22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, May 9, 2012

နယ်သာလန် အခြေစိုက် လူငယ် နှစ်ဦးကို အပြီးသတ် ခေါ်ယူရန် နီးစပ်နေသည့် ဖူလ်ဟမ်

ခရစ်ဒမ့်ဆေးအား လက်လွှတ်ရရန် နီးစပ် နေသည့်နောက် ဖူလ်ဟမ် အသင်းသည် နယ်သာလန် အခြေစိုက် ကစားသမား နှစ်ဦးအား အပြီးသတ် ခေါ်ယူနိုင်ရန် လုပ်ဆောင် နေပြီဟု သိရှိရသည်။

အမေရိကန် ကွင်းလယ်လူ ဒမ့်ဆေးကို အာဆင်နယ်နှင့် လီဗာပူးလ် အသင်းများက အပြိုင်အဆိုင် ချိတ်ဆက်နေသည့်နောက် လန်ဒန် ကလပ် အသင်းသည် နယ်သာလန်တွင် ကစားနေသည့် လူစီယာနို နာဆင်းနှင့် အိုဆူမာ အေဆိုင်ဒီ တို့အား နှစ်ဦးပေါင်း ပေါင်စတာလင် (၁၀)သန်းဖြင့် ခေါ်ယူရန် လုပ်ဆောင်ခဲ့သည်။ ယခုအခါ ကစားသမား နှစ်ဦးလုံးကို ဖူလ်ဟမ်က ပုဂ္ဂိုလ်ရေး ဆွေးနွေးမှုများ ပြုလုပ်နေပြီး ဟီရန်ဗင်း အသင်းကလည်း တောင်ပံ ကစားသမား နှစ်ဦးအတွက် ပြောင်းရွှေ့ကြေးကို လက်ခံထားကြောင်း သိရသည်။
လေ့ကျင့်ကွင်းတွင် တွေ့ရသော နယ်သာလန် ကစားသမား နာဆင်း

ဖူလ်ဟမ်သည် အီတလီအေးဂျင့် မီနိုရိုင်အိုလာ၏ အကူအညီဖြင့် အဆိုပါ ကစားသမားများကို ချိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။ ယခု အားဖြည့်မှုသည် ဒမ့်ဆေးကိစ္စ ခေါင်းခဲနေရသည့် ဖူလ်ဟမ် မန်နေဂျာ မာတင်ဂျိုးလ် အတွက် အသက် ရှူချောင်စရာ ဖြစ်လာသည်။ နယ်သာလန် ထိပ်သီးများ ဖြစ်သည့် PSV အင်ဒိုဗန်နှင့် အေဂျက်စ်အမ်စတာဒမ်၊ ရုရှားမှ သူကြွယ်အသင်း အန်ဇီးတို့က အလားအလာ ကောင်းမွန်သော အဆိုပါ လူငယ်များကို စိတ်ဝင်စား လာချိန်တွင် ဂျိုးလ်က ခြေသွက်လက်သွက် လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။

အသက်(၂၁)နှစ်ရှိ နာဆင်းသည် (၂၀၁၂)ခုနှစ်၊ ဥရောပ ဖလားတွင် နယ်သာလန်ကို ကိုယ်စားပြုခွင့် ရမည်ဟု ထင်ကြေးပေး ခံနေရပြီး တောက်ပသော အနာဂတ်ထံ ဦးတည်နေသူ ဖြစ်သည်။ အသက်(၂၃)နှစ်ရှိ အေဆိုင်ဒီမှာ မော်ရိုကို လက်ရွေးစင် တစ်ဦးဖြစ်ပြီး နယ်သာလန် နိုင်ငံကူး လက်မှတ်ကိုလည်း ကိုင်ဆောင်ထားသည်။
Ref: The Sun
ကစားသမား နှစ်ဦးလုံးကို ဖူလ်ဟမ်က ပုဂ္ဂိုလ်ရေး ဆွေးနွေးမှုများ ပြုလုပ်နေပြီး ဟီရန်ဗင်း အသင်းကလည်း တောင်ပံကစားသမား နှစ်ဦးအတွက် ပြောင်းရွှေ့ကြေးကို လက်ခံထားကြောင်း သိရ...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )