22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, May 19, 2012

မန်နေဂျာ ရာထူးကို မစဉ်းစားအားသေးဘဲ ဗိုလ်လုပွဲ အတွက်သာ အာရုံစိုက်ထားကြောင်း ဒီမက်တီယိုဆို

ချန်ပီယံ လိဂ်တွင် ဗိုလ်စွဲရေးကိုသာ အာရုံစိုက်ထားပြီး ချယ်လ်ဆီးမန်နေဂျာ ရာထူးအတွက် အလားအလာအပေါ် မိမိ စဉ်းစားနေမည် မဟုတ်ကြောင်း ရောဘတ်တို ဒီမက်တီယိုက ပြောကြားလိုက်သည်။


ချယ်လ်ဆီးကို ယာယီမန်နေဂျာအဖြစ် ကိုင်တွယ်နေသည့် အီတလီသားသည် ယနေ့ညတွင် မြူးနစ်မြို့၌ ဘိုင်ယန်မြူးနစ်အား ချန်ပီယံလိဂ် ဗိုလ်လုပွဲအတွက် ရင်ဆိုင် ကစားမည့် ချယ်လ်ဆီးကို ဦးဆောင်ရမည် ဖြစ်သည်။ ၎င်းသည် ရာသီကုန်တွင် ချယ်လ်ဆီး မန်နေဂျာ ဖြစ်နိုင်၊ မဖြစ်နိုင် ခန့်မှန်းထင်ကြေး အမျိုးမျိုး ပေးခြင်းကို ခံနေရသော်လည်း ဒီမက်တီယိုက လတ်တလောတွင် အသင်းအောင်မြင်ရေးကိုသာ အာရုံစိုက်မည်ဟု ပြောကြားခဲ့သည်။ ၎င်းသည် ချယ်လ်ဆီးအား FA ချန်ပီယံဆု ဆွတ်ခူးပေးထားပြီးလည်း ဖြစ်သည်။

လေ့ကျင့်ကွင်းတွင် တွေ့ရသော ဒီမက်တီယို

ကျွန်တော်တို့မှာ တခြားအကြောင်းတွေ ပြောနေဖို့ အချိန်မရှိဘူး။ အထူးသဖြင့် ရာထူးအတွက် ဆွေးနွေးနေဖို့ မအားလပ်သေးပါဘူး။ ချယ်လ်ဆီး တစ်သင်းလုံးဟာ အောင်မြင်မှု ရဖို့အတွက် အာရုံစိုက်ထားပါတယ်...
ဒီမက်တီယိုက “ကျွန်တော်တို့မှာ တခြားအကြောင်းတွေ ပြောနေဖို့ အချိန်မရှိဘူး။ အထူးသဖြင့် ရာထူးအတွက် ဆွေးနွေးနေဖို့ မအားလပ်သေးပါဘူး။ ချယ်လ်ဆီး တစ်သင်းလုံးဟာ အောင်မြင်မှု ရဖို့အတွက် အာရုံစိုက်ထားပါတယ်။ အနာဂတ်က ဘာဆိုတာ ကျွန်တော် မတွေးအားသေးဘူး။ ခုချိန်မှာ ဗိုလ်လုပွဲအတွက်ပဲ စိတ်နှစ်ထားမှာပါ”ဟု ပြောကြားသွားသည်။ ဒီမက်တီယိုသည် ချယ်လ်ဆီး ကစားသမား ဘ၀တွင် (၆)နှစ်ကြာ ဖြတ်သန်းခဲ့ဖူးသူ ဖြစ်ပြီး ၎င်းသည် မိမိအကျိုးထက် အသင်းအကျိုးကိုသာ ရှေးရှုမည်ဟုလည်း ဆိုသည်။

“ကျွန်တော် ပုဂ္ဂိုလ်ရေးအတွက် မတွေးပါဘူး။ ကျွန်တော် အသင်းအတွက်ပဲ စဉ်းစားပါမယ်။ ကျွန်တော်ဟာ ချယ်လ်ဆီးအတွက် တာဝန်ယူပေးနိုင်သူ တစ်ယောက်လို့ပဲ စဉ်းစားပါတယ်”ဟု ဒီမက်တီယိုက ပြောဆိုသွားသည်။
Ref: Goal
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )