22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, May 26, 2012

ခရူဝီကို တန်းတက်ရန် ကြိုးစား ပေးပြီးချိန်တွင် မန်ယူသို့ ပိုဝဲလ် ပြောင်းရွှေ့ဖွယ်ရှိ

လိဂ်ဝမ်းသို့ တက်ရောက်ရန် အသင်းအတွက် အစွမ်းကုန် ကူညီ ပေးပြီးချိန်တွင် နစ်ကီပိုဝဲလ်သည် မန်ချက်စတာ ယူနိုက်တက် အသင်းသို့ ပြောင်းရွှေ့လာဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

အသက်(၁၈)နှစ်သာ ရှိသေးသည့် လူငယ် ကစားသမားလေးအား ပေါင်စတာလင် (၄)သန်းဖြင့် ခေါ်ယူရန် မန်ယူက ကြိုတင် သဘော တူညီမှု ရရှိထားကြောင်း သတင်းများ ထွက်ပေါ် နေခဲ့သည်။ ခရူဝီ အလက်ဇန္ဒား အသင်းအား တန်းတက်ရန် အတွက် အဆုံးအဖြတ် ရှုံးထွက်ပွဲ ကစား ပေးပြီးချိန်တွင် အဆိုပါ တက်သစ်စ ကွင်းလယ် ကစားသမားလေးသည် ပရီးမီးယား လိဂ်သို့ ခြေချလာရန် အသင့် ဖြစ်နေသည်။ ၎င်းပါဝင်သော ခရူဝီသည် (၁၈)ပွဲဆက် ရှုံးပွဲ မရှိသော ဘောလုံး ရာသီကို ဖြတ်သန်းပြီးနောက် တန်းတက်ရန် အတွက် ရှုံးထွက်ပွဲ ကစားခွင့် ရလာခဲ့သည်။


ပိုဝဲလ်သည် ယခုရာသီ ခရူဝီအတွက် (၁၄)ဂိုး သွင်းယူ ပေးထားသလို ခရူဝီ အသင်း၏ သက်တမ်းတစ်လျှောက် အကောင်းဆုံး ထွက်ပေါ်လာသည့် ပါရမီရှင် လူငယ်တစ်ဦးအဖြစ် သတ်မှတ် ခံထားရသည်။ ခရူဝီသည် ငွေကြေး အကျပ်အတည်း အချို့ ကြုံနေရသောကြောင့် ဆယ်ကျော်သက် လူငယ်လေး အတွက် ကောင်းမွန်သော ကမ်းလှမ်းမှုမျိုးကို ငြင်းဆန်နိုင်ဖွယ် မရှိချေ။ ခရူဝီ အသင်းခေါင်းဆောင် ဒေးဗစ်အာတဲလ်က ပိုဝဲလ်၏ ခြေစွမ်းကို အထူးပြု ချီးကျူးခဲ့ပြီး အနာဂတ်တွင် တောက်ပ လာလိမ့်မည်ဟု မှတ်ချက် ပြုခဲ့သည်။

အသက်(၁၈)နှစ်သာ ရှိသေးသည့် လူငယ် ကစားသမားလေးအား ပေါင်စတာလင် (၄)သန်းဖြင့် ခေါ်ယူရန် မန်ယူက ကြိုတင် သဘော တူညီမှု ရရှိထားကြောင်း သတင်းများ ထွက်ပေါ်နေ...
"ကျွန်တော် တွဲကစားဖူးသမျှ ကစားသမား အားလုံးမှာ သူက အတော်ဆုံးပါပဲ။ သူဟာ တိုက်စစ်ထိ ထဲထဲဝင်ဝင် လိုက်ကစားတတ်ပါတယ်။ ပရီးမီးယားလိဂ် ကလပ်တွေ သူ့ကို စိတ်ဝင်စားတာ ဘာမှ မဆန်းဘူး။ ကျွန်တော်တို့ဟာ တစ်ဦးကောင်း မှီခိုနေတဲ့ အသင်းမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီရာသီမှာ ခရူဝီအတွက် ပိုဝဲလ် တစ်ယောက်တည်းက ထူးထူးချွန်ချွန် အများကြီး လုပ်ပြနိုင်ခဲ့တာကိုတော့ လက်ခံရမှာပါ" ဟု အာတဲလ်က ပြောဆိုသွားသည်။
Ref: Daily Mail
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )