22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, May 19, 2012

လက်ရွေးစင် အသင်းတွင် ရွန်နီကဲ့သို့ အရေး အပါဆုံးသူ တစ်ဦး ဖြစ်လာရန် ၀ဲလ်ဘက် ရည်ရွယ်

မိမိသည် ၀ိန်းရွန်နီ အပြီးတွင် အင်္ဂလန် လက်ရွေးစင် အသင်း၏ အတောက်ပဆုံး ကစားသမား ဖြစ်လာမည်ဟု ဒန်နီဝဲလ်ဘက်ခ်က ကြွေးကြော်လိုက်သည်။

အသက်(၂၁)နှစ်ရှိ လူငယ် တိုက်စစ်မှူးက မန်ချက်စတာ ယူနိုက်တက် အသင်းဖော် ရွန်နီ၏ လက်ရွေးစင် အသင်းတွင် ဩဇာ ကြီးမားစွာ ရပ်တည် နေနိုင်မှုကို သဘောကျ နှစ်သက်နေပြီး မိမိလည်း ရွန်နီကဲ့သို့ ဖြစ်စေရမည်ဟု ဆိုသည်။ ၀ဲလ်ဘက်သည် မန်ယူအသင်း တိုက်စစ်တွင် ရွန်နီနှင့် တွဲကစား နေသလို လေ့ကျင့်ရေး ကွင်းတွင်လည်း နီးနီးစပ်စပ် အတုယူခွင့် ရနေခဲ့သူ ဖြစ်သည်။ ရွန်နီသည် အင်္ဂလန်၏ အုပ်စု အဖွင့်ပွဲစဉ် (၂)ခုတွင် ပွဲပယ် ခံရမည် ဖြစ်ရာ အင်္ဂလန် မန်နေဂျာ ရွိုင်ဟော့ဂ်ဆန်က ၀ဲလ်ဘက်ကို အားကိုးတကြီး ရွေးချယ်ထားသည်။
လက်ရွေးစင်အသင်းတွင် ပါဝင်ကစားမည့် ၀ဲလ်ဘ်

ဝဲလ်ဘက်က “ကျွန်တော် ရွန်နီ့ အပေါ်မှာ အကြွေးတွေ အများကြီး ရှိနေပါပြီ။ သူက သိပ်ကောင်းတဲ့ သူငယ်ချင်းပါ။ ကျွန်တော့်အပေါ် အများကြီး ကူညီ ပေးပါတယ်။ ပြီးတော့ အကောင်းဆုံး တွဲဖက် ကစားနိုင်ခဲ့တယ်။ သူဟာ ပွဲတစ်ပွဲမှာ တကယ့်ကို အံ့ဩလောက်စရာ ကစားနိုင်သူပါ” ဟု အသင်းဖော်အား ချီးကျူးခဲ့သည်။ ၎င်းက အင်္ဂလန် လက်ရွေးစင် ကစားသမား ဘ၀နှင့် စပ်လျဉ်းပြီး “ကျွန်တော် ပုံမှန် တိုးတက် လာခဲ့ပါတယ်။ အသက်(၁၆)နှစ်အောက်၊ အသက်(၂၁)နှစ်အောက် အသင်းတွေကနေ တစ်ဆင့် ခုတော့ လက်ရွေးစင် ဖြစ်လာပါပြီ။ ကျွန်တော့်အသက် (၂၁)နှစ်ပဲ ရှိပါသေးတယ်။ ပိုရင့်ကျက် ပြည့်စုံလာရင် ရွန်နီလိုပဲ အင်္ဂလန်ရဲ့ အဓိက အကျဆုံး ကစားသမား တစ်ယောက် ဖြစ်လာဖို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။

ဝဲလ်ဘက်က “မန်ယူ လူငယ်အသင်း နည်းပြ ပေါလ်မက်ဂီနက်စ်က ကျွန်တော့်ကို သွန်သင်ခဲ့ဖူးတယ်။ သိပ်အဖိုးတန်တဲ့ စကား တစ်ခွန်းကို သူပြောပါတယ်။ ဘောလုံးကိုကစား၊ အခါအခွင့်ကို စောင့်မနေနဲ့တဲ့။ ဒါဟာ သိပ်ကောင်းတဲ့ အကြံပြုချက်ပါ။ ကျွန်တော် အင်္ဂလန် အတွက် ကစားပေးရင်း ရှေ့ဆက်ပါမယ်။ အင်္ဂလန် အသင်းနဲ့ အတူ ဗိုလ်လုပွဲ အဆင့်တွေမှာ ကစားချင်မိပါတယ်” ဟု ဖွင့်ဟသွားခဲ့သည်။
Ref: The Sun
ကျွန်တော့်အသက် (၂၁)နှစ်ပဲ ရှိပါသေးတယ်။ ပိုရင့်ကျက် ပြည့်စုံလာရင် ရွန်နီလိုပဲ အင်္ဂလန်ရဲ့ အဓိက အကျဆုံး ကစားသမားတစ်ယောက် ဖြစ်လာဖို့ မျှော်လင့်ပါတယ်...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )