22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, May 17, 2012

အေဗရာမိုဗစ်ခ်ျအား ရေနံမာဖီးယားဟု ဘိုင်ယန်အသင်း ဥက္ကဋ္ဌ ဝေဖန်

ဘိုင်ယန်မြူးနစ် အသင်း၏ ဥက္ကဋ္ဌ အူလီဟိုးနက်စ်က ချယ်လ်ဆီး အသင်း ပိုင်ရှင်အား ရေနံ မာဖီးယားဟု အမည်တပ် ဝေဖန်လိုက်ပြီး FIFA ၏ ဘဏ္ဍာရေး Fairplay စနစ် စတင်ချိန်တွင် ဂျာမန် အသင်းများ၏ ခေတ်တစ်ခု ဖြစ်လာ စေမည်ဟု ကြွေးကြော်ခဲ့သည်။

ချယ်လ်ဆီး အသင်း ပိုင်ရှင် ရုရှားဘီလျံနာ ရိုမန် အေဗရာမိုဗစ်ခ်ျအား ရေနံမာဖီးယားဂိုဏ်း ခေါင်းဆောင်သဖွယ် ဟိုးနက်စ်က ပြောဆိုခဲ့သည်။ အေဘရာ မိုဗစ်ခ်ျသည် အများပြည်သူထံမှ ငွေကြေးကို ဓာတ်ဆီ ပိုက်လိုင်းများမှ တစ်ဆင့် ရယူပြီးနောက် ချယ်လ်ဆီး အသင်းအတွက် ထည့်သွင်း မြှုပ်နှံနေကြောင်း ဟိုးနက်စ်က ဆိုသည်။ ထို့အပြင် ချယ်လ်ဆီးသည် ပိုင်ရှင်၏ ပုဂ္ဂလိက ပိုင်ဆိုင်မှု အပေါ် မှီခိုနေရပြီး ထိုအခြေအနေမျိုးမှာ FIFA၏ စည်းမျဉ်းသစ် အကျုံးဝင်ချိန်တွင် အခက်ကြုံ လိမ့်မည်ဟုလည်း ဟိုးနက်စ်က ပြောဆိုသွားသည်။ ဘိုင်ယန်အသင်းသည် ချယ်လ်ဆီးနှင့် ချန်ပီယံလိဂ် ဗိုလ်လုပွဲ မကစားမီ နောက်တစ်ကြိမ် စိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ်လာခြင်းလည်း ဖြစ်သည်။
ဘိုင်ယန်မြူးနစ် အသင်း၏ ဥက္ကဋ္ဌ အူလီဟိုးနက်စ်(ဘယ်)

"ကျွန်တော် ဓာတ်ဆီ သွားဝယ်တဲ့အခါ အပတ်တိုင်း ဒေါသ ထွက်ရတယ်။ ရေနံ မာဖီးယားတွေက ကျွန်တော်တို့ အိတ်ထဲက ပိုက်ဆံတွေကို ဆွဲထုတ်သွားတယ်။ ပြီးတော့ ဘောလုံး အသင်းတွေမှာ ပြန်မြှုပ်နှံတယ်။ ကျွန်တော်ကတော့ ဒီလို လူတန်းစားတွေ အထဲမှာ အေဗရာမိုဗစ်ခ်ျကိုလည်း ထည့်သွင်း လိုက်ပါတယ်။ ဒီတော့ ကျွန်တော်တို့ဟာ သူပိုင်ထားတဲ့ ချယ်လ်ဆီးလို အသင်းကို ကွင်းထဲမှာ အနိုင်ယူဖို့ လိုပါတယ်။ ချယ်လ်ဆီးဟာ ဒီရာသီ ပြည်တွင်း အမှတ်ပေးပွဲမှာ ရလဒ် မကောင်းတာကြောင့် ဒီပွဲမှာ ရှုံးရင် ချန်ပီယံ လိဂ်ကို နောက်နှစ် မကစားရတော့ဘူး။ ဘိုင်ယန်ကတော့ အနိုင်ရင် ပေါင်စတာလင် သန်း(၂၀)လောက် ၀င်ငွေ တိုးလာမယ်။ အားကစား ကဏ္ဍတစ်ခု အောင်မြင်ဖို့ဟာ စီးပွားရေး အပေါ်မှာ အထိုက်အလျှောက် မူတည်ပါတယ်" ဟု ဟိုးနက်စ်က ဆိုသည်။

ရေနံမာဖီးယားတွေက ကျွန်တော်တို့ အိတ်ထဲက ပိုက်ဆံတွေကို ဆွဲထုတ်သွားတယ်။ ပြီးတော့ ဘောလုံးအသင်းတွေမှာ ပြန်မြှုပ်နှံတယ်။ ကျွန်တော်ကတော့ ဒီလိုလူတန်းစားတွေ အထဲမှာ အေဗရာမိုဗစ်ခ်ျကိုလည်း ထည့်သွင်းလိုက်ပါတယ်...
၎င်းက "အေဗရာမိုဗစ်ခ်ျဟာ ချယ်လ်ဆီး အတွက် ပေါင်စတာလင် သန်း(၉၀၀)လောက် မြှုပ်နှံခဲ့တယ်။ ဒီအတိုင်းလည်း ဆက်သွား နေဦးမှာပဲ။ ဘိုင်ယန်မှာတော့ အသင်းနဲ့ ပတ်သက် သူတိုင်းဟာ တစ်နေ့နေ့မှာ ရုရှား၊ ဒါမှမဟုတ် အာရပ်တွေက အသင်းကို လာသိမ်း သွားမှာမျိုး ဘယ်တော့မှ စိုးတထိတ်ထိတ် ဖြစ်နေစရာ မလိုပါဘူး။ FIFAက ဘဏ္ဍာရေး Fairplay စည်းမျဉ်းကို စပြီး ကျင့်သုံးချိန်မှာ ငွေကြေး ကဏ္ဍနဲ့ ပတ်သက်ပြီး အကျိုးရှိရှိ ချိန်ဆလုပ်ဆောင်တတ်တဲ့ ဂျာမန် ကလပ်တွေ အတွက် ရွှေခေတ်တစ်ခု ရောက်လာဦးမှာပါ" ဟုလည်း ပြောကြားသွားသည်။
Ref: Daily Mail
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )