22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, June 9, 2012

လီဝင် ဒေါစကီးကို မန်ယူ ခေါ်ယူနိုင်ဖွယ် ရှိကြောင်း ပိုလန်နည်းပြ ပြောကြား

မန်ချက်စတာ ယူနိုက်တက် အသင်း အနေဖြင့် ရောဘတ် လီဝင်ဒေါစကီးကို ခေါ်ယူနိုင်ရန် အလားအလာ အလွန် ကောင်းနေကြောင်း ပိုလန်အသင်း နည်းပြက ထုတ်ဖော် ပြောကြားလိုက်သည်။

ဂျာမန် ချန်ပီယံ ဘိုရပ်ရှား ဒေါ့တ်မန် အသင်းသည် ၎င်းတို့၏ အားထားရသော ဂိုးသွင်းစက်ကို ရောင်းထုတ်မည် မဟုတ်ဟု ပြောဆိုထားသော်လည်း လီဝင်ဒေါစကီးသည် အိုးလ်ထရက်ဖို့ဒ်နှင့် အလွန် နီးစပ်နေကြောင်း ၎င်း၏ လက်ရွေးစင်အသင်း နည်းပြဖြစ်သူ ဖရန်ဆစ်ဇက်ခ် စမူဒါက ဖွင့်ဟခဲ့သည်။ မန်ယူအသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်သည် ဂျာမန် ပိုကယ်လ်ဖလား ဗိုလ်လုပွဲတွင် ဘိုင်ယန်မြူးနစ်ဘက် Hat-Trick သွင်းယူခဲ့သည့် လီဝင်ဒေါစကီး၏ ခြေစွမ်းကို အလွန် နှစ်သက် အထင်ကြီးလျှက် ရှိနေသည်။
ပိုလန် အတွက် ဂိုးသွင်းအပြီးအောင်ပွဲခံနေစဉ်

မန်ယူသည် ဒေါ့တ်မန်တွင် လီဝင်ဒေါစကီးနှင့် အတွဲညီညီ ကစားနေသည့် ဂျပန်လက်ရွေးစင် ကွင်းလယ် တိုက်စစ် ကစားသမား ရှင်ဂျီကာဂါဝါကိုမူ ခေါ်ယူရန် သဘော တူညီမှု ရရှိထားပြီး ဖြစ်သည်။ အသက်(၂၃)နှစ်ရှိ လီဝင်ဒေါစကီး အပါအ၀င် လူးကက်စ် ပစ်ဇက်ခ်နှင့် ကူဘာ ဘလက်ဇီကောစကီးတို့ (၃)ဦးသည် ဒေါ့တ်မန် အသင်းကို အသီးသီး စွန့်ခွာ သွားလိမ့်မည်ဟု စမူဒါက မှတ်ချက်ပြု ပြောဆိုသွားသည်။ စမူဒါက "ကျွန်တော့် အမြင်အရတော့ သူတို့ဟာ ဒေါ့တ်မန်အတွက် ဆက်ကစားပေးမယ် မထင်ဘူး။ လီဝင်ဒေါစကီးက မန်ယူကို သွားလိမ့်မယ်။ ဘလက်ဇီကောစကီးက အင်္ဂလန်က ကလပ်တစ်ခုခုကို ပြောင်းရွှေ့နိုင်ပါတယ်။ ပစ်ဇက်ခ်ကတော့ ရီးယဲလ်မက်ဒရစ်ကို ရောက်နိုင်ပါတယ်" ဟု သုံးသပ်ခဲ့သည်။

စမူဒါက "သူတို့အားလုံးဟာ ပိုပြီး တိုးတက်ချင်စိတ် ရှိသူတွေပါ။ သူတို့မှာ ကောင်းမွန်တဲ့ ရည်မှန်းချက်တွေလည်း ရှိနေတယ်။ ကျွန်တော့် အသင်းဟာ သူတို့ (၃)ယောက်အပေါ် အခြေခံပြီး ခင်းကျင်းထားရတာ ဖြစ်ပါတယ်"ဟုလည်း ဆိုသည်။ လီဝင်ဒေါစကီး၏ အေးဂျင့်ဖြစ်သူက စာချုပ်သက်တမ်း (၂)နှစ်သာ ကျန်တော့သည့် ၎င်း၏ ကစားသမားကို မန်ယူက စိတ်ဝင်စားနေကြောင်း အတည်ပြုခဲ့သည်။ မိတ်ခ်ဘာသယ်လ်က "ဒေါ့တ်မန်က စာချုပ်သစ် ကမ်းလှမ်းပေမယ့် လုံလောက်မှု မရှိပါဘူး။ မန်ယူက လီဝင်ဒေါစကီးကို လိုချင်နေတယ် ဆိုတာကို ကျွန်တော် အတည်ပြုနိုင်ပါတယ်" ဟု ပြောကြားခဲ့သည်။ လီဝင်ဒေါစကီးသည် ပိုလန်နှင့် အတူ ဥရောပ ဖလားတွင် ခြေစွမ်းပြနေပြီး ပြိုင်ပွဲ၏ အဖွင့်ဂိုးကို ယမန်နေ့ညက သွင်းယူနိုင်ခဲ့သည်။

ကျွန်တော့် အမြင်အရတော့ သူတို့ဟာ ဒေါ့တ်မန်အတွက် ဆက်ကစားပေးမယ် မထင်ဘူး။ လီဝင်ဒေါစကီးက မန်ယူကို သွားလိမ့်မယ်။ ဘလက်ဇီကောစကီးက အင်္ဂလန်က ကလပ်တစ်ခုခုကို ပြောင်းရွှေ့နိုင်ပါတယ်။ ပစ်ဇက်ခ်ကတော့ ရီးယဲလ်မက်ဒရစ်ကို ရောက်နိုင်ပါတယ်...
ဖာဂူဆန်သည် ဒေါ့တ်မန်မှ တတိယမြောက် ကစားသမား တစ်ဦးအဖြစ် နောက်ခံလူ မတ်ဟမ်မဲလ်ကို ပစ်မှတ်ထားခဲ့သော်လည်း ကစားသမားသည် ဂျာမန် အသင်းနှင့်ပင် စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှု ရရှိသွားခဲ့သည်။
Ref:Dailymail
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )