မန်ချက်စတာ ယူနိုက်တက် အသင်းသည် ခရူဝီ အလက်ဇန္ဒား ကွင်းလယ်လူ နစ်ခ်ပိုဝဲလ်ကို ခေါ်ယူနိုင်ရန် အပြီးသတ် သဘော တူညီမှု ရရှိခဲ့ပြီဟု သိရှိရသည်။
ခရူဝီကို ပထမတန်း တက်နိုင်အောင် ဦးဆောင် ကြိုးပမ်းပေးခဲ့သည့် ဂိုးသွင်းစွမ်းရည် မြင့်မားသော ကွင်းလယ် တိုက်စစ် ကစားသမားလေးအား ပေါင်စတာလင် (၄)သန်းဖြင့် မန်ယူက ခေါ်ယူနိုင်တော့မည်ဟု Daily Mail သတင်းစာက ဖော်ပြခဲ့သည်။ မန်ယူအသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်သည် ပိုဝဲလ်ကို သီတင်းပတ် အတော်များများ လိုက်လံ ချိတ်ဆက် ခဲ့ပြီးနောက် ယခုအခါတွင် အောင်မြင်မှု ရရှိသွားခြင်းဟု သတင်းများက ဆိုသည်။ ပိုဝဲလ်ကို အာဆင်နယ်နှင့် ချယ်လ်ဆီး အသင်းများကလည်း စိတ်ဝင်စားခဲ့သေးသည်။
မန်ယူသို့ ရောက်ရှိတော့မည့် ပိုဝဲလ်
မန်ယူ အသင်းသည် ပိုဝဲလ်၏ ခြေစွမ်းနှင့် ပွဲထွက်ခွင့် အရေအတွက်အရ ခရူဝီကို နောက်ထပ် အပိုဆောင်း ပေါင်စတာလင် (၂)သန်း ထပ်မံပေးချေသွားရန်လည်း သဘောတူညီထားကြောင်း သိရှိရသည်။ ဆယ်ကျော်သက် ကစားသမားလေး ပိုဝဲလ်သည် အင်္ဂလန်၏ အနာဂတ် အတောက်ပဆုံး လူငယ်လေး တစ်ဦးအဖြစ် သတ်မှတ် ခံထားရသူဖြစ်ပြီး မန်ယူသည် ၎င်းကို ခရူဝီထံ တစ်ရာသီ အငှားပြန်ချထားခြင်းမျိုး ပြုလုပ်နိုင်ဖွယ် ရှိနေသည်။ ဖာဂူဆန်သည် လတ်တလောတွင် မန်ယူအသင်း လူစာရင်း၌ ၀င်ရောက်နိုင်ဖွယ် မရှိသေးသည့် ပိုဝဲလ်အား ပုံမှန်ပွဲထွက် ကစားခွင့် အခြေအနေမျိုး ရှိနေစေလိုကြောင်း သတင်းများက ဖော်ပြခဲ့သည်။
ကြိုးပမ်းပေးခဲ့သည့် ဂိုးသွင်းစွမ်းရည် မြင့်မားသော ကွင်းလယ် တိုက်စစ် ကစားသမားလေးအား ပေါင်စတာလင် (၄)သန်းဖြင့် မန်ယူက ခေါ်ယူနိုင်တော့မည်ဟု Daily Mail သတင်းစာက ဖော်ပြခဲ့...
5:48 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com