22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, May 17, 2012

PlayStation ဂိမ်းတွင် ဘိုင်ယန် တိုက်စစ်မှူး ဂိုမက်ဇ်နှင့် ရင်ဆိုင်ဖူးပြီး ဖြစ်ကြောင်း လူးဝစ်ဇ် အရွှမ်းဖောက်

ချန်ပီယံ လိဂ်တွင် ရင်ဆိုင်ရမည့် ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး မာရီယို ဂိုမက်ဇ်နှင့် ရင်ဆိုင်ဖူးခြင်း ရှိမရှိ မေးမြန်းမှုကို ချယ်လ်ဆီး နောက်ခံလူ ဒေးဗစ် လူးဝစ်ဇ်က PlayStation ဂိမ်းထဲတွင် ရင်ဆိုင်ဖူးကြောင်း အရွှမ်းဖောက် ဖြေကြားခဲ့သည်။

Sky Sports ၏ အားကစား အစီအစဉ် တင်ဆက်သူ မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူးဟောင်း ဂယ်ရီနဗီးလ်က လူးဝစ်ဇ်၏ ကစားပုံသည် (၁၀)နှစ်သား ကလေးတစ်ဦး ထိန်းချုပ်နေသည့် PlayStation ဂိမ်းထဲမှ အရုပ်သဖွယ် ဖြစ်နေကြောင်း ဝေဖန် ခဲ့ဖူးရာ လူးဝစ်ဇ်က ယင်းစကားကို အမှတ်တရ ကိုးကား ဖြေဆိုခဲ့ခြင်း ဖြစ်သည်။ အင်္ဂလန် ဂန္ထ၀င် ခံစစ်မှူးဟောင်း နဗီးလ်က ဘရာဇီးလ် လက်ရွေးစင် လူးဝစ်ဇ်၏ ခံစစ် ကစားပုံသည် မသေမသပ် ဖြစ်လွန်းကြောင်း ပြောဆို ဝေဖန်ခဲ့ခြင်း ဖြစ်သည်။


ယခု သီတင်းပတ်ကုန်တွင် အသက်(၂၅)နှစ်ရှိ လူးဝစ်ဇ်သည် ချန်ပီယံလိဂ် ဗိုလ်လုပွဲ အဆင့်တွင် ဂျာမန်လက်ရွေးစင် တိုက်စစ်မှူး ဂိုမက်ဇ်နှင့် ထိပ်တိုက် ရင်ဆိုင်ရမည် ဖြစ်သည်။ ဂျွန်တယ်ရီနှင့် ဘရာနီဆလက်ဗ် အိုင်ဗန်နိုဗစ်တို့ ပွဲပယ် ခံထား ရချိန်တွင် ချယ်လ်ဆီးသည် အာဂျန်ရော်ဘန်၊ ဖရန့်ခ် ရစ်ဘာရီတို့၏ ပံ့ပိုးမှုများဖြင့် အကောင်းဆုံး ဂိုးသွင်းစွမ်းရည် ရရှိနေသော ဂိုမက်ဇ်ကို ထိန်းချုပ်ရေးသည် အခက်အခဲများ ဖြစ်လာဖွယ် ရှိသည်။ သတင်းထောက်များက ဂိုမက်ဇ်နှင့် ရင်ဆိုင်ဖူးခြင်း ရှိမရှိ မေးမြန်းရာ ဘင်ဖီကာ ခံစစ်မှူးဟောင်းက "ဂိုမက်ဇ်လား။ ကျွန်တော် သူ့ကို PlayStation ထဲမှာ ယှဉ်ကစား ဖူးတယ်လေ"ဟု ခပ်ပြုံးပြုံး ဖြေဆိုခဲ့သည်။

၎င်းသည် ဒဏ်ရာရနေသဖြင့် ကာလ အတန်ကြာ အနား ယူခဲ့ ရသော်လည်း ယခုအခါတွင် ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝလာပြီ ဖြစ်သည်။ လူးဝစ်ဇ်က "ကျွန်တော် နေ့တိုင်း ကုသမှု ခံယူခဲ့ပါတယ်။ မနက်ရော၊ နေ့လယ်ရော၊ ညနေရောပေါ့။ ခုတော့ ကျွန်တော် ပျော်ပျော်ရွှင်ရွှင် လေ့ကျင့်ခန်း ဆင်းနေပါပြီ။ ကျွန်တော် လှုပ်ရှားမှုတိုင်းကို လုပ်လာနိုင်တယ်။ အသင်းနဲ့အတူ (၁၀၀)ရာခိုင်နှုန်း လေ့ကျင့်နေပါပြီ" ဟုလည်း ပြောကြားသွားခဲ့သည်။
Ref: Daily Mail
ဂိုမက်ဇ်လား။ ကျွန်တော် သူ့ကို PlayStationထဲမှာ ယှဉ်ကစားဖူးတယ်လေ...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )