22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, May 2, 2012

ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ်များ EU ပါလီမန်သို့ သွားရောက်လေ့လာမည်

ဂျာတော့ပ်(မြစ်မခ)
မေ(၂)ရက်၊၂၀၁၂ခုနှစ်။
 
မြန်မာ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်  ဥရောပသမဂ္ဂပါလီမန်(EU ပါလီမန်)သို့ မေလ(၆) ရက်နေ့တွင် သွားရောက်လေ့လာမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံက သိရသည်။

ဂျာမနီ၊ ဘယ်ဂျီယံ၊ နော်ဝေး စသည့် နိုင်ငံသုံးနိုင်ငံ၏ လွှတ်တော်ဥက္ကဋ္ဌများ၏ ဖိတ်ကြားချက်အရ လွှတ်တော်ဖွဲ့စည်းပုံနှင့် စီးပွားရေးရင်းနှီးမြှပ်နှံမှုများ သွားရောက်လေ့လာမည်ဖြစ်ကြောင်းသိရသည်။


ဥရောပသမ္မကပါလီမန်နှင့် မြန်မာလွှတ်တော်ဆက်ဆံရေးပိုမိုတိုးမြင့်နိုင်ရန်နှင့် နှစ်နိုင်ငံအပြန်အလှန်လေ့လာ၍ ပူးပေါင်းဆောင်ရွက်ရန် ဥရောပခရီးစဉ်သို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အချို့ မေလ(၆)ရက် သွားရောက် မည်ဖြစ်သည်။

 
ဥရောပသမ္မကပါလီမန် ဥက္ကဋ္ဌမစ္စတာ မာတင်ရူ၏ ဖိတ်ကြားချက်အရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဥက္ကဋ္ဌ သူရရွှေမန်း၊ စီမံကိန်းနှင့် ဘဏ္ဍရေး ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးစိုးသာ၊ နိုင်ငံတကာဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌဦးလှမြင့်ဦး၊ စီးပွားရေးနှင့် ကုန်သွယ်ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်သိန်း၊ ရင်းနှီးမြှပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဌေးမြင့်၊ တိုင်ရင်း သားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ အတွင်းရေးမှူး ဒေါ်ဒွဲဘူနှင့် ပြည်သူ့ လွှတ်တော်ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ဒေါ်နန်းနုဝါတို့ သွားရောက်လေ့လာမည် ဖြစ်သည်။
 
ဥရောပနိုင်ငံများတွင် ဘဏ္ဍာရေးဆိုင်ရင်ကိစ္စရပ်များအား မည်သို့တာဝန်ယူဆောင်ရွက်နေသည်၊ လွှတ်တော် စီမံကိန်းများ၊ လွှတ်တော်ဖွဲ့စည်းမှုဆိုင်ရာ၊  စီးပွားရေးနှင့်ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ ရင်းနှီးမြှပ်နှံမှု အပါအ၀င်  လွှတ်တော်များ၏ ဥပဒေပြုအစီအစဉ်များနှင့် လေ့လာသင့်သည့် ဥပဒေများ၊ အခြားစေ့စပ်သည့် ကိစ္စရပ်များ လေ့လာရန်သွားရောက်ခြင်း ဖြစ်ကြောင်း အင်ဂျန်ယန် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောသည်။

“အန်တီကတော့ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ကပေါ့။ ဒါပေမယ့် သူတို့က အန်တီကို ခေါ်တယ်။ ကိုယ်က ရှေ့နေဖြစ်နေတော့ ဥပဒေနှင့် ဆိုင်တာတွေ လေ့လာဖို့အတွက် သွားရမယ်။” ဟု ဒေါ်ဒွဲဘူက ဆိုသည်။


အဆိုပါခရီစစဉ်တွင် မြန်မာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဂျာမနီ၊ ဘယ်ဂျီယံ၊ နော်ဝေး စသည့် နိုင်ငံများအပြင် ပြစ်သစ်နှင့် ဆွီဇလန် နှစ်နိုင်ငံသို့လည်း အလည်ခရီးသွားရောက်မည်ဖြစ်သည်။

Shwe Myitmakha Media Group

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )