22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, May 14, 2012

တန်းဆင်းခဲ့ရမှု အတွက် ဒိုင်လူကြီးကို ဘော်လ်တန် မန်နေဂျာ ဝေဖန်

ဘော်လ်တန် အသင်း မန်နေဂျာ အိုဝင်ကွိုင်လ်က စတုတ်ခ်စီးတီးနှင့် သရေကျကာ တန်းဆင်း သွားရသည့် ပွဲစဉ်အပြီးတွင် ကွင်းလယ်ဒိုင်၏ ဆုံးဖြတ်ချက်များ အပေါ် ဝေဖန် သွားခဲ့သည်။

စတုတ် အသင်း၏ ဘရစ်တနီယာ ကွင်းကြီးတွင် အနိုင် ရရေးသည်သာ (၁၁)နှစ်ကြာ ကျင်လည်ခဲ့သော ပရီးမီးယားလိဂ်တွင် ဆက်လက် ရှင်သန်မည့် တစ်ခုတည်းသော အခွင့်အလမ်း အဖြစ် သိရှိ ထားသောကြောင့် ဘော်လ်တန်သည် အစွမ်းကုန် ကြိုးစား ခဲ့သော်လည်း (၂-၂)ဖြင့်သာ ပွဲပြီးခဲ့သည်။ တစ်ဖက်တွင် QPRက မန်ချက်စတာ စီးတီးအား အရေး နိမ့်ခဲ့သော်လည်း  ဘော်လ်တန်က အနိုင် မရသဖြင့် QPRအောက် (၁)မှတ်လျော့ကာ လာမည့် ရာသီတွင် ချန်ပီယံရှစ် အဆင့်၌ သွားရောက် ယှဉ်ပြိုင် ရတော့မည် ဖြစ်သည်။
ဒိုင်လူကြီးနှင့် အငြင်းပွားနေသည့် အိုဝင်ကွိုင်လ်

ယခုပွဲ သရေကျမှုအတွက် ကွိုင်လ်သည် ၎င်း၏ ဒေါသကို ဒိုင်လူကြီး ခရစ်ဖွိုင်းအပေါ် အဓိက ဦးတည် ဖောက်ခွဲပစ်ခဲ့သည်။ အထူးသဖြင့် ပွဲအစ (၁၃)မိနစ်တွင် ဂိုးသမား အဒမ်ဘော့ဒ်ဂန် လက်ထဲမှ ဘောလုံးကို စတုတ်ခ် တိုက်စစ်မှူး ဂျွန်ဝေါ်လ်တာက လုယူ ဂိုးသွင်း ခဲ့ခြင်းကို ဒိုင်က ခွင့်ပြုခဲ့သည့် အတွက် ကွိုင်လ်က အလွန် ဒေါသထွက်နေခဲ့သည်။ "ဒီဆုံးဖြတ်ချက်မျိုးကို လက်ခံဖို့ တော်တော် ခက်ပါတယ်။ ခုကိစ္စကို ကျွန်တော်က ထုတ်ပြောတော့ လူတွေက စပျစ်သီး ချဉ်တယ်လို့ စွပ်စွဲကြမယ်။ ကျွန်တော်တို့အသင်းဟာ အထနှေးခဲ့တာ ၀န်ခံပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ပထမဂိုးကို ဘယ်လိုများ ဒိုင်က ခွင့်ပြုခဲ့သလဲ မသိဘူး။ ဘော့ဒ်ဂန်ဟာ လက်ထဲမှာ ဘောလုံးကို ရှင်းရှင်းလင်းလင်း ရထားပါတယ်" ဟု ကွိုင်လ်က ဆိုသည်။

၎င်းက "ဝေါ်လ်တာဟာ ကစားသမားကောင်းတစ်ယောက်ပါ။ ဒါပေမဲ့ သူက ခေါင်းနဲ့ တံတောင်ကို သုံးပြီး ဘော့ဒ်ဂန်ကို ဒုက္ခပေးခဲ့တယ်။ ကျွန်တော် ဒါကို မယုံနိုင်အောင် ဖြစ်ခဲ့မိတယ်။ ဒိုင်ရဲ့ ဆုံးဖြတ်ပုံကို ကျွန်တော် နားမလည်နိုင်ပါဘူး။ ကျွန်တော်တို့ဟာ ဒီနေ့မှာ အကောင်းဆုံး စီမံဆုံးဖြတ်ပုံမျိုးကို မရရှိခဲ့ဘူး။ နောက်တစ်ချက်က ကျွန်တော်တို့ ကံဆိုးခဲ့ပါတယ်။ လီချောင်ယောင်းက အခွင့်ကောင်း တစ်ခု ရခဲ့သလို တင်ရိမ်းရဲ့ နောက်ဆုံးမိနစ် ခေါင်းတိုက်ချက်ကို တစ်ဖက် ဂိုးသမားက အကောင်းဆုံး ကာကွယ် သွားနိုင်ခဲ့တယ်" ဟုလည်း ပြောကြားသွားသည်။
Ref: Daily Mail
သူတို့ရဲ့ ပထမဂိုးကို ဘယ်လိုများ ဒိုင်က ခွင့်ပြုခဲ့သလဲ မသိဘူး။ ဘော့ဒ်ဂန်ဟာ လက်ထဲမှာ ဘောလုံးကို ရှင်းရှင်းလင်းလင်း ရထားပါတယ်...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )