22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, June 9, 2012

အီတလီ တိုက်စစ်မှူး ဘာလော့တယ်လီကို ဂရုတစိုက် စောင့်ကြည့် ရမည်ဟု ပီကေးဝန်ခံ

အီတလီ လက်ရွေးစင် တိုက်စစ်မှူး မာရီယို ဘာလော့တယ်လီအား စပိန်အသင်း အနေဖြင့် ဂရုတစိုက် ထိန်းချုပ် ရလိမ့်မည်ဟု ဂျရတ်ပီကေးက သတိပေး ပြောဆိုလိုက်သည်။


ဘာစီလိုနာနှင့် စပိန်လက်ရွေးစင် အသင်းတို့၏ ဗဟိုခံစစ် ကစားသမားက မန်ချက်စတာ စီးတီး အသင်း၏ ရှေ့တန်းလူ ဘာလော့တယ်လီသည် မိမိတို့ အသင်းအား ခြိမ်းခြောက်နိုင်စွမ်း အပြည့်ရှိကြောင်း ၀န်ခံခဲ့သည်။ စပိန်သည် အဓိက ဆုဖလားကြီး (၃)ခုဆက် ရယူနိုင်မည့် သမိုင်းဝင် အောင်ပွဲအတွက် ယခုအခါ ဥရောပဖလား ပြိုင်ပွဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဘာလော့တယ်လီ ပါဝင်သော အီတလီသည် စပိန်နှင့် အုပ်စု(C)တွင် ထိပ်တိုက် တွေ့ဆုံလျှက် ရှိနေပြီး တနင်္ဂနွေနေ့တွင် ထိုနှစ်သင်း ရင်ဆိုင်ရမည် ဖြစ်သည်။
အီတလီအတွက် ဂိုးသွင်းပေးနိုင်မည့် ဘာလော့တယ်လီ

ပီကေးက "ကျွန်တော်တို့ ဘာလော့တယ်လီကို မျက်ခြေမပြတ် စောင့်ကြည့်နေရလိမ့်မယ်။ သူဟာ ပွဲတစ်ပွဲရဲ့ အနိုင်ရလဒ်ကို ဖန်တီးနိုင်တဲ့ ကစားသမားမျိုးပါ။ ဘာလော့တယ်လီဟာ ဘောလုံးကို နိုင်နိုင်နင်းနင်း ရယူပြီး မထင်မှတ်တဲ့ အနေအထားကနေ ဂိုးသွင်းနိုင်သူ ဖြစ်ပါတယ်။ သူဟာ စပိန်ကို အချိန်မရွေး ဒုက္ခပေးလာနိုင်တယ်"ဟု ပြောကြားခဲ့သည်။ အီတလီသည် လုပ်ပွဲ အရှုပ်တော် ပုံများကြောင့် နာမည် ပျက်နေရပြီး ခြေစမ်း ပွဲများတွင်လည်း ရလဒ် မကောင်းဘဲ ရှုံးပွဲဆက်လျှက် ရှိနေသည်။

ကျွန်တော်တို့ ဘာလော့တယ်လီကို မျက်ခြေမပြတ် စောင့်ကြည့်နေရလိမ့်မယ်။ သူဟာ ပွဲတစ်ပွဲရဲ့ အနိုင်ရလဒ်ကို ဖန်တီးနိုင်တဲ့ ကစားသမားမျိုးပါ။ ဘာလော့တယ်လီဟာ ဘောလုံးကို နိုင်နိုင်နင်းနင်း ရယူပြီး မထင်မှတ်တဲ့ အနေအထားကနေ ဂိုးသွင်းနိုင်သူ ဖြစ်ပါတယ်။ သူဟာ စပိန်ကို အချိန်မရွေး ဒုက္ခပေးလာနိုင်တယ်...
့သော်လည်း (၁၉၈၆)ခုနှစ်နှင့် (၂၀၀၆)ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲများတွင် အီတလီသည် လုပ်ပွဲဂယက် ရိုက်ခတ်မှုမှ နိုးထကာ ချန်ပီယံ ဖြစ်ခဲ့သည်ကို သတိပြုရမည်ဟု ပီကေးက ထောက်ပြခဲ့သည်။ "ပြောရရင် အီတလီဟာ လူတွေ လျှော့တွက်တာ ခံရတဲ့ အချိန်မှာ ပိုပြီး အန္တရာယ် ပေးလာတတ်တယ်။ သူတို့ဟာ တကယ့်ကို ယှဉ်ပြိုင်ဖို့ ခက်ခဲတဲ့ ပြိုင်ဘက်ပါ။ အီတလီဟာ ကျွန်တော်တို့ အသင်းအတွက် စမ်းသပ်မှု တစ်ခုလည်း ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် စပိန်ဟာ ကိုယ်လုပ်နိုင်တာ အားလုံးကို အကောင်းဆုံး ကြိုးစား အာရုံစိုက်ပြီး ရှေ့ဆက်သွားဖို့ပဲ အရေးကြီးပါတယ်။ ကမ္ဘာပေါ်မှာ၊ ဥရောပမှာ အကောင်းဆုံး အသင်းက လောလောဆယ် တစ်သင်းပဲ ရှိနေတယ်လေ" ဟု ပီကေးက ပြောဆိုသွားသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )