန်ညှိဆောင်ရွက်ရန် စီးပွားရေးလုပ်ငန်းများအတွက် မဟာဗျူဟာမြောက် မူဝါဒရေးရာ အစီအစဉ်ဖြစ်သည်။
နိုင်ငံပေါင်း ၁၃၀ ကျော်တွင် ကော်ပိုရေးရှင်းနှင့် အခြားသက်ဆိုင်သူများ ၈၇၀၀ ကျော်ပါဝင် ဆောင်ရွက်နေကြပြီး ကမ္ဘာပေါ်တွင် ကော်ပိုရေးရှင်းတာဝန်ရှိမှုကို စေတနာအလျောက် ဆောင်ရွက်နေသည့် အကြီးဆုံး လုပ်ငန်းတစ်ခုဖြစ်သည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )