22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, May 9, 2012

FAဖလား ရှုံးကြွေးကို လက်ငင်း ပြန်ဆပ်သည့် လီဗာပူးလ် ~ လီဗာပူးလ် ၄ - ၁ ချယ်လ်ဆီး

လီဗာပူးလ် အသင်းသည် အိမ်ကွင်း အန်းဖီးလ်တွင် ချယ်လ်ဆီးအား ဂိုးပြတ် အနိုင်ယူကာ (၃)ရက်အတွင်း FA ဖလား ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့သည်။

ပရီးမီးယားလိဂ် ပွဲကျန်အဖြစ် နှစ်သင်း တွေ့ဆုံရာတွင် လီဗာပူးလ်သည် အန်ဒီကာရိုးလ်၊ လူးဝစ်ဆွာရက်ဇ်၊ မက်ဇီရိုဒရီဂွတ်ဇ်၊ ဂျွန်ဂျိုရှယ်လ်ဗီ၊ ဂျော်ဒန်ဟန်ဒါဆင်၊ စတီးဝပ်ဒေါင်းနင်း၊ ဒန်နီရယ်လ် အဂ္ဂါ၊ ဂျေမီကာရေဂါ၊ မာတင်စကာတယ်လ်၊ ဂလင်းဂျွန်ဆင်၊ ပီပီရေနာ တို့ကို ပွဲထုတ် ခင်းကျင်းခဲ့သည်။ ချယ်လ်ဆီးမှာမူ အဓိက ကစားသမား အချို့ကို အနားပေးထားပြီး ဖာနန်ဒိုတောရက်စ်၊ ဒန်နီရယ်လ်စတားရစ်ဂ်ျ၊ ဖလော်ရင့် မာလူဒါ၊ ရာမီရက်စ်၊ အိုရီရော်လ် ရိုမီယူ၊ မိုက်ကယ် အက်ဆီယန်၊ ရိုင်ယန် ဘာထရန်၊ ဂျွန်တယ်ရီ၊ ဘရာနီဆလက်ဗ် အိုင်ဗန်နိုဗစ်၊ ပေါ်လိုဖာရဲရား၊ ရော့စ်တန်ဘူးလ်တို့အား ပွဲထုတ်ကာ လီဗာပူးလ်ကို ရင်ဆိုင်သွားသည်။
သမီးကလေးနှင့် အတူ တွေ့ရသော ဆွာရက်ဇ်

ယခုပွဲတွင် အိမ်ရှင် လီဗာပူးလ်သည် ချယ်လ်ဆီးအပေါ် အချိန် အတော်များများ စိုးမိုးကာ တိုက်စစ်ဆင် ကစားခဲ့သည်။ ပွဲချိန် (၈)မိနစ်တွင် တယ်ရီအား ကျော်ဖြတ် ထိုးဖောက်က ဆွာရက်ဇ် ဂိုးသွင်းရန် ကြိုးစားသော်လည်း လောကြီးသဖြင့် ဂိုးပေါက် လွဲခဲ့သည်။ (၁၆)မိနစ်တွင် မာလူဒါ ကန်တင်ပေးသည့် ထောင့်ကန်ဘောကို ခပ်ပြင်းပြင်း ခေါင်းတိုက် ဂိုးသွင်းရန် ကြိုးစားသော်လည်း ဂိုးဘားတန်း ထိထွက်သွားသည်။ (၁၉)မိနစ်တွင် လီဗာပူးလ်တို့ ဦးဆောင်ဂိုး စရသည်။ ညာခြမ်း တစ်လျှောက် ဆွာရက်ဇ် ဆွဲပြေးကာ ချယ်လ်ဆီး ခံစစ် သမားများကို အကောင်းဆုံး ကျော်ဖြတ်ပြီး ဂိုးရှေ့သို့ ဖြတ်ချိုးပေးသော ဘောလုံးအား လိုက်လံ ပိတ်ဆို့ရင်း အက်ဆီယန်က ကိုယ့်ဂိုးကိုယ် သွင်းမိသွားခဲ့သည်။ (၂၅)မိနစ်တွင် လီဗာပူးလ်တို့ ဒုတိယဂိုး ထပ်သွင်းသည်။ လီဗာပူးလ် ကွင်းလယ်မှ ထိုးပေးသော ဘောလုံးကို တားဆီးရန် ကြိုးစားရင်း တယ်ရီ ချော်လဲနေရာ ဟန်ဒါဆင်က ချယ်လ်ဆီး ဂိုးသမား တန်ဘူးလ်နှင့် တစ်ဦးချင်း အတွေ့တွင် သက်တောင့်သက်သာ ကန်ထည့် သွားခဲ့သည်။ (၂၉)မိနစ်တွင် လီဗာပူးလ်တို့ အနိုင်သေချာသွားစေသော ဂိုးကို ထပ်မံ ရရှိသည်။ ရှယ်လ်ဗီ ကန်တင်ပေးသော ထောင့်ကန်ဘောကို ကာရိုးလ်က ခေါင်းတိုက် ချပေးလိုက်ရာ အဂ္ဂါက လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက် သွင်းယူခဲ့ခြင်း ဖြစ်သည်။ (၄၁)မိနစ်တွင် ဒေါင်းနင်း၏ အဝေးကန်ချက် ဂိုးဘားတန်း ထိထွက် သွားပြန်သည်။ (၄၅)မိနစ်တွင် အိုင်ဗန်နိုဗစ်က ကာရိုးလ်အပေါ် ပြစ်ဒဏ် ကျူးလွန်သဖြင့် လီဗာပူးလ်တို့ ပင်နယ်တီ ကန်ခွင့် ရသော်လည်း ဒေါင်းနင်း၏ ကန်ချက် တိုင်ထိ ထွက်သွားသည်။ ပထမပိုင်း အပြီးတွင် လီဗာပူးလ်က ပွဲကို (၃)ဂိုးပြတ် ဦးဆောင်ခဲ့သည်။

ဒုတိယပိုင်း ပြန်လည်စတင်ပြီးနောက် (၅)မိနစ်တွင် ချယ်လ်ဆီးတို့ တစ်ဂိုးပြန်လည် ချေပသည်။ မာလူဒါ ကန်တင်ပေးသော ပြစ်ဒဏ်ဘောကို လီဗာပူးလ် နောက်တန်း၏ Marking ပိုင်း အားနည်းမှုမှ တစ်ဆင့် ရာမီရက်စ်က ပေါင်ဖြင့် ပိတ်သွင်းခဲ့ခြင်း ဖြစ်သည်။ လီဗာပူးလ်သည် တိုက်စစ် အရှိန်ကို မချဘဲ ချယ်လ်ဆီးကို ဖိအားပေးခဲ့ပြီး (၆၁)မိနစ်တွင် ဂိုးသမား တန်ဘူးလ်၏ အမှားမှ တစ်ဆင့် ချယ်လ်ဆီးတို့ နောက်တစ်ဂိုး လွယ်လွယ်ကူကူ ခွင့်ပြု လိုက်ရပြန်သည်။ ချယ်လ်ဆီး နောက်တန်းက ပြန်ပေးသော ဘောလုံးကို ဖိအားမရှိသော အနေအထားတွင် တန်ဘူးလ် ရှင်းထုတ်ခဲ့သော်လည်း ဘီးကုပ်ထိပ်ရှိ ရှယ်လ်ဗီထံ တည့်တည့်ရောက်သွားရာ လီဗာပူးလ် ကွင်းလယ်လူက အစောင့်အကြပ် မရှိသော ဂိုးပေါက်ထဲ ကန်ထည့်သွားသည်။ (၇၃)မိနစ်တွင် မာလူဒါထံမှ ကောင်းမွန်သော ဖြတ်တင် ပေးပို့မှုကို ချယ်လ်ဆီး လူစားဝင် တိုက်စစ်မှူး ရိုမီလူ လူကာကူ ဂိုးသွင်းရန် ကြိုးစားသော်လည်း ရေနာ ကာကွယ်ခဲ့သည်။ ထို့နောက် နှစ်ဖက်စလုံး ဂိုးထပ်မသွင်းနိုင်ဘဲ လီဗာပူးလ်ကသာ (၄-၁)ဖြင့် အနိုင်ရသွားသည်။

ကွင်းလယ်မှ ထိုးပေးသော ဘောလုံးကို တားဆီးရန် ကြိုးစားရင်း တယ်ရီ ချော်လဲနေရာ ဟန်ဒါဆင်က ချယ်လ်ဆီး ဂိုးသမား တန်ဘူးလ်နှင့် တစ်ဦးချင်း အတွေ့တွင် သက်တောင့်သက်သာ ကန်ထည့်သွား...
ချယ်လ်ဆီးသည် ယခုပွဲ အရေး နိမ့်မှုကြောင့် ချန်ပီယံလိဂ် ၀င်ခွင့်နေရာ အတွက် အမှတ်ပေး ဇယား
အဆင့်(၄)အတွင်း ၀င်ရောက်ရန် မျှော်လင့်ချက်ကို အပြီးအပိုင် လက်လွှတ်လိုက်ရပြီဖြစ်သည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )