22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, May 2, 2012

စစ်တပ်အရှိန်အ၀ါသုံးပြီး ပွဲစားခမပေးပဲ လုပ်သွားတဲ့ နေပြည်တော်ပျဉ်းမနားက ဖြစ်ရပ်

          နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ ပါနေတဲ့ နေပြည်တော်ပျဉ်းမနားမှာ စစ်တပ်အရာခံ ဗိုလ်ဆိုသူက ပွဲခပေးမယ်ဆိုပြီး အိမ်ရောင်းခိုင်းကာ ပွဲခကို စစ်တပ်အရှိန်အ၀ါသုံးပြီး မပေးခဲ့လို ကာယကံရှင်တွေ စိတ်ညစ်နေရတဲ့ ဖြစ်ရပ်က (၂.၅.၂၀၁၂)နေ့က ဖြစ်ပွားခဲ့ပါတယ်။

          ဖြစ်စဉ်ကလေးကတော့ နေပြည်တော်ကောင်စီနယ်မြေ ထောက်/ပို့တပ်က အရာခံဗိုလ် မြင့်သိန်း(ခ)ကြည်စိန် (၅၅)နှစ်ခန့်က ယင်း၏အိမ်ဝိုင်း ရောင်းပေးလျှင် ပွဲခ (၂)% နှုန်းပေးမယ်ဆိုပြီး ရောင်းခိုင်းလို့ အာဟာရသုခဈေးဝန်းနေ မအေးမိစံ (၃၆)နှစ်ခန့်က အရာခံဗိုလ် မြင့်သိန်း(ခ)ကြည်စိန် ဘက်ကပွဲစားအဖြစ်နေ ပေါင်းလောင်းဒေါနလမ်းနေ မရတနာဝင်းက ၀ယ်ယူသူ ဦးဇော်ဝင်းဘက်ကနေပြီး ပွဲစားတို့ထုံးစံအရ ရောင်းသူ၊၀ယ်ယူသူနှစ်ဖက်စလုံးကနေ ပွဲခပေးပါမယ့်ဆိုတဲ့ ကတိစကားနဲ့ (၄၀ x ၆၀)အကျယ်ရှိတဲ့ ပေါင်းလောင်း (၅)လမ်းက အိမ်နဲ့ဝိုင်းကို သိန်း (၄၂၀)နဲ့ရောင်းခိုင်းပါသတဲ့။ ပွဲစားခက တစ်ဖက်ကို ရှစ်သိန်းလေးသောင်းနှုန်းနဲ့ ပွဲစားတွေက ရမှာပါ။ ပွဲစားဆိုပေမယ့်လဲ အဲသည့်အမျိုးသမီးနှစ်ယောက်က ပွဲစားအစစ်မဟုတ်ပါဘူး။ သူမတို့စီးပွားရေးထဲမှာပဲ သူမတို့ခေါင်းနှစ်နေတဲ့ ခပ်နုံနုံလေးတွေပါ။

          တစ်ကယ်တမ်း ၀ိုင်းနဲ့အိမ်ဖိုး ငွေအကျေချေပြီးသွားတော့ အရာခံဗိုလ် မြင့်သိန်း(ခ)ကြည်စိန်က ပွဲစားခကို အကျေချေပြီးသယောင်နဲ့ ပွဲစားနှစ်ယောက်ကိုရန်တိုက်ပေးပြီး ပွဲစားနှစ်ယောက် စုံတော့ အဖြစ်မှန်သိပြီး အရာခံဗိုလ် မြင့်သိန်း(ခ)ကြည်စိန်ဆီ ပွဲစားနှစ်ယောက်က အရာခံဗိုလ် မြင့်သိန်း(ခ)ကြည်စိန်အိမ်ကိုလိုက်ပြီး တောင်းတော့ မပေးနိုင်ဘူး ဆရာကြီးအိမ်မှာမရှိဘူးလို့ ငြင်းလွှတ်လိုက်တယ်။ ဒါကြောင့် ပွဲစားမနှစ်ယောက်က အိမ်ဝိုင်း ၀ယ်ယူသူ ဦးဇော်ဝင်းဆီက ရတဲ့ ပွဲစားခကိုပဲ နှစ်ဦးခွဲဝေယူလိုက်ရတော့တယ်။

          အကျိုးအကြောင်းသိချင်တဲ့ ပွဲစားမနှစ်ယောက်က အရာခံဗိုလ် မြင့်သိန်း(ခ)ကြည်စိန်အိမ်ကို ဖုန်းဆက်တော့ အရာခံဗိုလ် မြင့်သိန်း(ခ)ကြည်စိန်ရဲ့သား ဗိုလ်မှူးသိန်းထွန်းဦး (DSA နည်းပြ) နဲ့ အရာခံဗိုလ် မြင့်သိန်း(ခ)ကြည်စိန်ရဲ့ချွေး ဒေါ်မေသန်းနွယ်နဲ့ တွေ့တဲ့အခါမှာ ``အဖေမရှိဘူး နင့်တို့ဘာသာနင်တို့ရှင်း၊ အဖေက စစ်ရုံးထဲမှာမှာ နင်တို့လိုက်ရဲရင်လိုက်သွားကြည့်။ ငါက ဗိုလ်မှူး နင်တို့လုပ်ချင်ရာလုပ် တိုင်ချင်ရာတိုင်၊ စစ်သားဆိုတာ ပြတ်သားတယ်ကွ´´ဟု မချေမငံဆက်ဆံ ရန်တွေ့ခဲ့သည်ဟုဆိုပါတယ်။

          လက်မလျှော့ချင်သေးတဲ့ ပွဲစားမနှစ်ယောက်က အရာခံဗိုလ် မြင့်သိန်း(ခ)ကြည်စိန်ရဲ့ ဟန်းဖုန်းကို သူတို့ဖုန်းနဲ့ဆက်တဲ့အခါ လုံးဝမကိုင်ပါဘူး။ (ဖုန်းနံပါတ်ကို ကြည့်ပြီးတော့)။ တစ်ခြားက ဖုန်းတွေနဲ့ဆက်တဲ့အခါမှာ လဲ ဘေးလူကိုပဲကိုင်ခိုင်းပါသတဲ့။

          မှန်းထားတဲ့ ပွဲခမရလို့ အပူမိသွားတဲ့ ပွဲစားမနှစ်ယောက်က သက်ဆိုင်ရာသွားတိုင်တော့လည်း ဒီအမှုဟာ ရာဇ၀တ်အမှု မဟုတ်တဲ့အတွက် သက်ဆိုင်ရာကလည်း လက်ရှောင်နေပါသတဲ့။ သူတို့ မကျေနပ်တာက အပြင်စီးပွားရေး/ ကိုယ်ရေးကိုယ်တာ ကိစ္စကို စစ်တပ်တို့/ စစ်တိုင်းရုံးတို့/ ဗိုလ်မှူးတို့/ အရာခံဗိုလ် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ခြိမ်းခြောက်တာကို မနှစ်မြိုတာပါ။ 

စစ်သားတွေထဲမှာ ကောင်းတာတွေရှိသလို ကောင်းတဲ့စစ်သားတွေဟာလဲ အဲသည်လို လူမျိုးတွေကြောင့် ရောပြီးနာမည်ပျက်နေရတာကို စိတ်မကောင်းပါဘူးလို့လဲ စိတ်ညစ်နေရှာကြပါတယ်။

          ဒီလိုဖြစ်ရပ်မျိုးကမှ ရာဇ၀တ်မှုမဟုတ်ဘူးဆိုရင် ဘယ်လိုဟာမျိုးတွေကမှ ရာဇ၀တ်မှုဖြစ်ပါသလဲဆိုတာလဲ ပွဲစားမနှစ်ယောက်က နားရှင်းချင်ပါသတဲ့-----။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )