22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, May 2, 2012

ဉာဏ်ကောင်းပြီး ထက်မြက်စေမည့် ထိပ်တန်းနည်းများ

 
ဘဝတစ်လျှောက်လုံး မှတ်ဉာဏ်ကောင်းပြီး ထက်မြက်ချင်ပါသလား။ အောက်ပါ အပြုအမှုတွေဟာ အသက်ကြီးပြီး ဉာဏ်ကောင်းနေသူတွေကို အဘက်ဘက်ကနေ သိပ္ပံနည်းကျ လေ့လာထားတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။
၁။ အသစ်အဆန်းများကို လေ့လာပါ
ဘဝတစ်လျှောက်လုံး ပညာရပ်အသစ်တွေကို လေ့လာနေတာဟာ ဘဝရဲ့ နောက်ပိုင်းအချိန်တွေအထိ ဦးနှောက်ကို ထက်မြက်နေစေပါတယ်။ ဦးနှောက်ကို စိန်ခေါ်ပြီး လေ့လာတာဟာ သင်ယူနိုင်စွမ်းကို လှုံ့ဆော်ခြင်း၊ ဦးနှောက်အာရုံကြော ထိခိုက်ပျက်စီးတဲ့ ရောဂါဖြစ်နိုင်ခြေ လျော့နည်းခြင်းနဲ့ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေခြင်းဆိုတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။
၂။ ပုံမှန်အားကစားလုပ်ပါ
အားကစားဟာ ကျန်းကျန်းမာမာ၊ ကျက်သရေရှိရှိ အိုမင်းနိုင်အောင် အထောက်အကူပြုပေးပါတယ်။ အားကစားကို ပုံမှန်ပြုလုပ်တာဟာ ဦးနှောက်နဲ့ အာရုံကြော ထိခိုက်ပျက်စီးတဲ့ ရောဂါဖြစ်နိုင်ချေကို လျှော့ချနိုင်ရုံသာမက အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေကိုပါ နှေးကွေးစေပါတယ်။
အားကစားဟာ စွမ်းအားပမာဏ၊ စိတ်ခံစားမှု၊ အိပ်ပျော်ခြင်းနဲ့ ဦးနှောက်ကျန်းမာရေးအဆင့်တွေကို တိုးမြင့်စေပါတယ်။ ပုံမှန်အားကစား ပြုလုပ်တာဟာ စိတ်ဓာတ်ကျခြင်းနဲ့ စိတ်ပူပင်သောကကို လျော့ကျစေကာ ဥာဏ်ရည်ထက်မြက်စေပါတယ်။
၃။ အပေါင်းအသင်းများနှင့် ပျော်ပျော်နေပါ
မိတ်ဆွေသူငယ်ချင်းတွေကြောင့် အတွေ့အကြုံဖလှယ်နိုင်ခြင်း၊ အသစ်အဆန်း လေ့လာနိုင်ခြင်း၊ ပျော်ရွှင်ခြင်း၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ခြင်းနဲ့ ယုံကြည်မှု ရှိခြင်းဆိုတဲ့ အရာတွေကို ရရှိစေပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပေါ့ပေါ့ပါးပါးနေပြီး ရယ်မောတာဟာ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာ တွေကို ကောင်းမွန်စေပါတယ်။
၎။ ကျန်းမာရေးအသိရှိပါ
ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ဖို့ အရေးကြီးပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ လွဲမှားနေတယ်လို့ထင်ရင် ဆရာဝန်နဲ့ ပြသပါ။ ဆရာဝန်ကို ကိုယ့်ကျန်းမာရေးအကြောင်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးတာဟာ ဆရာဝန်အနေနဲ့ တိကျသေချာတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်မှာပါ။
၅။ ငြိမ်ငြိမ်နေပါ
လူ့အဖွဲ့အစည်းထဲမှာနေရင်း စိတ်တွေ ရှုပ်ထွေးလာတဲ့အခါ အနားယူဖို့ အချိန်နည်းနည်းယူပြီး ငြိမ်ငြိမ်နေပါ။ ဦးနှောက်ဟာ သတင်းအချက်အလက်တွေကို နက်နက်နဲနဲ စီစဉ်နိုင်ဖို့ အချိန်လိုပါတယ်။ စိတ်ဖိစီးပြီး မောပန်းနေရတဲ့ ဘဝနေထိုင်မှုပုံစံဟာ ကိုယ်ကျန်းမာရေးနဲ့ စိတ်ချမ်းသာမှုအပေါ် ထိခိုက်စေနိုင် ပါတယ်။ ဒါကြောင့် စိတ်ဖိစီးပြီး ပင်ပန်းနေချိန်မှာ အသက်ပြင်းပြင်းရှူပြီး အနားယူပါ။
၆။ ဆေးလိပ်၊ အရက်နှင့် မူးယစ်ဆေးဝါးရှောင်ပါ
ဆေးလိပ်၊ အရက်နဲ့ မူးယစ်ဆေးဝါးတို့လို စိတ်ကို ပြောင်းလဲစေတဲ့အရာတွေဟာ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာ၊ စေ့ဆော်မှုနဲ့ စူးစိုက်အားတွေကို လျော့ကျစေပါတယ်။ ဒီနေရာတွေဟာ မှတ်ဥာဏ်ကိုပါ ချို့တဲ့သွားစေပါတယ်။
၇။ ငွေရေးကြေးရေးဆိုင်ရာ ပန်းတိုင်ထားရှိပါ
ဘဏ္ဍာရေးဆိုင်ရာ စိတ်ချရမှုအတွက် အစီအစဉ်ချမှတ်ထားတာဟာ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေတဲ့ နည်းလမ်းကောင်းပါ။ ဝင်ငွေနဲ့ ထွက်ငွေကို ချိန်ဆသုံးစွဲရင်း တစ်လတာဝင်ငွေရဲ့ ငါးရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်းကို စုဆောင်းထားတာဟာ ဘဝရဲ့ နောက်ပိုင်းကာလတွေအတွက် အဆင်ပြေစေပါတယ်။
Ref : Good Health
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )