22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, May 2, 2012

ဉာဏ်ကောင်းစေမည့် အစာစားနည်းများ

ဘယ်အသက်အရွယ်ပဲရောက်ရောက် မှတ်ဉာဏ်ကောင်းမွန်ပြီး အသက်အရွယ်ကြောင့် ဖြစ်တဲ့ မှတ်ဉာဏ် ပြဿနာတွေ မကျရောက်စေဖို့ လိုက်နာသင့်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
 
ကော်ဖီ အသင့်အတင့်သောက်ပါ
ကော်ဖီသောက်တာဟာ မှတ်ဉာဏ်ကောင်းမွန်စေခြင်းနဲ့ ကြောင်းကျိုးဆင်ခြင်နိုင်ခြင်းစတဲ့ ကောင်းကျိုးတွေ ရှိစေကြောင်း အရင်လေ့လာမှုတွေက ဆိုထားပါတယ်။ အခုလတ်တလော လေ့လာမှုအရ နေ့စဉ်ကော်ဖီကို အသင့်အတင့်နဲ့ ကြာကြာသောက်တာဟာ အယ်လ်ဇိုင်းမားရောဂါအန္တရာယ်ကို လျော့နည်းစေခြင်းနဲ့ ဆက်စပ်မှုရှိကြောင်း သိရပါတယ်။


နံနက်စာအတွက် အချိန်ပေးပါ
အသက် ၆၁-၇၉ ခုနှစ်အရွယ် အသက်ကြီးသူတွေမှာ နံနက်စာ ကောင်းကောင်းစားပေးတာဟာ မှတ်ဉာဏ် စစ်ဆေးမှုတွေမှာ ရလဒ်ကောင်းကောင်းရရှိစေတယ်လို့ တိုရွန်တိုလေ့လာမှုက ဆိုပါတယ်။ ကလေးတွေဟာ နံနက်စာကောင်းကောင်းစာတဲ့အခါ စာမေးပွဲရမှတ် မြင့်တက်လာပါတယ်။

 


ဦးနှောက်စွမ်းအားကို ဘလူးဘယ်ရီသီးနှင့် မြှင့်တင်ပါ
ဘလူးဘယ်ရီသီးဟာ အသက်အရွယ်ကြီးချိန်မှာ ဖြစ်တတ်တဲ့ မှတ်ဉာဏ်ပြဿနာ မဖြစ်အောင်နဲ့ မှတ်ဉာဏ်ပြဿနာ သက်သာလျော့ပါးအောင် ကာကွယ်ကုသပေးနိုင်ပါတယ်။



ဝိုင်အသင့်အတင့်သောက်ပါ
ဝိုင်ကြိုက်သူတွေအတွက် သတင်းကောင်းပါပဲ။ တစ်နေ့မှာ ဝိုင်တစ်ခွက်နဲ့ တစ်ပတ်မှာ ဝိုင်ခြောက်ခွက် သောက်သူတွေဟာ ဝိုင်မသောက်သူတွေနဲ့ ယှဉ်ရင် ၆ နှစ်အကြာမှာ ကြောင်းကျိုးဆင်ခြင်နိုင်စွမ်းအား လျော့နည်းခြင်း (Dementia) ဖြစ်နိုင်ခြေ ၅၄ ရာခိုင်နှုန်း လျော့နည်းကြောင်း လေ့လာမှုတစ်ရပ်အရ သိရပါတယ်။

 

မေ့တတ်လျှင် ငါးစားပါ
အခုတလော ယာယီသတိမေ့လွယ်တတ်နေရင် အိုမီဂါသရီ ဖက်တီးအက်စစ် ပါဝင်မှုများတဲ့ ငါးစားပေးပါ။
ညစာမှာ မဆလာပါသော ဟင်းစားပါ
မဆလာပါတဲ့ဟင်းဟာ မှတ်ဉာဏ်ဆုံးရှုံးမှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး အယ်လ်ဇိုင်းမားရောဂါဖြစ်နှုန်း လျှော့ကျစေပါတယ်။ ဟင်းခတ်အမွှေးအကြိုင်တွေဟာ ဦးနှောက်ကို ထိခိုက်ပျက်စီးမှု မဖြစ်အောင် ကာကွယ်ပေးတဲ့ အင်ဇိုင်းတွေကို အားကောင်းစေတာကြောင့် ဖြစ်ပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )