22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, May 14, 2012

ဝီဂန် အသင်း၏ ကွင်းထဲ ပရိသတ်များ ကျူးကျော်လာမှုကြောင့် အောင်ပွဲခံ အခမ်းအနား ဖျက်သိမ်း

တန်းဆင်းဇုန်မှ အောင်မြင်စွာ လွတ်မြောက်ခဲ့ပြီး ဖြစ်သည့် ၀ီဂန်အသင်း၏ ပရီးမီးယားလိဂ် အိမ်ကွင်း နောက်ဆုံးပွဲစဉ်သည် ပရိသတ်များ ကျူးကျော်မှုနှင့်အတူ ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ရသည်။

ဝီဂန်သည် တန်းဆင်းထားပြီး ဖြစ်သည့် ၀ုလ်ဗ်ကို (၃-၂)ဖြင့် အနိုင်ရခဲ့ပြီး အလွန် စိတ်လှုပ်ရှားနေသော ပရိသတ်များသည် ပွဲသိမ်းခရာ မှုတ်လိုက်ချိန်တွင် DW ကွင်းကြီး၏ မြက်ခင်းပြင်ပေါ် ကျူးကျော် ၀င်ရောက်လာခဲ့သည်။ ထို့နောက် ပျော်ရွှင်စွာ အောင်ပွဲ ခံနေသော အသင်းအတွက် ပြောင်းပြန် အခြေအနေများ ဖြစ်လာခဲ့သည်။ ၀ုလ်ဗ်အသင်း ပရိသတ် အချို့လည်း ကွင်းလုံခြုံရေး များကို ကျော်ဖြတ်ကာ ကွင်းထဲထိ ၀င်လာကြသည်။ ယခုဖြစ်စဉ်ကြောင့် အနည်းဆုံး လူတစ်ဦး ဦးခေါင်းတွင် ဒဏ်ရာ ရသွားသည်ကို သတင်းဓာတ်ပုံများ အရ တွေ့ရှိရသည်။
ဒဏ်ရာရသွားသည့် ပရိသတ်တစ်ဦး

သို့သော် စည်းစနစ် ကျနသော ကွင်းလုံခြုံရေးများက အခြေအနေကို လျင်လျင်မြန်မြန်ပင် ထိန်းချုပ် ကိုင်တွယ် လိုက်နိုင်သည်။ ၀ီဂန်အသင်း၏ ရာသီသိမ်း အောင်ပွဲခံမှု အစီအစဉ်ကို ဖျက်သိမ်းခဲ့ရသည်။ ကွင်းထဲ ၀င်လာသည့် ၀ုလ်ဗ်ပရိသတ်များကို ၀ုလ်ဗ်ကစားသမား များက လိုက်လံ ထိန်းသိမ်း ဖြောင့်ဖြခဲ့ပြီးနောက် ကွင်းအပြင် ထွက်ခဲ့ကြသည်။ ထို့နောက်တွင်မှ ၀ီဂန်ကစားသမားများက ပရိတ်များကို ကျေးဇူးတင်ကြောင်း လက်ပြနှုတ်ဆက်ကာ ကွင်းပြင်သို့ ထွက်သွားကြသည်။ ၀ီဂန်အသင်း မန်နေဂျာ ရောဘတ်တို မာတီနက်ဇ်က ပွဲသိမ်းခရာ မှုတ်ချိန်တွင် အဆိုပါ ကိစ္စကို ရုတ်တရက် သတိမထားမိခဲ့ကြောင်း ပြောဆိုခဲ့ပြီး ယခုကိစ္စကြောင့် ပရိသတ်များ၏ အပြုအမူ ဆိုးသွမ်းသည်ဟု နာမည်မတပ်သင့်ကြောင်း မှတ်ချက်ပြုသွားသည်။

"ဒီပွဲဟာ တကယ့်ကို စိတ်လှုပ်ရှားစရာပါ။ သူတို့တွေက ပြင်းပြင်းထန်ထန် စိတ်နှစ်ပြီး အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးပိုင်းမှာတော့ စည်းပျက်ကမ်းပျက် အခြေအနေမျိုး ဖြစ်သွားခဲ့တယ်။ ဒါဟာ တကယ့် လူနည်းစုလေးပါ။ အသင်းရဲ့ ပါတီကို ဖျက်သလို ခံစားရပေမယ့် သူတို့ကို အပြစ်တင်လို့ မရပါဘူး။ ၀ီဂန် ပရိသတ်တွေဟာ တစ်ရာသီလုံး အသင်းအတွက် မားမားမတ်မတ် ထောက်ခံ အားပေးခဲ့သူတွေ ဖြစ်ပါတယ်။ ဒီနေ့မှာ ရရှိခဲ့သမျှ စိတ်ကျေနပ်မှုတိုင်းဟာ သူတို့နဲ့ ထိုက်တန်ပါတယ်"ဟု မာတီနက်ဇ်က ပြောဆိုသွားသည်။
Ref: Daily Mail
အလွန်စိတ်လှုပ်ရှားနေသော ပရိသတ်များသည် ပွဲသိမ်းခရာ မှုတ်လိုက်ချိန်တွင် DW ကွင်းကြီး၏ မြက်ခင်းပြင်ပေါ် ကျူးကျော် ၀င်ရောက်လာခဲ့...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )