ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံကို တွေ့ရစဉ်
ကော့သောင်း ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံသည် လူနေအိမ် ခြေများနှင့် နီးကပ်နေသည့် အတွက် ကျန်းမာရေးပိုင်း သက်ရောက်မှုများ ရှိနိုင်၍ မြို့နှင့် ၁၀ မိုင်ခန့် ကွာဝေးသောနေရာသို့ ရွှေ့ပြောင်းပေးပါရန် ဒေသခံများက နိုင်ငံတော် သမ္မတထံသို့ တင်ပြခဲ့ကြောင်း သိရှိရသည်။
“သူတို့ဆောက်တာ မနှစ်က စဆောက်တယ်။ ဘာအတွက် ဆောက်မှန်း ၈၀ ရာခိုင်နှုန်းလောက်ပြီးမှ သိရတယ်။ အခုတော့ ပြီးနေပြီပေါ့။ ကျွန်တော်တို့ကတော့ သူတစ်ပါးစီးပွားရေးကို မထိခိုက်စေချင်ဘူး။ လူနေ အိမ်ခြေတွေနဲ့ ဝေးတဲ့နေရာပဲ ပြောင်းပေးစေချင်တာပါ။ ပတ်ဝန်းကျင်နဲ့ ကျန်းမာရေးအပေါ် ဆိုးကျိုးတွေရှိလာ မှာ သိထားလို့ တင်ပြရတာပါ”ဟု ကော့သောင်းမြို့ခံတစ်ဦးက ပြောပြသည်။
‘ကော့သောင်း ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံအား လူနေရပ်ကွက်များနှင့် ဝေးရာသို့ ပြောင်းရွှေ့ ပေးပါရန် သနားခံတင်ပြခြင်း’ဟူသော အကြောင်းအရာဖြင့် ၂၀၁၂ ခုနှစ် ဧပြီ လ ၂၃ ရက်နေ့က တင်ပြခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။
ယင်းစက်ရုံသည် ရွှေဝက်ဝံ ရေခဲစက်ရုံဝင်း၌ တည်ရှိပြီး ဂန္ဓ၀င်လမ်းရှိ နေအိမ်များနှင့် စက်ရုံအကြားတွင် အကျယ်အ၀န်း ၁၀ ပေခန့်သာရှိသော ရေမြောင်းတစ်ခု ခြားထားကြောင်း သိရသည်။
ကော့သောင်းမြို့တွင် လက်ရှိ မီတာခဈေးနှုန်းများမှာ တစ်ယူနစ်လျှင် ကျပ် ၄၃၀ (ရပ်ကွက်မီး-ထိုင်း ဘတ်ငွေ ၂၂ ဘတ်) ဖြစ်ပြီး ကျောက် မီးသွေးဓာတ်အားပေးစက်ရုံမှ လျှပ်စစ်ဓာတ်အားကို ကျပ် ၂၀၀ ဖြင့်သုံး စွဲခွင့်ရမည်ကို ကြိုဆိုကြောင်း၊ မီတာခ သက်သာသော်လည်း လူနေရပ်ကွက် ၌ တည်ဆောက်ထား၍ ဘေးထွက် ဆိုးကျိုးများဖြစ်သော ပြာမှုန့်နှင့် မီး ခိုးများရှူရှိုက်ရခြင်း၊ ညှော်နံ့နံခြင်း၊ အသံဆူညံခြင်းနှင့် ပတ်ဝန်းကျင် ညစ်ညမ်းခြင်းစသည်တို့ ခံစားရနိုင်ခြင်းကြောင့် ဒေသခံများမှာ စိုးရိမ်မှုများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။
12:52 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com