22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, September 3, 2012

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်အတွက် သရုပ်ဆောင်တစ်ဦး ထပ်မံရွေးချယ်မည်

2012-09-01
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားအတွက် ဗိုလ်ချုပ်နေရာမှာ သရုပ်ဆောင်ဖို့ သရုပ်ဆောင်တစ်ဦး ထပ်မံရွေးချယ်ရေး ကိစ္စကို ဒီလဆန်းပိုင်းမှာ အပြီးသတ် ဆောင်ရွက်မယ်လို့ သိရပါတယ်။
RFA
ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ရုံးဖြစ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်း ဇာတ်ရုပ်အတွက် မူလက ဆန်ခါတင် ရွေးချယ်ခံခဲ့ရသူ နှစ်ဦးထဲက တစ်ဦး နှုတ်ထွက်သွားခဲ့ပါတယ်။
နှုတ်ထွက်သွားသူ မောင်ကျောက်ခဲရဲ့ နေရာအတွက် သရုပ်ဆောင် နောက်တစ်ဦးကို အခုလ (၈) ရက်နေ့မှာ အပြီးသတ် ရွေးချယ်ဖို့ ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်းမှာ မနေ့က ကျင်းပတဲ့ အစည်းအဝေးကနေ အတည်ပြု ဆုံးဖြတ်လိုက်တယ်လို့ အဲဒီအဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ခံ ဦးဇော်သက်ထွေးက RFA ကို ပြောပါတယ်။
"နှုတ်ထွက်သွားတဲ့ ဗိုလ်ချုပ်အောင်ဆန်း သရုပ်ဆောင်နေရာက မောင်ကျောက်ခဲနေရာမှာ အစားထိုး ရွေးချယ်ဖို့ကိစ္စ ဆွေးနွေးခဲ့တာပါ။ အဲဒီလို ဆွေးနွေးတဲ့ အခါမှာတော့ ပဏာမ ရွေးထားတဲ့ ခုနှစ်ယောက်ထဲက ၅ ဦး ကျန်သေးတယ်။ အဲဒီ ၅ ဦးကို စက်တင်ဘာက ၈ ရက်နေ့ မနက် ၉ နာရီမှာ ဗိုလ်ချုပ် အောင်ဆန်းရုံးခန်းကို ဖိတ်ကြားပြီးတော့မှ သရုပ်ဆောင် ရွေးချယ်ရေး အဖွဲ့ ကနေပြီးတော့ အဲဒီထဲက အကောင်းဆုံး နောက်ထပ် reserve တစ်ယောက်ကိုထပ် ရွေးသွားမှာ ဖြစ်ပါတယ်"
ဗိုလ်ချုပ်အောင်ဆန်း နေရာအတွက် သရုပ်ဆောင် (၂) ဦး၊ ဒေါ်ခင်ကြည် နေရာအတွက် သရုပ်ဆောင် (၂) ဦးတို့ကို အပြီးသတ် ရွေးချယ်ပြီးတဲ့အခါ သူတို့ (၄) ဦးနဲ့ ရုပ်ရှင်ရိုက်ကူးရေး ချုပ်ဆိုမယ့် စာချုပ်ကိုလည်း အစည်းအဝေးကနေ အပြီးသတ် အတည်ပြုခဲ့ပြီး သရုပ်ဆောင် (၄) ဦးလုံးကို ပြင်သစ် ရုပ်ရှင်ပညာရှင်တွေနဲ့ လေ့ကျင့်ပေးသွားရေး ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
မနေ့က အစည်းအဝေးကို ဦးမိုးသူ၊ ဦးဇာဂနာ၊ ဦးမျိုးမင်း၊ ဦးအရိုင်း၊ ဦးလူမင်း၊ ဦးဇော်သက်ထွေး၊ ဦးဝိုင်း၊ ဒေါ်အိအိခိုင်၊ ဒေါ်ထွန်းအိန္ဒြာဗို စတဲ့ ရုပ်ရှင်ဇာတ်ကား ဖြစ်မြောက်ရေး ကော်မတီဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )