22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, May 9, 2012

မားဗီးလားကို ခေါ်ယူရန် အာဆင်နယ် အကြို သဘော တူညီမှု ရရှိထားကြောင်း သတင်းများ ထွက်ပေါ်

အာဆင်နယ် အသင်းသည် ရိန်းစ်အသင်း ကွင်းလယ်လူ ယန်းမားဗီးလားကို ခေါ်ယူရန် အကြို သဘော တူညီမှု ရရှိထားပြီဟု သတင်းများ ထွက်ပေါ် လာခဲ့သည်။

ပြင်သစ် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမားသည် ရာသီကုန်တွင် ပြင်သစ် ကလပ်မှ ထွက်ခွာရန် ဆုံးဖြတ်ပြီး ဖြစ်သည်။ အာဆင်နယ် အသင်း မန်နေဂျာ အာစင်ဝင်းဂါးသည် ယခုအခါ မားဗီးလားကို ပေါင်စတာလင် (၁၇)သန်းဖြင့် ခေါ်ယူရန် ရိန်းစ်နှင့် နှုတ်ကတိ ရရှိထားကြောင်း သတင်းများက ဆိုသည်။ အသက်(၂၁)နှစ်ရှိ မားဗီးလားကို အာဆင်နယ်က လွန်ခဲ့သည့် တစ်နှစ်အတွင်း နီးနီးစပ်စပ် စောင့်ကြည့် လေ့လာ နေခဲ့သည်။ မားဗီးလားသည် အင်တာမီလန်နှင့် ဆွေးနွေး ပြောဆိုမှုများ ရှိခဲ့သော်လည်း အာဆင်နယ်သို့ ပြောင်းရွှေ့ရန်သာ စိတ်အား ထက်သန်လျှက် ရှိနေသည်။
အာဆင်နယ်သို့ ရောက်ရှိလာဖွယ် ရှိသည့် မားဗီးလား

အာဆင်နယ်သည် ဘောလုံးရာသီ မကုန်မီကတည်းက ကိုလုံးအသင်း တိုက်စစ်မှူး လူးကက်စ် ပိုဒေါ့စကီးကို ခြေမြန်လက်မြန် ခေါ်ယူထားပြီးဖြစ်ကာ ဘလက်ဘန်းရိုဗာမှ ဂျူနီယာဟွိုင်လတ်၊ ဖူလ်ဟမ်မှ ခရစ်ဒမ့်ဆေး၊ အေဂျက်စ် အမ်စတာဒမ်မှာ ဂျန်ဗာတိုဂန်တို့ကိုလည်း ချိတ်ဆက်နေဆဲ ဖြစ်သည်။ မားဗီးလား၏ အနာဂတ်သည် ယခုအချိန်ထိ တိတိကျကျ အဖြေ ထွက်မလာသေးသော်လည်း အာဆင်နယ် အသင်းမှ တာဝန် ရှိသူများက ၎င်းကို စာချုပ်နိုင်မည်ဟု ယုံကြည်ချက် မြင့်မြင့်မားမား ရှိနေသည်။ အာဆင်နယ်သည် နောက်ထပ်ပစ်မှတ် အဖြစ် အလွတ် ပြောင်းရွှေ့ကြေးဖြင့် စာချုပ်နိုင်မည့် ဟွိုင်လတ်ကို ကြိုးစား နေသော်လည်း ၎င်းကို ဘိုင်ယန်မြူးနစ်နှင့် အိုလံပစ် မာဆေးလ်တို့ကလည်း အပြိုင် ကြိုးစားနေကြောင်း သိရှိရသည်။
Ref: Daily Mail
အာဆင်နယ် အသင်း မန်နေဂျာ အာစင်ဝင်းဂါးသည် ယခုအခါ မားဗီးလားကို ပေါင်စတာလင် (၁၇)သန်းဖြင့် ခေါ်ယူရန် ရိန်းစ်နှင့် နှုတ်ကတိ ရရှိထားကြောင်း သတင်းများက ဆို...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )