22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, May 4, 2012

မန်စီးတီးသည် နယူးကာဆယ်လ်နှင့် ပွဲတွင် အစမ်းသပ် ခံရဦးမည်ဟု ဖာဂူဆန် ကောက်ချက်ချ

 
မန်ချက်စတာ စီးတီး အနေဖြင့် ပရီးမီးယားလိဂ် ချန်ပီယံ ဘွဲ့နှင့် ထိုက်တန်ခြင်း ရှိမရှိ နယူးကာဆယ်လ် ယူနိုက်တက်နှင့် အတွေ့တွင် အစမ်းသပ် ခံရလိမ့်မည်ဟု ဆာအဲလက်စ် ဖာဂူဆန်က ပြောကြားလိုက်သည်။

မန်ချက်စတာ ယူနိုက်တက် အသင်း၏ မန်နေဂျာကြီးက မြို့ခံပြိုင်ဘက်အတွက် နယူးကာဆယ်လ်တွင် သွားကစား ရမည့် ပွဲသည် အလွန် ခက်ခဲလိမ့်မည်ဟု မှတ်ချက် ပြုလိုက်သည်။ မန်စီးတီးသည် အနောက်မြောက်ဘက် ဒေသသို့ တနင်္ဂနွေနေ့တွင် သွားရောက်ကာ မန်ယူနှင့် ဆွမ်ဆီးတို့ အိုးလ်ထရက်ဖို့ဒ်တွင် မကစားမီ နယူးကာဆယ်လ်ကို ရင်ဆိုင်မည် ဖြစ်သည်။ လက်ရှိတွင် မန်ချက်စတာ နှစ်သင်းလုံးသည် ရမှတ်တူ အနေအထားတွင် ရှိနေပြီး မန်စီးတီးက ဂိုးကွာခြားချက် အသာဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နေသည်။ မန်စီးတီးသည် မန်ယူထက် ဂိုးကွာခြားချက် (၈)ဂိုးထိ အသာ ရထားရာ လက်ကျန်(၂)ပွဲဖြစ်သည့် နယူးကာဆယ်လ်နှင့် QPRတို့ကို အနိုင်ရလျှင် ချန်ပီယံဘွဲ့ကို ဆွတ်ခူးရန် သေချာသည့် အနေအထားမျိုး ဖြစ်နေသည်။

ဖာဂူဆန်က “နယူးကာဆယ်လ်ဟာ ကစားပုံ သိပ်ကောင်းတဲ့ အသင်းပါ။ သူတို့ဟာ ၀ီဂန်ကို (၄-၀)နဲ့ ရှုံးခဲ့ပေမယ့် သူတို့ အဆင့်အတန်း အမှန်ကို ချယ်လ်ဆီးနဲ့ ပွဲမှာ ပြန်ပြခဲ့တယ်။ စတမ်းဖို့ဒ်ဘရစ်ဂ်ျလို နေရာမှာ (၂-၀)နဲ့ နိုင်ခဲ့တာပါ။ နယူးကာဆယ်လ်ရဲ့ လက်ရှိပုံစံက ကောင်းမွန်နေပါတယ်။ မန်စီးတီး အနေနဲ့ ဒီပွဲမှာ လွယ်ကူမှာ မဟုတ်ပါဘူး။ သူတို့အတွက် နယူးကာဆယ်လ်နဲ့ပွဲဟာ စိန်ခေါ်မှုကြီး တစ်ခု ဖြစ်လာပါလိမ့်မယ်” ဟု ပြောဆိုခဲ့သည်။ ၎င်းက “ဒီပွဲဟာ ကျွန်တော်တို့ မကစားခင် ကစားမှာပါ။ ဒီအခြေအနေကို ရှောင်လွှဲလို့ မရပါဘူး။ ကျွန်တော်တို့ အနေနဲ့ ကိုယ်ကစားမယ့် ပွဲအတွက်ပဲ အာရုံ စိုက်ရပါမယ်။ ကိုယ့်အသင်းရဲ့ ပြင်ဆင်မှုကို မျက်နှာလွှဲလို့ မရပါဘူး” ဟုလည်း ဆိုသည်။

နယူးကာဆယ်လ်ရဲ့ လက်ရှိပုံစံက ကောင်းမွန်နေပါတယ်။ မန်စီးတီး အနေနဲ့ ဒီပွဲမှာ လွယ်ကူမှာ မဟုတ်ပါဘူး။ သူတို့အတွက် နယူးကာဆယ်လ်နဲ့ပွဲဟာ စိန်ခေါ်မှုကြီးတစ်ခု ဖြစ်လာပါလိမ့်မယ်...
မန်ယူသည် ဆွမ်ဆီးအား ဒန်နီဝဲလ်ဘက်ခ်နှင့် ဂျွန်နီအီဗန်စ်တို့ မပါဘဲ ရင်ဆိုင်ရမည်ဖြစ်သည်။ လက်ရှိတွင် အားထားရသော အဆိုပါ ကစားသမား နှစ်ဦးလုံး ဒဏ်ရာရထားသည်။ ဖာဂူဆန်က မန်ချက်စတာ ဒါဘီတွင် အရှုံးရလဒ် ကြုံခဲ့ရခြင်းသည် ဆိုးရွားသော အနေအထား တစ်ခု အဖြစ်လည်း ၀န်ခံသွားသည်။ “မန်စီးတီးကို တနင်္လာနေ့က ရှုံးလိုက်တာကတော့ ကျွန်တော်တို့ အတွက် ထိုးနှက်ချက် တစ်ခုပါပဲ။ ခုချိန်မှာတော့ ကိုယ်လုပ်နိုင်တာကိုပဲ ကျွန်တော်တို့ လုပ်ရပါမယ်။ တနင်္ဂနွေနေ့ ပွဲကို အနိုင်ကစားဖို့ပဲ မျှော်လင့်ရုံပေါ့” ဟု ဖာဂူဆန်က ပြောကြားသွားခဲ့သည်။
Ref: Daily Mail
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )