22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, May 19, 2012

ကစားသမားများ ထွက်ခွာမှုကို ရှောင်လွှဲလိုသည့် လီဗာပူးလ်က ဆွာရက်ဇ်၏ လုပ်ခ လစာကို မြှင့်တင်ပေးရန် စီစဉ်

လီဗာပူးလ်သည် အသင်းမှ ကစားသမားများ အစုလိုက် အပြုံလိုက် ပြောင်းရွှေ့ သွားနိုင်သည့် အခြေအနေအား ရှောင်လွှဲရန် စတင် လုပ်ဆောင်နေပြီး လူးဝစ် ဆွာရက်ဇ်ကို လုပ်ခလစာ တိုးမြှင့်ပေးရန် စီစဉ်နေကြောင်း သိရှိရသည်။

စပိန်မြေတွင် ကစားလိုကြောင်း ဖွင့်ဟ ပြောကြားခဲ့သည့် ဥရုဂွေး လက်ရွေးစင် တိုက်စစ်မှူးအား လုပ်ခခံစားခွင့် (၂၅)ရာခိုင်နှုန်း မြှင့်တင်ပေးရန် လီဗာပူးလ်က ရည်ရွယ်ခဲ့သည်။ ယခုရာသီ အန်းဖီးလ်၏ ထိပ်သီး ဂိုးသွင်းသူ ဖြစ်ခဲ့သော ဆွာရက်ဇ်သည် ယခုအခါ လုပ်ခလစာ ပေါင်စတာလင် တစ်သိန်းဝန်းကျင်မျှ ခံစားခွင့် ရရှိမည် ဖြစ်သည်။ ထို့အပြင် လီဗာပူးလ်သည် ဗဟို ခံစစ်သမား နှစ်ဦးဖြစ်သော ဒန်နီရယ်လ် အဂ္ဂါနှင့် မာတင် စကာတယ်လ်တို့ကိုလည်း လက်ရှိ ပေးချေထားသော တစ်ပတ်လုပ်ခ ပေါင်စတာလင် (၆၅၀၀၀)ထက် မြှင့်တင်ပေးကာ စာချုပ်သစ်များ အသီးသီး ကမ်းလှမ်း ထားလိုက်သည်။
လစာတိုးမည့် ဆွာရက်ဇ်နှင့် အသင်းမှ ထုတ်ပယ်ခံရသူ မန်နေဂျာ ဒဲလ်ဂလစ်ရှ်

လီဗာပူးလ်သည် ယခုရာသီ ပရီးမီးယား လိဂ်တွင် အမှတ်ပေး ဇယား အဆင့်(၈) နေရာမှသာ ရပ်တည် ခဲ့ပြီးနောက် မန်နေဂျာ ကင်နီဒဲလ်ဂလစ်ရှ်ကို ထုတ်ပယ်ခဲ့သည်။ ထို့အပြင် ကစားသမားများပါ အသင်းမှ ထွက်ခွာနိုင်သည့် အခြေအနေကို ထိန်းသိမ်းရန် လီဗာပူးလ်က ရုန်းကန် နေရခြင်း ဖြစ်သည်။ လီဗာပူးလ်တွင် ဘောလုံး ဒါရိုက်တာ ဒါမိန်း ကိုမိုလီနှင့် လူထု ဆက်ဆံရေး အရာရှိချုပ် အီယန်ကော်တန်တို့လည်း ထုတ်ပယ် ခံထားရပြီး ဖြစ်သည်။ လီဗာပူးလ် စီမံရေးရာ ဒါရိုက်တာ အိုင်ယန်အေရီကမူ အသင်းမှ ကြယ်ပွင့်များ ထွက်ခွာမည် ဆိုခြင်းကို ငြင်းဆိုထားပြီး “ကျွန်တော် အသင်းက စီနီယာ ကစားသမား အားလုံးနဲ့ စကား ပြောပြီးပါပြီ။ အဲဒီလို ဖြစ်လာစရာ ရှိမယ် မထင်ပါဘူး။ သူတို့ဟာ စိတ်ပျက်ကောင်း ပျက်နေပါမယ်။ ဒါပေမဲ့ အသင်းအပေါ် လေးစားမှု ရှိပါတယ်။ ကျွန်တော်တို့ကလည်း ဘယ်သူ့ကိုမှ အသင်းက ထုတ်ဖို့ အစီအစဉ် မရှိပါဘူး” ဟု ပြောကြားသွားသည်။
Ref: The Sun
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )