22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, May 26, 2012

မိမိအတွက် ကြိုးစား ဆွဲဆောင်ကြည့်ရန် အေဗရာမိုဗစ်ခ်ျအား ဂွာဒီယိုလာ သွယ်ဝိုက်ဖိတ်ခေါ်

ချယ်လ်ဆီး မန်နေဂျာ ရာထူးအတွက် မိမိအား အမှန်တကယ် အလိုရှိပါက ကြိုးစားကြည့်ရန် ဘာစီလိုနာ နည်းပြ ဂျိုးဆက် ဂွာဒီယိုလာက ရိုမန် အေဗရာမိုဗစ်ခ်ျအား သွယ်ဝိုက် ဖိတ်ခေါ်လိုက်သည်။


ချယ်လ်ဆီးအသင်း ပိုင်ရှင်ဖြစ်သော ရုရှားဘီလျံနာ သူဌေးကြီးသည် ဂွာဒီယိုလာကို အလွန် နှစ်သက်နေသူ ဖြစ်သည်။ ချယ်လ်ဆီး ယာယီ မန်နေဂျာ ရောဘတ်တို ဒီမက်တီယိုသည် အသင်းအား သမိုင်းတစ်လျှောက် ပထမဆုံး အကြိမ်အဖြစ် ချန်ပီယံလိဂ် ဆုဖလားကို ရယူပေးထားသော်လည်း အေဗရာမိုဗစ်ခ်ျက စပိန်သားကို အာရုံကျနေဆဲ ဖြစ်သည်။ ဘာစီလိုနာ နည်းပြ တာဝန်မှ နုတ်ထွက်ရန် ဆုံးဖြတ်ပြီးဖြစ်သော ဂွာဒီယိုလာသည် ဘောလုံးလောကမှ ခေတ္တ အနားယူနေမည်ဟု ကြေညာ ထားသော်လည်း ယခုအခါတွင်မူ မိမိသည် ကမ်းလှမ်းမှုများအား လက်ခံစဉ်းစားမည်ဟု ပြောဆိုကာ ချယ်လ်ဆီးအတွက် လမ်းဖွင့်ပေးလိုက်သည်။


ဂွာဒီယိုလာက "ကျွန်တော့်ကို လိုချင်တဲ့အကြောင်း ဆက်သွယ်လာသမျှအတွက် ကျေနပ်မိမှာပါ။ လာမယ့်လ နည်းနည်းလောက်တော့ ကျွန်တော် စိတ်ရောကိုယ်ပါ အနားယူပြီး ကုန်ဆုံးနေတဲ့ ဘက်ထရီကို အားပြန်သွင်းလိုက်ဦးမယ်။ ကျွန်တော် ခဏတော့ စောင့်ကြည့်ဦးမှာပါ။ တကယ်လို့ အသင်းတစ်ခုခုက ကျွန်တော့်ကို ဆွဲဆောင်လာရင် ကျွန်တော် ပြန်ကြိုးစား ကြည့်ပါမယ်။ ကျွန်တော့်ကို တကယ်ပဲ နှစ်နှစ်ကာကာ လိုချင်တဲ့ အသင်းမျိုး အတွက်ဆိုရင် ကျွန်တော့်ဘက်က Readyပါပဲ"ဟု ပြောကြားသွားခဲ့သည်။

အသက်(၄၁)နှစ်ရှိ ဂွာဒီယိုလာသည် ယမန်နေ့ညက အက်သလက်တီကို ဘီလ်ဘာအိုအား (၃-၀)ဖြင့် အနိုင်ရသည့် စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲကို ဘာစီလိုနာ နည်းပြဘ၀ နောက်ဆုံးပွဲအဖြစ် ကိုင်တွယ်ခဲ့သည့်နောက် ယခုအခါ ကလပ်အသင်းလက်မဲ့ ဖြစ်လာခဲ့သည်။
Ref: The Sun
တကယ်လို့ အသင်းတစ်ခုခုက ကျွန်တော့်ကို ဆွဲဆောင်လာရင် ကျွန်တော် ပြန်ကြိုးစား ကြည့်ပါမယ်။ ကျွန်တော့်ကို တကယ်ပဲ နှစ်နှစ်ကာကာ လိုချင်တဲ့ အသင်းမျိုး အတွက်ဆိုရင် ကျွန်တော့်ဘက်က Readyပါပဲ...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )