တိုးမြှင့် ပင်စင်လစာ လျှောက်ထားရန် တန်းစီစောင့်ဆိုင်း နေသူများအား ၂၀၁၁ ခုနှစ် ဇူလိုင်လက တွေ့ရစဉ်
မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင်အာရှ နိုင်ငံများတွင် အသက် ၆၀ နှစ်နှင့်အထက် သက်ကြီး အရေအတွက်မှာ လူဦးရေ၏ ရှစ်ရာခိုင်နှုန်းကျော်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း မေလ ၈ ရက်နေ့တွင် ကျင်းပသော အာရှ-ပစိဖိတ်ဒေသ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဆိုင်ရာ ညီလာခံဖွင့်ပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်၏ ပြောကြားချက်အရ သိရပါသည်။
သက်ကြီးဦးရေသည် ၂၀၃၀ ပြည့်နှစ်တွင် ၁၂ ရာခိုင်နှုန်းနှင့် ၂၀၅၀ ပြည့်နှစ်တွင်၂၀ရာခိုင်နှုန်းအထိရောက် ရှိလာနိုင်သည်ဟု မှန်းဆထားကြောင်း သိရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ၏ တွက်ချက်မှုအရလည်း၂၀၃၀ပြည့်နှစ်တွင် သက်ကြီးရွယ်အို အရေအတွက် မှာ ကလေးဦးရေထက် ပိုမိုများပြားလာနိုင်ကြောင်း သိရသည်။
သက်ကြီးရွယ်အိုများ မြင့်မားလာခြင်းသည် လူမှုဘ၀ဖူလုံရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် စီးပွားကဏ္ဍများအထိပါ စိန်ခေါ်မှုများ ရှိလာနိုင်ကြောင်း သိရသည်။၊
ထို့ပြင် အာရှ-ပစိဖိတ်ဒေသ အတွင်း၌ မုဆိုးဖို အရေအတွက်ထက် မုဆိုးမ အရေအတွက်မှာ ပိုမိုများပြားကြောင်း၊ အမျိုးသမီးများမှာ အမျိုးသားများထက်ပို၍ ဆင်းရဲကြောင်း နှင့် စာတတ်မြောက်မှု နှုန်းမှာလည်း ပိုမိုနည်းပါးကြောင်း၊ အမျိုးသမီးများတွင် သူငယ်ပြန်မှုနှင့် မသန်စွမ်း ဖြစ်နိုင်သည့် အခြေအနေပိုများသကဲ့ သို့ အလွဲအသုံးချခံရနိုင်ခြေလည်း ပိုများကြောင်း ၀န်ကြီးက ပြောကြားခဲ့ပါသည်။
“ဒီလိုရှုပ်ထွေး များပြားလှတဲ့ ကျန်းမာရေးနဲ့ လူမှုရေး ပြဿနာများကို ဖြေရှင်းနိုင်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်း များရဲ့အကြား ပိုမိုကောင်းမွန်တဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ပေါင်းစပ်မှုတွေ လိုအပ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံတွင်လည်းအသက် ၆၀ နှစ်နှင့်အထက် သက်ကြီးအရေအတွက်မှာ ၂၀၀၇ ခုနှစ်တွင် လူဦးရေ စုစုပေါင်း၏ ၈ ဒသမ ၇ ရာခိုင်နှုန်း သာ ရှိခဲ့ရာမှာ ၂၀၁၀ ပြည့်နှစ်တွင် ၉ ဒသမ ၁ ရာခိုင်နှုန်းသို့ တိုးလာခဲ့ ပြီး လက်ရှိတွင် နိုင်ငံလူဦးရေ သန်း ၆၀ အနက် ၁၀ ရာခိုင်နှုန်းမှာ သက်ကြီးရွယ်အိုများ ဖြစ်ကြကြောင်း ၀န်ကြီး က အဆိုပါပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။
12:51 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com