22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, June 9, 2012

ပိုလန် အရန် ဂိုးသမားကို ချီးကျူးလိုက်သည့် ဆက်ဇနီ

ပိုလန် ဂိုးသမား ဝေါ့ဆစ်ခ်ျ ဆက်ဇနီက ၎င်းအနီကတ် ထိချိန်တွင် လူစားဝင်ပြီး ပင်နယ်တီက ကာကွယ်သွားသည့် ပရီဇမစ်ဆလော တစ်တန်ကို ချီးကျူး ပြောကြားလိုက်သည်။


ဆက်ဇနီသည် ဂရိနှင့်ပွဲတွင် ပြိုင်ဘက် တိုက်စစ်မှူးအား ဧရိယာထဲတွင် တားဆီးခဲ့ရာ Last Defender အနေအထား ဖြစ်နေခြင်းကြောင့် ဒိုင်လူကြီးက ၎င်းအား တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်ခဲ့သည်။ အာဆင်နယ် အသင်း၏ လူငယ် ဂိုးသမားက အနီကတ်ကြောင့် စိတ်ပျက်မိသော်လည်း တစ်တန်အတွက် ချီးကျူး ဂုဏ်ပြုပါကြောင်း ပြောဆိုခဲ့သည်။ "ကျွန်တော် စိတ်တော့ အနှောင့်အယှက် ဖြစ်တာပေါ့။ ဘယ်သူမှ ခုလို အနေအထားမျိုးနဲ့ ကွင်းပြင် မထွက်ချင်ဘူးလေ။ ဒီပြိုင်ပွဲဟာ ကျွန်တော့် ကစားသမား ဘ၀မှာ အကြီးမားဆုံး မျှော်လင့်ထားတဲ့ အရာတစ်ခုပါ" ဟု ဆက်ဇနီက ဖွင့်ဟခဲ့သည်။
အနီကတ် ပြခံလိုက်ရသည့် ဆက်ဇနီ

၎င်းက တစ်တန်နှင့် ပတ်သက်ပြီး "တစ်တန် ကွင်းထဲဝင်သွားပြီး ပင်နယ်တီကို လက်စွမ်းပြ ကာကွယ်သွားတာ တကယ့်ကို ချီးကျူးစရာပါပဲ။ တကယ်လို့ သူသာ ဒါမျိုး မလုပ်ပြနိုင်ခဲ့ဘူးဆိုရင် ပိုလန်ဟာ ရှုံးနိမ့်မှုနဲ့ ပွဲပြီး သွားလိမ့်မယ်" ဟုလည်း မှတ်ချက်ပြုခဲ့သည်။ ဆက်ဇနီသည် အနီကတ် ပြစ်ဒဏ်ကြောင့် အင်္ဂါနေ့တွင် ရုရှားနှင့် ကစားရမည့် ပွဲစဉ်အား သေချာပေါက် လွဲချော်မည်ဖြစ်သည်။ ပိုလန်သည် တိုက်စစ်မှူး ရောဘတ် လီဝင်ဒေါစကီး၏ ဂိုးဖြင့် ပွဲကို ဦးဆောင်ခဲ့သော်လည်း ဂရိဘက်မှ ဒီမီထရော့စ် ဆယ်လ်ပင်ဂီဒစ် သွင်းယူသော ချေပဂိုးကြောင့် (၁)ဂိုးစီ သရေဖြင့် ပွဲပြီးခဲ့သည်။
တစ်တန် ကွင်းထဲဝင်သွားပြီး ပင်နယ်တီကို လက်စွမ်းပြ ကာကွယ်သွားတာ တကယ့်ကို ချီးကျူးစရာပါပဲ။ တကယ်လို့ သူသာ ဒါမျိုး မလုပ်ပြနိုင်ခဲ့ဘူးဆိုရင် ပိုလန်ဟာ ရှုံးနိမ့်မှုနဲ့ ပွဲပြီးသွားလိမ့်မယ်...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )