22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, June 9, 2012

ကိုယ့်ဂိုး ကိုယ်သွင်းသည့် ဖူဆယ် ကစားသမား များအား ပွဲပယ်ပြစ်ဒဏ်များ အသီးသီးချမှတ်

 
MFF AYA Futsal Cup 2012 ပြိုင်ပွဲတွင် နာမည်ကြီး အသင်းတစ်သင်း ဖြစ်သည့် ACE အသင်းနှင့် ရှောင်လွှဲလို၍ ကိုယ့်ဂိုးကိုယ်သွင်း ခဲ့ကြသည့် Best Friend နှင့် Victoria University အသင်းမှ ကစားသမားများအား ပွဲပယ် ပြစ်ဒဏ်များ အသီးသီး ချမှတ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၏ သတင်း ထုတ်ပြန်ချက်တွင် သက်ဆိုင်ရာ အသင်းနှစ်သင်းအား ပြင်းထန်စွာ သတိပေး မှတ်တမ်း တင်ခဲ့ကြောင်း သိရပြီး မိမိအသင်း ဂိုးပေါက်သို့ ဦးစွာ စကန်သွင်းခဲ့သည့် Victoria University အသင်းမှ နံပါတ် ၁၀ သူရအား အနီးကပ်ဆုံး ၂ပွဲပယ် ပြစ်ဒဏ် ချမှတ်ခဲ့ကာ ကိုယ့်ဂိုးကိုယ် ၃ကြိမ်တိုင်တိုင် ကန်သွင်းခဲ့သည့် Best Friend အသင်းမှ နံပါတ် ၄ နိုင်နိုင်ဦးအား ယခုနှစ် ပြိုင်ပွဲ ပြီးဆုံးသည် အထိ ပါဝင်ကစားခွင့် ပိတ်ပင်ခဲ့ကြောင်း သိရသည်။

မိမိအသင်း ဂိုးပေါက်သို့ ဦးစွာ စကန်သွင်းခဲ့သည့် Victoria University အသင်းမှ နံပါတ် ၁၀ သူရအား အနီးကပ်ဆုံး ၂ပွဲပယ် ပြစ်ဒဏ် ချမှတ်ခဲ့ကာ ကိုယ့်ဂိုးကိုယ် ၃ကြိမ်တိုင်တိုင် ကန်သွင်းခဲ့သည့် Best Friend အသင်းမှ နံပါတ် ၄ နိုင်နိုင်ဦးအား ယခုနှစ် ပြိုင်ပွဲ ပြီးဆုံးသည် အထိ ပါဝင်ကစားခွင့် ပိတ်ပင်ခဲ့...ဇွန်လ ၄ရက်နေ့က ကစားခဲ့သည့် အဆိုပါ ပွဲစဉ်တွင် Victoria University အသင်းမှ ၁-၀ဖြင့် ဦးဆောင်နေချိန်တွင် အနိုင်ရ နေသည့် အသင်းမှ နံပါတ် ၁၀ သူရက ကိုယ့်ဂိုးကိုယ်သွင်းကာ ၁-၁ ရလဒ် ဖြစ်စေခဲ့သည်။ ထို့နောက်တွင် Best Friend အသင်းမှ နံပါတ် ၄ နိုင်နိုင်ဦးက ၃ကြိမ်တိုင်တိုင် ကိုယ့်ဂိုးကိုယ် ကန်သွင်းခဲ့ကာ ၄-၁ ရလဒ်ဖြင့် Victoria University အသင်းအား အနိုင်ရ စေခဲ့ခြင်း ဖြစ်သည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )