22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, September 3, 2012

ယနေ့လူငယ်တွေ အတုယူရမယ့် ထူးအိမ်သင် စိတ်ဓာတ်


 

လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုကျော်က ထူးအိမ်သင်နဲ့ အတူ ကော်နီ၊ ရဲသွင်တို့ မစ္စတာဂစ်တာမှာ ပေါ့ပါးစွာ သီချင်းဆိုနေကြတဲ့ ပုံလေး တစ်ပုံကို အင်တာနက်ဖေ့စ် ဘုတ်မှာ မြင်မိတာကြောင့် အဆိုတော် ကော်နီကို ထူးအိမ်သင် ကွယ်လွန်ခြင်း ၈ နှစ်ပြည့် အမှတ်တရအနေနဲ့ မေးကြည့်ဖြစ်ခဲ့တဲ့အခါ ထူးအိမ်သင်ထက် ၃ နှစ်လောက်စောပြီး ဂီတလောကကို ဝင်လာတဲ့ ကော်နီက
"သူက အဆိုတော်တစ်ယောက်၊ တေးရေးဆရာတစ်ယောက်လို့ မခံယူဘူး။ အေးအေးဆေးဆေးလေးပဲ နေတတ်တယ်။ ရိုးရိုးသားသားပဲ။ နာမည်ကြီးလည်း ဒီပုံစံပဲ။ ကိုငှက်ကို စတွေ့ကတည်းက ဒီပုံစံနဲ့ မြင်တော့ သူဆုံးတဲ့အထိ မပြောင်းလဲဘူး။ သူများကိုလည်း ကူညီတတ်တယ်။ ဟာမိုနီတွေ လိုရင်လည်း သူဝင်ဆိုပေးတယ်။ သူ့နာမည် ထည့်မသုံးဘူး။ သူ့ကို ငွေရေးကြေးရေး စကားပြောလို့မရဘူး။ အခုခေတ်လိုမျိုးဆို ကြိုက်မှာမဟုတ်ဘူး။ တကယ့်ကို အနုပညာရှင်အစစ်ပဲ။ ငွေတွေလာပုံပေးလည်း သူဆိုချင်မှဆိုတာ။ တစ်ခါတလေကျရင် သူ့မိန်းမ မိသွယ်နဲ့ အစ်မနဲ့ တိုင်ပင်ပြီး သူဖွဲ့ဆိုဖို့ မနည်းကို ကြံဖန်ရတာမျိုးတွေရှိတယ်။ သူကမဆိုဘူးဆို မဆိုဘူး။ မစားဘူးဆို မစားဘူး။ တစ်ဇွတ်ထိုးပဲ။ အမေ့ရဲ့ ဒုက္ခအိုးလေးပေါ့။ အများအားဖြင့် ခြုံကြည့်ရင်တော့ တအားကိုတော်ပြီး ခုခေတ်မှာ မရှိနိုင်တော့ဘူးလို့ပဲ ပြောလို့ရတယ်။ သူ့သီချင်းတွေက အမြဲမတိမ်ကောဘူးလေ။ အခုခေတ်မှာဆိုရင် ကိုငှက်ကို ပိုပြီး တောင့်တ မိတယ်။ ကိုငှက်သာရှိရင် ကိုငှက်သာရှိရင်ဆိုပြီး အမြဲလိုပြောဖြစ်တယ်" လို့ ကော်နီက ပြောပါတယ်။
အခုခေတ်လက်ရှိ ဂီတလောကမှာ ဖြစ်ပျက်နေတာတွေ အပေါ်မှာကော ထူးအိမ်သင်သာရှိရင်၊ ဘာပြောနိုင်မလဲ ဆိုတော့ ကော်နီက "သူက အကြံဉာဏ်ပေးမယ်။ သူကမကြိုက်ရင် မကြိုက်ဘူး တဲ့ပြောလို့ မရတာတွေဆိုတော့ သူက တဲ့သမားဖြစ်နေတယ်။ အဲဒီအတွက် တအားကြီးတော့ ဝင်ပါမှာမဟုတ်ဘူး။ မကြိက်ရင် မကြိုက်ဘူးပြောပြီး နောက်ကွယ်ကနေ အကြံဉာဏ်ပေးတယ်။ သူ့မှာ ပေါ်ပြူလာဖြစ်ချင်တာမျိုးလည်း မရှိဘူး။ အနုပညာကို တစိုက် မတ်မတ် ချစ်တယ်။ လေးစားတယ်။ ပေါ်ပြူလာတော့ မဖြစ်ချင်ဘူး။ မကော်တို့က အစ အင်္ကျီအဟိုက်တွေဝတ်ရင် အနုပညာမှာ အဲဒီလောက်လိုလားတို့ ဘာတို့ ကိုငှက်ကပြောတာ။ သူ့အကြောင်းကို ပါးစပ်နဲ့ ပြောရတာ သိပ်တော့မပြည့်စုံပါဘူး။ သူနဲ့ပတ်သက်ပြီး အမှတ်တရ ကိစ္စတွေက အများကြီးပါ။ အရင်ခေတ်က တစ်ယောက်နဲ့ တစ်ယောက် မောင်နှမစိတ်ဓာတ်တွေ တအားရှိတယ်။ ပါလာတဲ့မုန့်လေးတွေ မျှဝေစားကြတာပေါ့။ တအားကို ချစ်ခဲ့ကြတယ်။ မောင်နှမတွေလို တအားရင်းနှီးခဲ့တော့ သူ့အကြောင်းကို ချက်ချင်း လက်တန်းတန်းပြီး ပြောလို့ရနိုင်တယ်။ ဒီဘက်ခေတ်မှာတော့ အရင်ခေတ်ကလိုမျိုးတော့ မရှိတော့ပါဘူး" လို့ ကော်နီက ထူးအိမ်သင်နဲ့ ပတ်သက်တာကို ပြောပြခဲ့ပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )