22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, May 9, 2012

ငြိမ်းချမ်းရေး ကဗျာဆရာကြီးဒဂုန်တာရာရဲ့ ၉၃ နှစ်မြောက်မွေးနေ့ အောင်ပန်းမြို့မှာကျင်းပ

ငိမ်းချမ်းရေးကဗျာဆရာ၊ စာရေးဆရာကြီး ဒဂုန်တာရာရဲ့ ၉၃ နှစ်မြောက်မွေးနေ့ပွဲကို ရှမ်းပြည်နယ် အောင်ပန်းမြို့ (သာမိုင်းခမ်း)၊ မဟာဂန္ဓာ ရုံကျောင်းတိုက်၊ ဓမ္မသာယာဗိမာန်မှာ မေလ ၆ ရက် ၂၀၁၂ ခုနှစ် နံနက် ၈ နာရီမှ ၁၁ နာရီထိ ကျင်းပခဲ့ပါတယ်။

ဒဂုန်တာရာပန်ကြားလွှာနှင့် ရုပ်ထု
ဆရာ့ရဲ့ ၉၃ နှစ်မြောက်မွေးနေ့ပွဲကို ရန်ကုန်၊ ပျဉ်းမနား၊ မန္တလေး၊ မုံရွာ၊ အင်းဝ စတဲ့ ဒေသအသီးသီးက စာပေအနုပညာရှင် ၁၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။ ဆရာ ဦးအံ့မောင်၊ ဆရာ ဦးကိုလေး (အင်းဝဂုဏ်ရည်)၊ ဆရာမောင်သာနိုး၊ ထက်မြက်၊ မောင်လင်းခိုင်၊ မောင်နွေ ထက်၊ မောင်သင်းပန် အစရှိတဲ့ စာပေအနုပညာရှင်များအပါအ၀င် ရှစ်ဆယ့်ရှစ် မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့အဖွဲ့လည်း တက်ရောက်ခဲ့ကြပါတယ်။





အခမ်းအနားကို ဆရာကြီးဒဂုန်တာရာအား ကန်တော့ခြင်းအစီအစဉ်နဲ့စတင်ပြီး ဆရာဒဂုန်တာရာက မွေးနေ့အမှတ်တရစကားပြောကြားခဲ့ပါတယ်။ အခမ်းအနားမှူးအဖြစ် ဆရာဦးအံ့မောင်က ဆောင်ရွက်ခဲ့ပါတယ်။ ဆက်လက်ပြီး ကိုမင်းကိုနိုင်က သူ့ရဲ့ကဗျာတပုဒ်ကို ရွတ်ဆိုခဲ့ပြီး၊ မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂသ၀ဏ်လွှာကို ကိုထွန်းဝင်းငြိမ်းက ဖတ်ကြားခဲ့ပါတယ်။ အထက်မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂသ၀ဏ်လွှာကို ကဗျာဆရာ မောင်သင်းပန်ကဖတ်ကြားခဲ့ပြီး ဆရာဦးကိုလေး (အင်းဝဂုဏ်ရည်) နဲ့ ဆရာထက်မြက်တို့က မွေးနေ့အမှတ်တရစကား ပြောကြား ခဲ့ပြီး မောင်နွေထက်က မွေးနေ့ဂုဏ်ပြုကဗျာ ရွတ်ဆိုခဲ့ကြောင်း သိရပါတယ်။
မန္တလေး စာရေးဆရာများ



မောင်နွေထက်နှင့် မောင်သင်းခိုင်


မောင်သင်းပန်နှင့် ထွန်းဝင်းငြိမ်း


ဆရာ ဦးအံမောင်နှင့် ဦးကိုလေး (အင်းဝဂုဏ်ရည်)



ဦးထက်မြက်နှင့် ကိုမင်းကိုနိုင်

မြန်မာနိုင်ငံစာရေးဆရာများ သမဂ္ဂ၏ သ၀ဏ်လွှာ
မွေးနေ့ပွဲမတိုင်ခင်ညမှ ဆရာတာရာရဲ့အိမ်အပေါ်ထပ်မှာ ဆရာဦးအံ့မောင်၊ ဆရာဦးကိုလေး (အင်းဝဂုဏ်ရည်)၊ ဆရာမောင်သင်းခိုင်တို့ ဦဆောင်ပြီး လူငယ်ကဗျာဆရာများနဲ့ ကဗျာရွတ်ပွဲကျင်းပခဲ့ပါတယ်။ ကဗျာရွတ်ပွဲမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်ကြတဲ့ ကိုလှမျိုးနောင်နဲ့ ကိုအောင်သူတို့ ပါဝင်ရွတ်ဆိုခဲ့ကြကြောင်း သိရပါတယ်။

ဆရာဒဂုန်တာရာရဲ့မွေးနေ့ပွဲမှာ အရှေ့နေခြည်စာပေမှ ထုတ်ဝေတဲ့ ဆရာရဲ့ မေ၊ ကဗျာစကား၊ ကဗျာတရား၊ ဒဂုန်တာရာ ၉၃ နှစ်ပြည့်မွေးနေ့ အမှတ်တရစာစုကို လက်ဆောင်ဝေငှခဲ့ပါတယ်။ မွေးနေ့ပွဲတက်ရောက်လာကြသူများကို နံနက်စာနဲ့တည်ခင်းဧည့်ခံပြီး အခမ်းအနားကို နေ့လည် ၁၁ နာရီမှာ အောင်မြင်စွာ ရုပ်သိမ်းနိုင်ခဲ့ကြောင်း သတင်းရရှိပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )