
ကနေဒါနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး ၀န်ကြီး မစ္စတာ Jason Kenney ဟာ ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့က ကနေဒါ နိုင်ငံ တိုရန်တိုမြို့က ဆရာတော် အရှင် ကောဝိဒ ဦးစီးဖွင့်လှစ်ထားတဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းမှာ မြန်မာနိုင်ငံက လာ ကြတဲ့သူတွေကို တွေ့ဆုံခဲ့ပြီး ထူးထူးခြားခြား ၀န်ကြီးအဆင့် ကင်းလွတ်မိန့် တခုကို ကြေညာခဲ့ပါတယ်။
ဒါကတော့ မြန်မာနိုင်ငံကနေ ကရင် လွတ်မြောက်ရေး တက်ကြွလှုပ်ရှားသူတဦးဖြစ်တဲ့ စောလဲဝါး ဆိုသူရဲ့ ဆယ်စုနှစ် တခုကျော် စောင့်ဆိုင်းနေရတဲ့ ကနေဒါနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားမှုကို လက်ခံပြီး အသိအမှတ်ပြု လက် မှတ် ရေးထိုးပေးလိုက်တာပါ။
စောလဲဝါးနဲ့ အတူ ဘုန်းတော်ကြီးကျောင်းမှာ စုဝေးရောက်နေကြတဲ့ မြန်မာအသိုင်းအ၀ိုင်းကလည်း အလွန်ပျော်ရွှင်ခဲ့ တယ်လို့ ကနေဒါ မြန်မာမိတ်ဆွေများ အဖွဲ့ (CFOB) က ဆိုပါတယ်။
ဒီကိစ္စကြောင့် စောလဲဝါးရဲ့ ရှေ့နေလည်းဖြစ် မြန်မာ့အရေးကို တစိုက်မတ်မတ်ကူညီလာခဲ့သူ Paul Copeland ကလည်း စောလဲဝါးနဲ့မိသားစုတလျှောက်လုံးစိတ်မသက်မသာဖြစ်ခဲ့ရတဲ့လုပ်ထုံးလုပ်နည်းတွေဟာ နောက်ဆုံး တော့ ကနေဒါ လူဝင်မှု ကြီးကြပ်ရေးရဲ့ အောင်မြင်စွာ ဖြေရှင်းသွားနိုင်ခဲ့လို့ အလွန်ဝမ်းမြောက်ကြောင်း ဆိုပါတယ်။
ရှေ့နေူ Paul Copeland ဟာ ကနေဒါ နိုင်ငံရဲ့ အမြင့်ဆုံး နိုင်ငံသားဆုကိုလည်း လွန်ခဲ့တဲ့ လ အနည်းက ရရှိထားသူ ဖြစ်ပါတယ်။
ဒီအောင်မြင်မှုနဲ့ပတ်သက်ပြီး CFOB က ဒါဟာ ဒုတိယမြောက် ကူညီဖြေရှင်းပေးခဲ့တဲ့ ကိစ္စဖြစ်ပြီး ကနေဒါ လူဝင်မှု ကြီးကြပ်ရေး ၀န်ကြီး Kenney ရဲ့ နိုင်ငံရေးအရ မြန်မာအသိုင်းအ၀ိုင်းရဲ့ ကိစ္စကို ကူညီဖြေရှင်းပေးလိုက်တာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
ဝန်ကြီး Kenney က မြန်မာ့အရေး ဆက်လက် အားပေး ထောက်ပံ့ကူညီသွားမှာဖြစ်ကြောင်း ကနေဒါရောက် တိုရန်တို၊ ဘုန်းကြီးကျောင်းရောက် မြန်မာ အသိုင်းအ၀ိုင်းကို ပြောခဲ့ပါသေးတယ်။
ကနေဒါ နိုင်ငံအနေနဲ့ မြန်မာ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုတွေကို တစိုက်မတ်မတ်ကူညီပေးလာတဲ့ နိုင်ငံ လည်း ဖြစ်ပါတယ်။
ကနေဒါကို လာရောက်ခိုလှုံခဲ့တဲ့ မြန်မာ့နိုင်ငံရေး ဒုက္ခသည်များအပေါ် စာနာမှု ကိုလည်း ၀န်ကြီးက ပြသခဲ့ပြီး ၀န်ကြီးနဲ့ ဆွေးနွေးခဲ့ကြသူတွေက ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ဒုက္ခသည် ၇ သောင်း ကျော်နဲ့ အတင်းနေရပ် ပြောင်းရွှေ့ခံနေရသူတွေကို ကနေဒါ အနေနဲ့ ထောက်ပံ့ကူညီမှုတွေပေးဖို့ တိုက်တွန်း ခဲ့ကြ ကြောင်းလည်း သိရပါတယ်။
“ကျတော်တို့ မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ မြန်မာလူထုတွေရဲ့ မျှော်လင့်ချက်တွေကို ၀န်ကြီး Kenney ရဲ့ အားထုတ်မှုက အရမ်းကို ကြေနပ်အားရစရာ ကောင်းပါတယ်”လို့ ကနေဒါ -မြန်မာမိတ်ဆွေများ အဖွဲ့ CFOB အမှုဆောင် ဒါရိုက်တာ ကိုတင်မောင်ထူးက ဆိုပါတယ်။
6:05 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com