22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, May 26, 2012

ဟော့ခ်ကို ခေါ်ယူနိုင်ရေး အတွက် ချယ်လ်ဆီး အလားအလာ ကောင်းနေ


ချယ်လ်ဆီး အသင်း၏ ပေါ်တို တိုက်စစ်မှူး ဟော့ခ်ကို ခေါ်ယူနိုင်ရန် ကြိုးပမ်းမှုမှာ အောင်မြင်မှု ရရှိလာနိုင်သည့် အခြေအနေမျိုး ဖြစ်လာခဲ့သည်။


ဘရာဇီးလ် လက်ရွေးစင် ဟော့ခ်၏ အေးဂျင့်ဖြစ်သူက ကစားသမားသည် ယခုရာသီတွင် ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ကစားရန် အလွန် စိတ်အားထက်သန်နေကြောင်း ပြောကြားခဲ့သည်။ အေးဂျင့် တီယိုဒိုရို ဖွန်ဆီကာက "သေချာတာကတော့ ဟော့ခ်ဟာ ပေါ်တိုကို စွန့်ခွာမယ်ဆိုရင် အသင်းကြီး တစ်ခုကိုပဲ သွားပါမယ်။ ကြီးကျယ်တဲ့ ပြိုင်ပွဲတစ်ခုက ကြီးကျယ်တဲ့ အသင်းမျိုးပေါ့။ ပြောရရင် ခုချိန်မှာ ဟော့ခ်ရော၊ ကျွန်တော်ပါ ပရီးမီးယားလိဂ်ကို သိပ်သဘောကျနေတယ် ဆိုတာပါပဲ"ဟု ပြောဆိုခဲ့သည်။

ချယ်လ်ဆီးသည် အဓိက တိုက်စစ်မှူး ဒီဒီရာ ဒရော့ဂ်ဘာ အသင်းမှ ထွက်ခွာရန် ဆုံးဖြတ်ထားပြီးနောက် တိုက်စစ်မှူး အကျော်အမော်များကို ချိတ်ဆက်နေရာ ဟော့ခ်သည် ဦးစားပေး ပစ်မှတ်တစ်ခု ဖြစ်နေသည်။ ဖွန်ဆီကာက "ခုလောလောဆယ်မှာတော့ ချယ်လ်ဆီးဟာ စိတ်ဝင်စားစရာ အကောင်းဆုံးပါပဲ။ သူတို့ဟာ ဥရောပ ချန်ပီယံတွေ ဖြစ်ပါတယ်။ ပြီးတော့ သူတို့ကိုယ်တိုင်ကလည်း ဟော့ခ်ကို အလေးအနက် လိုချင်နေပုံရတယ်"ဟုလည်း ဆိုသည်။ ၎င်းက "ဈေးကွက်ထဲက ဘရာဇီးလ် တိုက်စစ်မှူးတွေမှာ ဟော့ခ်နဲ့ နေမာက လူပြောအများဆုံးပဲ။ သူတို့နှစ်ယောက်ဟာ အဆင့်တူ ကစားသမားတွေပါ။ သူတို့ရဲ့ ခြေစွမ်းတွေကြောင့် သက်ဆိုင်ရာ ကလပ်အသင်းတွေက ပြောင်းရွှေ့ကြေးကို မြင့်မြင့်မားမား မျှော်လင့်တာဟာ မဆန်းပါဘူး"ဟုလည်း ပြောကြားသွားခဲ့သည်။
Ref: Daily Mail
ခုလောလောဆယ်မှာတော့ ချယ်လ်ဆီးဟာ စိတ်ဝင်စားစရာ အကောင်းဆုံးပါပဲ။ သူတို့ဟာ ဥရောပ ချန်ပီယံတွေ ဖြစ်ပါတယ်။ ပြီးတော့ သူတို့ကိုယ်တိုင်ကလည်း ဟော့ခ်ကို အလေးအနက် လိုချင်နေပုံရတယ်...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )