လီဗာပူးလ်၏ မန်နေဂျာ ထိုင်ခုံပူပေါ်တွင် ကင်နီဒဲလ်ဂလစ်ရှ် နေရာကို ဆက်ခံရေးအတွက် အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်နှင့် အသင်း အာဏာပိုင်များ ဆွေးနွေးမည် ဖြစ်သည်။
ဘိုရပ်ရှားဒေါ့တ်မန်ကို ဂျာမနီ၏ အငြင်း ပွားဖွယ်မရှိ ချန်ပီယံ အဖြစ် ဆုဖလားနှစ်လုံး ရယူပေးထားသော ဂျာဂင်ကလော့နှင့် ဆွမ်ဆီးမန်နေဂျာ ဘရန်ဒန် ရော့ဂျာတို့ နှစ်ဦးလုံးကို ဆွေးနွေးရန် ကြိုးစား အားထုတ်မှုများ အဆင်မပြေသည့်နောက် ချယ်လ်ဆီး မန်နေဂျာဟောင်း ဘိုအာ့စ်နှင့် ဆွေးနွေးရန် အသင်း အာဏာပိုင်များက ခြေတစ်လှမ်း တိုးလာခဲ့သည်။ အသက်(၃၄)နှစ်ရှိ ဘိုအာ့စ်သည် လတ်တလောတွင် ကလပ်အသင်း လက်မဲ့ ဖြစ်နေပြီး လီဗာပူးလ်လ်နှင့် ဆွေးနွေးမှုကို အလေးအနက် စဉ်းစားဖွယ် ရှိနေသည်။
လီဗာပူးလ်လ်သည် ဆွမ်ဆီးထံသို့ ချဉ်းကပ်ကာ ရော့ဂျာအတွက် စုံစမ်း မေးမြန်းခဲ့သော်လည်း အသင်းဥက္ကဋ္ဌ ဟူးဂျာကင်စ်က ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့သည်။ ရော့ဂျာ ကိုယ်တိုင်ကလည်း လေဘာတီ ကွင်းကြီးတွင်ပင် ဆွမ်ဆီးအတွက် အပြည့်အ၀ အာရုံစိုက်ထားမည်ဟု ဆိုသည်။ “ကျွန်တော့် ပရော်ဖက်ရှင်နယ် ဘ၀က ဒီအသင်းမှာ အရမ်း အဆင်ပြေနေပါတယ်။ အရေးကြီးတာက ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေး ဘ၀ကလည်း ကောင်းမွန်တေယ် ဆိုတာပါ။ ကျွန်တော်ဟာ ဆွမ်ဆီးအတွက် နည်းပြ အနေနဲ့ရော၊ မန်နေဂျာ အဖြစ်နဲ့ပါ တာဝန်ယူ ကိုင်တွယ်နေပါတယ်။ ကျွန်တော် ဒီအသင်းမှာပဲ အာရုံ စိုက်ထားမှာပါ” ဟု ရော့ဂျာက ပြောကြားသွားသည်။
ကလော့သည် ဒေါ့တ်မန်အတွက် အောင်မြင်မှုများ ဆောင်ယူပေးပြီးနောက် ဥရောပ၏ တက်လမ်းရှိသော လူငယ်နည်းပြ တစ်ဦးအဖြစ် သတ်မှတ် ခံထားရပြီး ဂျာမနီမှ ထွက်ခွာရန် အစီအစဉ် မရှိသေးဟု ပြောကြားထားသည်။ လီဗာပူးလ်သည် နယ်သာလန် နည်းပြ ဘတ်ဗန်မားဝစ်၊ ၀ီဂန်မန်နေဂျာ ရောဘတ်တို မာတီနက်ဇ်တို့ အပြင် ယခင် မန်နေဂျာဟောင်း ရာဖေး ဘင်နီတက်ဇ်ကိုပါ ထည့်သွင်း စဉ်းစားနိုင်ကြောင်း သိရှိရသည်။
Ref: Daily Mail
ဂျာဂင်ကလော့နှင့် ဆွမ်ဆီးမန်နေဂျာ ဘရန်ဒန် ရော့ဂျာတို့ နှစ်ဦးလုံးကို ဆွေးနွေးရန် ကြိုးစား အားထုတ်မှုများ အဆင်မပြေသည့်နောက် ချယ်လ်ဆီး မန်နေဂျာဟောင်း ဘိုအာ့စ်နှင့် ဆွေးနွေးရန် အသင်းအာဏာပိုင်များက ခြေတစ်လှမ်း တိုးလာ...
5:41 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com