22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, May 26, 2012

မြန်မာနိုင်ငံတွင် ကမ္ဘာ့ဘဏ်ရုံးခွဲအား ဇွန်လအတွင်း အင်းလျားလိတ်ဟိုတယ်၌ စတင်ဖွင့်လှစ်မည်ဟု သိရ

မြန်မာနိုင်ငံတွင် ကမ္ဘာ့ဘဏ်ရုံးခွဲအား အင်းလျားလိတ်ဟိုတယ်၌ စတင်ဖွင့်လှစ်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်းနှင့် လာမည့် ဇွန်လအတွင်း စတင်ဖွင့်လှစ်မည်ဟု သတင်းရရှိပါသည်။

လက်ရှိအချိန်တွင် ကမ္ဘာ့ဘဏ်ရုံးခွဲအား ဖွင့်လှစ်ရန်အတွက် ပြင်ဆင်နေပြီး ဖွင့်လှစ်မည့်ရက် အတိအကျ၊ ဖွင့်လှစ်ပြီးပါက မြန်မာနိုင်ငံအပေါ် မည်သို့ ကူညီပေးမည်ဆိုသည့် အသေးစိတ် အချက်အလက်များကိုမူ ကမ္ဘာ့ဘဏ်ရုံးခွဲအား စီမံခန့်ခွဲမည့်အဖွဲ့မှ ထုတ်ပြန်ပေးမည်ဟု လည်း သိရှိရသည်။

ကမ္ဘာ့ဘဏ်ရုံးခွဲအား စီမံခန့်ခွဲမည့်အဖွဲ့မှ ခွင့်ပြုသည်နှင့် အသေးစိတ် အချက်အလက်များ ထုတ်ပြန်ပေးမည့်အပေါ် ကမ္ဘာ့ဘဏ်ရုံးခွဲ ဖွင့်လှစ်ရန် ဆောင်ရွက်နေသူတစ်ဦးက ''သတင်းကတော့ ထုတ်ပြန်ပေးမှာပါ။ ကမ္ဘာ့ဘဏ်ရုံးခွဲနဲ့ဆိုင်တဲ့ သတင်းအသေးစိတ်ကို Communication Officer က ခွင့်ပြုတာနဲ့ မီဒီယာတွေကိုပါ ရှင်းလင်းသွားဖို့ စီစဉ်ထားတယ်'' ဟု ပြောပြခဲ့သည်။

ကမ္ဘာ့ဘဏ်ရုံးခွဲအပြင် မြန်မာနိုင်ငံ၌ ကမ္ဘာ့ထိပ်တန်းဘဏ်များဖြစ်သော Standard Chartered ဘဏ်နှင့် ဂျပန်ဘဏ်များအပါအ၀င် နိုင်ငံခြားဘဏ်ကြီးများကို ၂၀၁၄ ခုနှစ်မှ မြန်မာနိုင်ငံတွင် ဘဏ်ခွဲဖွင့်ခွင့်ပေးမည်ဖြစ်ကြောင်း နိုင်ငံခြားဘဏ်ရုံးခွဲ ကိုယ်စားလှယ်များနှင့် ဘဏ်လုပ်ငန်း အသိုင်းအ၀ိုင်းထံမှ သတင်းရရှိပါသည်။

ယင်းအပြင် နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရထားသော မြန်မာဘဏ်များ အမေရိကန်နှင့် အီးယူနိုင်ငံများမှ ဘဏ်များနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်း တိုက်ရိုက်ချိတ်ဆက်နိုင်ရန် စတင်ပြင်ဆင်းခြင်း၊ တိုကျို စတော့အိတ်ချိန်း မြန်မာနိုင်ငံ၌ လာရောက်ဖွင့်လှစ်ရန်အတွက် နေပြည် တော်၌ နားလည်မှုစာချွန်လွှာ MoU ရေးထိုးခြင်းများ ပြုလုပ်လျက်ရှိကြောင်းလည်း သိရသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )